Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cho Byeong-kyu
Arthdal Chronicles (2019)[Complete]
Arthdal Chronicles (2019)*************************အပိုင်း (၁ မှ ၁၈) စ/ဆုံး2019ခုနှစ်မှာ tvN channelမှ ထုတ်လွှင့်ခဲ့ပြီး မင်းသားကြီး Jang Dong-Gun၊မင်းသား Song Joong-Ki၊ မင်းသမီး Kim Ji-Won နဲ့ Kim Ok-Bin တို့အဓိကပါဝင်ထားတဲ့ Arthdal Chroniclesဟာ ရှေးခေတ် အာစီဒါလ်ပြည်ထောင်စုကိုအခြေပြုပြီး ဖန်တီးထားတဲ့ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။အွန်းဆောင်းဆိုတဲ့ သွေးနှောကောင်လေးဟာ ကံဆိုးမှုတွေကို ယူဆောင်လာပေးမယ့်ကံကြမ္မာနဲ့ မွေးဖွားလာတာဖြစ်ပြီး သွေးနှောဆိုတဲ့အတိုင်း လူသားတစ်ဝက်နယ်အန်ထာတစ်ဝက်ဖြစ်နေပါတယ်။အွန်းဆောင်းက မွေးကတည်းက မိခင်ဖြစ်သူနဲ့ လူသားတွေရန်ကို ရှောင်ရှားရင်းအီအာရခ် နယ်မြေမှာ ကြီးပြင်းလာခဲ့ရသလို သွေးနှောတွေကို ကြောက်ရွံ့စက်ဆုပ်ကြတဲ့အာစီဒါလ်ပြည်ထောင်စုမှာ ထာဂွန်းဟာ အာစီဒါလ်ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကိုရထားတဲ့ စစ်သည်သူရဲကောင်းဖြစ်နေပေမဲ့လည်း သွေးနှောဖြစ်နေတဲ့အတွက် လျှို့ဝှက်ပြီးနေလာခဲ့ရပါတယ်။ဒါပေမဲ့ တစ်ရက် ထာဂွန်းဟာ အွန်းဆောင်းတို့ ဝါဟန်မျိုးနွယ်စုတွေကို သုံ့ပန်းအဖြစ်ဖမ်းဆောင်းခေါ်ဆောင်သွားရာကနေ အွန်းဆောင်းက ပြန်လိုက်ကယ်ရင်း အွန်းဆောင်းတစ်ယောက်ထာဂွန်းရဲ့ မဟာလျှို့ဝှက်ချက်ကြီးကို သိသွားပါတော့တယ်။မျိုးနွယ်စုတွေရဲ့ အားပြိုင်မှုတွေ ဘာသာရေးအယူသီးမှုတွေစသည်ဖြင့် ...
Arthdal Chronicles (2019)[Complete]
2019
8.5
The Uncanny Counter (2023) Season2
The Uncanny Counter Season 2: Counter Punch (2023)အားလုံးစောင့်မျှော်နေကြတဲ့ မကောင်းဆိုးဝါးအမဲလိုက်ပွဲကြီး ပြန်လာပါပြီ ဒီ S2 မှာ S1 ထက် ပိုကြမ်းမယ့် အပြင် အမိုက်စား Cast အသစ်တွေလည်း ထပ်မံပါဝင်လာမှာဖြစ်ပါတယ် အဓိက မကောင်းဆိုးဝါးနေရာကနေ စွယ်စုံရ သရုပ်ဆောင် Kang Ki-Young နဲ့ ပရိတ်သတ်ကြီးရဲ့ အချစ်တော် AOUAD ထဲက လူဆိုးလေး (ခေါ်) Good Bad Mom ထဲက ငပေါလေး Yoo In-Soo ကပါ ပါဝင်ထားပါတယ်ဇာတ်လမ်းကို ပြန်ညွှန်းရရင် ကမ္ဘာမြေကြီးကို ဖျက်ဆီးပြီး လူတွေကို သတ်ဖြတ်တဲ့ မကောင်းဆိုးဝါးတွေကို ဖမ်းဆီးချုပ်နှောင်ဖို့ နိုင်ငံ့အနှံ့မှာ ဖွဲ့စည်းထားတဲ့ စွမ်းအားရှင် ကောင်တာ အဖွဲ့တွေရှိပါတယ် ဒီထဲမှာမှ စွမ်းအားအမျိုးမျိုးကိုပိုင်ဆိုင်ထားပြီး အပြင်းအထန်လေ့ကျင့်ရင်း အခက်အခဲတွေကို ရင်ဆိုင်သွားကြမယ့် ကိုရီးယားခေါက်ဆွဲဆိုင်အဖွဲ့... အရင် S 1 မှာ ကောင်တာတွေရဲ့ ...
8.5
TMDb:
8.5/10
98 votes
tv
The Uncanny Counter (2023) Season2
2023
The Uncanny Counter(2020)
The Uncanny Counter(2020) အညွှန်း**********************************အပိုင်းသစ်(၁ မှ ၁၆ ထိ)စ/ဆုံး=Complete Zip=ငယ်ဘ၀တုန်းက ကားအက်စီးဒင့်ကြောင့် ဘယ်ဘက်ခြေထောက် မသန်မစွမ်းဖြစ်ခဲ့ရပြီး ထူးခြားတဲ့ခွန်အားပိုင်ဆိုင်ထားတဲ့ So Moonလွန်ခဲ့တဲ့ ၇ နှစ်က ကားအက်စီးဒင့်ကြောင့် အတိတ်မေ့နေခဲ့သူ ရဲအရာရှိဟောင်း Ga Mon Takအသားချင်းထိလိုက်တာနဲ့ လူတစ်ယောက်ရဲ့ စိတ်ကို ဖတ်နိုင်ပြီး အဝေးကနေလာနေတဲ့ ရန်သူကိုတောင် အာရုံခံနိုင်စွမ်းရှိတဲ့ မိန်းကလေး Do Ha Naစားဖိုမှူး မိန်းကလေး Chu Mae Ok နဲ့ အဖွဲ့ရဲ့ ငွေရေးကြေးရေးကို စီမံခန့်ခွဲတဲ့ Choi Jang Mool တို့ ဖွဲ့စည်းထားတဲ့အဖွဲ့နာမည်ကတော့ "Counter"ဒီလိုအများနဲ့မတူတဲ့ ခေါက်ဆွဲဆိုင်လေးမှာ သူမတူတဲ့စွမ်းအားပိုင်ဆိုင်တဲ့ အလုပ်သမားငါးယောက်စုဝေးနေကြတယ်။ဒီလိုစွမ်းအားတွေကို အသုံးချပြီး မကောင်းမှုပြုလုပ်တဲ့ လူဆိုးတွေကို လိုက်ဖမ်းကြမှာဖြစ်ပါတယ်။သူတို့ရဲ့ စွမ်းအားတွေကိုဘယ်လိုအသုံးချပြီး လူဆိုးတွေကိုဖမ်းကြမလဲ သူတို့ရဲ့ ကံကြမ္မာကရော ဘယ်လိုဖြစ်မလဲဆိုတာကို Channel Myanmar ကနေ အပါတ်စဉ် စနေ တနင်္ဂနွေညတိုင်းမှာ ...
The Uncanny Counter(2020)
2020
8.2
SKY Castle (2018)
Sky Castle (2018) Penthouse လို အလောင်ဇာတ်ကားမျိုးကိုမှ သဘောကျလှပါတယ်ဆိုတဲ့သူတွေအတွက် လောင်ပြီးရင်းလောင်ရမယ့် Sky Castle (2018) ကို CM မှ တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားထဲမှာဆိုရင်တော့ သားသမီးတွေအတွက် အဆိပ်တစ်ခွက်လိုဖြစ်စေတဲ့ မိဘတွေရဲ့လောဘအကြောင်းနဲ့ ပိုက်ဆံတွေကျိကျိတက်ချမ်းသာနေရင်တောင် စိတ်ချမ်းသာမှုကိုတော့ ငွေပေးဝယ်လို့မရဘူးဆိုတဲ့အကြောင်းတွေကို မီးမောင်းထိုးရိုက်ကူးပြထားတာပါ။"ရလေလိုလေ အိုတစ္ဆေ" ဖြစ်တတ်ကြတဲ့ လူသားတွေရဲ့လောဘတွေ၊ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်ယှဉ်ပြိုင်မှုတွေ၊ မိမိရဲ့အတ္တနဲ့လောဘကိုပဲ ရှေ့တန်းတင်ကြတဲ့သူတွေ...စတဲ့ လောကကြီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းတွေကို အသေအချာရိုက်ကူးပြထားတဲ့အပြင် Rating ကြီးကလည်း ရှယ်ပဲမို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ကားတစ်ကားပါပဲ။Casts တွေအနေနဲ့လည်း yum Jung-Ah, Kim Hye-Yoon, Yoon Se-Ah, Kim Seo-Hyung နဲ့ Oh Na-Ra တို့လို ရှယ်တွေချည်းပါဝင်ထားတာမို့ ကြည့်ရှုရတာ လုံးဝတန်စေမှာပါနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe Thet Winn, Lai Laii, Joyz, Milkeux, Thantsin ...
8.2
TMDb:
8.2/10
35 votes
tv
SKY Castle (2018)
2018
8.7
Hot Stove League (2019)
Hot Stove League (2019)ဇာတ်လမ်းတွဲအညွှန်း***************************************အပိုင်းသစ်(၁၆) ဇတ်သိမ်းDreams ဆိုတဲ့ဘေ့စ်ဘောအသင်းဟာ ရာသီဆက်နီးပါ အမှတ်ပေးဇယားအောက်ခြေကနေရုန်းမထွက်နိုင်ဘူး...ပရိတ်သတ်တွေရဲ့စိတ်ပျက်လက်ပျက်ဖြစ်မှုဟာ နေ့စဉ်နဲ့အမျှတိုးပွားနေတယ်....ပြောရရင် Dream အသင်းဟာအဘက်ဘက်က ယိုယွင်းနေပါတယ်...ပိုင်ရှင်သူဌေးကလည်း အမြတ်နည်းလှတဲ့အသင်းကို သံယော်ဇဉ်မရှိလှသလိုနည်းပြအဖွဲ့တွေကစလို့ ဟိုးအောက်ခြေကစားသမားတွေအထိ အဖွဲ့တွေကွဲပြားနေလို့အသင်းအခြေအနေဟာ ဟိုးအောက်ခြေကနေမတက်တော့တဲ့အနေအထားပါ....ဒီရာသီမှာတော့ ပရိတ်သတ်တွေရဲ့သီးခံနိုင်မှုကုန်ဆုံးလာသလို အထွေထွေမန်နေဂျာကိုယ်တိုင်လည်း နှုတ်ထွက်သွားပါတယ်....ဒါ့ကြောင့် နောက်ရာသီအတွက်ပြင်ဆင်ဖို့ Dreams အသင်းဟာ အရည်အချင်းရှိတဲ့ မန်နေဂျာတစ်ယောက်ခေါ်ဖို့စတင်ကြိုးစားပါတယ်....သူဌေးနဲ့စီမံရေးမန်နေဂျာတို့ဟာ လာရောက်အင်တာဗျူးတဲ့အထဲကမှ အကြိုက်ဆုံး(၂)ယောက်ကိုရွေးထုတ်ထားတယ်... ဘေ့စ်ဘောအကြောင်းလုံးဝမသိဘဲ အရင်က လက်ပစ်ဘောအထွေထွေမန်နေဂျာနဲ့တခြားအသင်းအချိို့မှာအလုပ်လုပ်ဖူးတဲ့ သူတစ်ယောက်နဲ့တောင် အင်တာဗျူးမှာရန်ဖြစ်ခဲ့ပါသေးတယ်....နောက်တစ်နေ့မှာတော့စီမံရေးဌာနကတောင်မသိဘဲ ပိုင်ရှင်သူဌေးကိုယ်တိုင်က ဘေ့စ်ဘောအကြောင်းလုံးဝမသိတဲ့အင်တာဗျူးမှာပြဿနာဖြစ်ခဲ့တဲ့သူကို အထွေထွေမန်နေဂျာအဖြစ်ခန့်အပ်လိုက်သတဲ့...နည်းပြအဖွဲ့အကွဲအလွဲတွေ၊လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းချို့တဲ့မှုတွေ၊တန်းဆင်းဇုံကအသင်းမို့ ကစားသမားကောင်းမလာချင်ငွေမသုံးနိုင်တဲ့အနေအထားတွေ၊ ကင်းထောက်အဖွဲ့တွေကစားသမားသင်းကွဲတွေနဲ့ဘေ့စ်ဘောအကြောင်းမသိတဲ့အထွေထွေမန်နေဂျာတုိ့ ဆုံတွေ့ကြတဲ့အခါမှာတော့....ဒီစီးရီးက ဘေ့စ်ဘော အားကစားနဲ့ဆိုင်တဲ့စီးရီးမို့အတော်များများက ကြည့်ဖို့လက်ရှောက်ကြပါတယ်...ဒါပေမဲ့ အပိုင်းတစ်ဆုံးအောင်ကြည့်လိုက်တာနဲ့ဆက်တိုက်ကြည့်ချင်သွားတယ်...အဓိကသရုပ်ဆောင်မင်းသား Nam Goong Min နဲ့ လိုက်ဖက်တာကြောင့်လည်းပါမယ်ထင်တယ်..တစ်လျှောက်လုံး အပြုံးအရယ်လုံးဝမရှိပဲ ခပ်ထေ့ထေ့ မျက်ဝန်းတစ်ခုထဲနဲ့ ဇာတ်ကားတစ်ကားလုံးကိုသူမွှေနှောက်သွားတာ....အလန်းဆုံးကတော့ Plot Twistတွေပဲ...ဘာဆက်လုပ်မယ်ကို မှန်းမရတာ...အကွက်ကြီးတွေက အလန်းကြီးဟ လို့ ထရေရွတ်မိအောင် အခန်းတိုင်းလုပ်နိုင်တယ်...မကြည့်ရသေးတဲ့သူတွေကြည့်ပါ..အခေါက်ခေါက်အခါခါပြန်ကြည့်ချင်တဲ့စီးရီးထဲမှာလုံးဝပါပါတယ်..အနှစ်ချုပ်ရရင်တော့ နင်းကန်ကောင်းလို့နင်းကန်ဒေါင်းကြပါ...ကြည့်ပြီးသားသူတွေတော့ စပွိုင်လာမန့်မျိုးတွေရှောင်ပေးကြပါခင်ဗျ.,,အားလုံးကို ...
8.7
TMDb:
8.7/10
7 votes
tv
Hot Stove League (2019)
2019
7.7
Money Flower(2017) [Complete]
Money Flower(2017)အညွှန်း***************************အပိုင်း( ၁ မှ ၂၄) ထိ စ/ဆုံးညီအစ်ကို(၂)ယောက်ဟာကျောင်းသားဝတ်စုံ လူငယ်တစ်ယောက်နဲ့ရုန်းရင်းဆန်ခတ်ြဖစ်နေတယ်...အဲ့ဒီမှာ ကျောင်းသားဝတ်စုံနဲ့လူငယ်က အကိုဖြစ်သူကို ဓားနဲ့ထိုးမိသွားတယ်...ရဲစခန်းကိုရောက်သွားတယ်...ရဲတွေကအကိုြဖစ်သူကို ဓားနဲ့ထိုးတာဘယ်သူလဲမေးတော့ အကိုဖြစ်သူရဲ့အဖြေကအံအားသင့်စရာကောင်းလှတယ်...သူ့ညီကိုလက်ညှိုးထိုးပြီးတော့ သူထိုးတာပါတဲ့...ညီဖြစ်သူထောင်ကျသွားတယ်...ပျော့စိစိနဲ့ ညီဖြစ်သူအားဒီအဖြစ်အပျက်ကိုမယုံနိုင်ဘူး....ညီအကိုအရင်းကိုလက်ညှိုးပြန်ထိုးပြီး ထောင်ထဲပို့ရလောက်အောင် ဘယ်အရာတွေကများအကိုဖြစ်သူရဲ့စိတ်ကိုလှည့်ဖျားစေတတ်တာလဲ...နောက်မှသိလိုက်ရတာက ကျောင်းဝတ်စုံနဲ့လူငယ်ဟာ ကိုးရီးယားအင်အားကြီးစီးပွားရေးအင်ပါယာတစ်ခုဖြစ်တဲ့ချောင်းအာအုပ်စုရဲ့သားတစ်ယောက်ဖြစ်နေတာပဲ... ဘယ်လိုဘဝကိုမဆိုချနင်းနိုင်တဲ့အစွမ်းဟာ ငွေနဲ့ အာဏာဆိုတာကိုညီဖြစ်တဲ့ ကောင်လေးဟာသဘောပေါက်သွားတယ်....အဲ့ဒီနောက်တော့ သူဟာ ဘယ်လိုရည်ရွယ်ချက်တွေရှိမှန်းမသိပေမယ့်ချောင်းအာဂရုရဲ့ သားဖြစ်သူဆီမှာ ထောင်ကထွက်ပြီးနောက်ပိုင်း ဒူးထောက်ရင်း သူ့ကို သူငယ်ချင်းဖြစ်ခွင့်ပေးဖို့တောင်းဆိုရင်းဒီအသိုင်းအဝန်းထဲကို ဝင်ဖို့ကြိုးစားပါတော့တယ်....ဒီစီးရီးဟာ ဇာတ်အိမ်ကျယ်လွန်းလှသလို အပိုင်း(၁)မှာထဲက ဇာတ်ကောင်အလိုက် စရိုက်တစ်ခုချင်းဆီကိုခပ်သွက်သွက်ခင်းတယ်....ပြီးတော့ အဓိကမင်းသားဖြစ်သူရဲ့ရည်ရွယ်ချက်ဟာ အတော်ကြီးတယ်ဆိုတာကိုတဖြည်းဖြည်းပြထားတယ်...သူဟာ သိပ်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားနေသလိုငွေနဲ့အာဏာကို လိုသလို အကွေ့ေ၇ွှ့နိုင်ဖို့ ကစားနည်းမျိုးစုံ ကစားဖို့ စနစ်တကျစီစဉ်နေတာကိုလည်းတွေ့ရတယ်...နိုင်ငံရေးနဲ့ဆိုင်တဲ့ကိစ္စတွေပါသလို လူပေါ်လူဇော်နည်းမျိုးစုံ....ကိုယ်အဆင်ပြေစေဖို့ တစ်ခြားသူတစ်ယောက်ရဲ့ဘဝကို နင်းချေဖို့ဝန်မလေးတဲ့သူတွေမျိုးစုံနဲ့မို့ ဒီဇာတ်လမ်းတွဲဟာ မိသားစုလိုက် Stay Home နေရင်းကြည့်ပြီးဆွေးနွေးလို့ကောင်းတဲ့ဇာတ်လမ်းတွဲမျိုး..ဉာဏ်ကစားတဲ့ မြေခွေးပေါင်းစုံရဲ့ အခင်းအကျင်းတွေကိုကြည့်ရတာ မပျင်းမရိနဲ့ ဆွဲဆောင်အားတစ်မျိုးကောင်းလှတယ်.....မင်းသားကနာမည်ကြီးJang Hyuk ဖြစ်သလို မင်းသမီးဖြစ်တဲ့ Park Se-youngကလည်း ...
7.7
TMDb:
7.7/10
10 votes
tv
Money Flower(2017) [Complete]
2017