Channel Myanmar

Cheng Guo

The Princess Royal (2024)
The Princess Royal (2024) ဒီကားလေးဟာ မော့ရှူပိုင်ရဲ့ နာမည်ကြီးဝတ္ထုတစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့ Youku S++ ဇာတ်လမ်းဖြစ်တာမို့ပြင်ဆင်ချိန်မှာတင် နှစ်နှစ်ကြာခဲ့ပြီး The Empress Of Chinaဒါရိုက်တာကြီး ကောင်းယိကျွင်းရိုက်ကူးတာဆိုတော့အားလုံးမျှော်လင့်နေရတဲ့ကားပေါ့…ပျိုတိုင်းကြိုက်တဲ့ကျန်းလင်ဟယ်နဲ့ ကျောက်ကျင်းမိုင်လို ကလေးသရုပ်ဆောင်မင်းသမီးချောလေးဆိုမှတော့ ရူပါအရ လိုက်ဖက်နေပြီပဲ…ဇာတ်လမ်းအကျဉ်းလေးကတော့ တရှပြည်ထောင်ရဲ့ မင်းသမီးကြီးလီရုံနဲ့ဝန်ကြီးချုပ် ဖေဝိန်ရွှမ်းတိုဟာ တိုင်းပြည်အရေးရှေးရှုပြီး ထိမ်းမြားခဲ့ရပေမယ့်နှစ်ဦးကြားမှာ အချစ်မရှိဘဲ ပေါင်းဖက်ခဲ့ရာကနေ အထင်လွဲမှုလေးတွေ စုပြီးတစ်ဦးကိုတစ်ဦး သေစေခဲ့မိကြပါတယ်…"ငါသေရရင် ဖေဝိန်ရွှမ်းလည်းအသက်မရှင်စေရဘူး"ဆိုတဲ့ အမျက်ကြီးသူ လီရုံ"ရုံအာ အခွင့်အရေးသာရှိခဲ့ရင် မာနနဲ့သိက္ခာတရားကိုခဝါချပြီးမင်းကိုပိုတန်ဖိုးထားပါ့မယ်" ဆိုတဲ့ အချစ်ကို အသိနှောင်းခဲ့သူဖေဝိန်ရွှမ်းအချစ်ကံခေခဲ့ကြသူ နှစ်ဦးကို ကံတရားကြီးကနောက်တစ်ကြိမ်ပြန်လည်မွေးဖွားခွင့်ပေးခဲ့ပါတယ်ဒီလိုမဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ သမက်တော်ရွေးရမယ့်အချိန်ကို ပြန်ရောက်သွားခဲ့တာပေါ့ဖူးစာလူးလာရင် ဒူးကာမရဆိုတဲ့ စကားလေးအတိုင်းပဲအခုတစ်ခေါက်လည်း လီရုံဟာ အဆင့်ရှစ်အမတ်လေးဖေဝိန်ရွှမ်းကိုပဲ သမက်တော်အဖြစ် ရွေးခဲ့ရပြန်တယ်ပြန်မွေးဖွားပြီးချိန်မှာတော့ အရင်က ဘာကြောင့်သေခဲ့ရတာလဲဘယ်သူ့ကြောင့်လည်း အတူဖော်ထုတ်ကြရင်း သံယောဇဉ်ကြိုးတွေရစ်ပတ်လာပါတယ်တစ်ချိန်က ရန်သူတော် နှစ်ပါး အချစ်တွေဘယ်လိုတွေ တိုးပွါးလာမယ်…ဖေဝိန်ရွှမ်းတစ်ယောက် ဘယ်လိုသာမန်အဆင့်ရှစ်အမတ်ရာထူးကနေ အမတ်ချုပ်အဆင့်ကို တိုးသွားမယ်…ဖင်ယွဲမင်းသမီးလေးလီရုံကရော အာဏာဘယ်လိုတည်ဆောက်သွားမယ်…တိုင်းရေးပြည်ရေးကျားကွက်ပေါ်မှာ ဘယ်လိုမျိုး ...

The Princess Royal (2024)

2024