Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chandan Roy
7.9
Panchayat (2020-2023)
Panchayat (2020)"ရွာပျော်" ==========================၂၀၂၀ ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး ပရိသတ်အင်အားအတော်အသင့်တောင့်တင်းပြီး ရိတ်တင် 8အကျော်ထိတောင်ရခဲ့တဲ့ Amazon Prime ရဲ့ ဟင်ဒီစကားပြော ဟာသဒရာမာဇာတ်လမ်းတွဲလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Amazon Prime ကထုတ်တဲ့ အိန္ဒိယဇာတ်လမ်းတွဲတွေ များသောအားဖြင့် ဇာတ်လမ်းဇာတ်အိမ် တင်ဆက်ပုံတွေ တော်တော်လေးကောင်းမွန်တာကို အားလုံးလဲသိပြီးသားဖြစ်မယ်ထင်ပါတယ်။ဇာတ်လမ်းကတော့ အာဘီရှက်ဆိုတဲ့ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ဟာ သူရတဲ့ဘွဲ့နဲ့ အလုပ်ရှာလို့မရတဲ့အတွက် MBA ဘွဲ့ယူဖို့ကြိုးစားနေသူပါ။MBA လျှောက်တဲ့အခါ အင်တာဗျူးတွေမှာ လုပ်ငန်းအတွေ့အကြုံရှိကြောင်းပြောနိုင်ဖို့အတွက် အာဘီရှက်ဟာ တွေ့တဲ့အလုပ်ကိုလျှောက်ရင်း မြို့ပြနဲ့ အင်မတန်ဝေးတဲ့ရွာတစ်ရွာမှာ ကျေးရွာကောင်စီရဲ့အတွင်းရေးမှူးအဖြစ် အလုပ်ရသွားခဲ့ပါတယ်။အဲဒီရွာကို ရောက်ရောက်ချင်းမှာပဲ ကဂျီကဂျောင်ကိစ္စတွေကို ကြုံတွေ့ခဲ့ရပြီး ပေါ်လာတဲ့ပြဿနာတွေကို သူ့ရဲ့ ဉာဏ်စွမ်းနဲ့ဖြေရှင်းရင်းနဲ့တဖြည်းဖြည်းနဲ့ ရွာသားတစ်ပိုင်းဖြစ်လာပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာ ဟာသနှောပြီး ပေါ့ပေါ့ပါးပါးမြင်တွေ့ရမှာပါ။Panchayat ဇာတ်လမ်းတွဲဟာ လက်ရှိမှာ အတွဲသုံးတွဲထိ ထွက်ထားပြီး CMပရိတ်သတ်ကြီးတွေ အားပေးမှုများပါက ကျန်၂တွဲကိုလဲ ဆက်လက်တင်ဆက်သွားမှာပါဖြစ်ပါတယ်...။ဒီဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ "ကိုတင့်တို့ရပ်ကွပ်"ဆိုတဲ့ဟာသကာတွန်းလေးကိုတောင် ပြန်အမှတ်ရမိသွားကြောင်း ထပ်တိုးညွှန်းရင်း တင်ဆက်ပေးလိုက်ပါတယ်(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 800MB(Appx;)@EpisodeQuality – 1080p WEB ...
7.9
TMDb:
7.9/10
73 votes
tv
Panchayat (2020-2023)
2020
5
Shehar Lakhot (2023) Complete
Shehar Lakhot 2023 (8eps)(function(f,b,n,j,x,e){})();အခုတစ်ခါ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်တာကတော့ အပိုင်းရှစ်ပိုင်းပါ Drama Crime စီးရီးကောင်းလေးတစ်ခုပါပဲဘောလီးဝုဒ်တို့ထုံးစံအတိုင်း ဇာတ်အိမ်မခိုင်မာမှာ သရုပ်ဆောင်မကောင်းမှာတော့ ပူစရာမလိုပါဘူး အပိုင်းတစ်ကစ ဇာတ်သိမ်းထိလျှိုကွက် မြှပ်ကွက်ပေါင်းများစွာ သပွတ်အူကြီးကို ပြေသွားအောင် ကိုယ်တိုင်ကြည့်ရှုခံစားကြရမှာပါပဲဒေ့ဗ်က လာခိုးသ်မြို့ဇာတိပါ အမှုတစ်ခုနဲ့ထောင်ကျပြီးတော့ ခုတော့ဇာတိမြို့ရဲ့အဝေးမှာ လူမိုက်လိုလိုဘာလိုလို အလုပ်လုပ်နေတာပါ သူ့ဆရာက အလုပ်ကိစ္စတစ်ခုနဲ့ လာခိုးသ်မြို့ကို ပြန်လွှတ်လိုက်တဲ့အခါမှာတော့ ဒေ့ဗ်ရဲ့ မိသားစုဟောင်းတွေ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆက်ဆံရဖို့ဖြစ်လာပြီး သူ့အတိတ်ကကိစ္စတွေက ဘာတွေဖြစ်ခဲ့တာလဲ အခုရောဘာတွေဆက်ဖြစ်မှာလဲဆိုတာ ပရိသတ်ကြီးတို့ ကြည့်ရှုခံစားရမှာပါပဲ..... အရှုပ်တွေများပြီး ရှင်းအောင် ဇာတ်အိမ်ဇာတ်ကွက်ကောင်းကောင်းနဲ့ ဖြေပြထားတာမို့ ပရိသတ်ကြီးတို့ ခံစားကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပါပဲ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)File Size – 1GB / 500MB (Appx;) @EpisodeQuality – 1080p ...
5
TMDb:
5/10
2 votes
tv
Shehar Lakhot (2023) Complete
2023
7.3
Choona (2023)
Choona 2023 (IMDb 6.3/10)ယခုတင်ဆက်ပေးမှာကတော့ netflix ကနေပူပူနွေးနွေးထွက်ရှိလာတဲ့ crime-comedy စီးရီးလေးပဲဖြစ်ပါတယ်ဒီထဲက အဓိကဆရာကြီးကတော့ ကုလားစနေမောင်မောင်ဗားရှင်းလို့ ပြောရမဲ့ နိုင်ငံရေးသမား ရှူကလာပဲဖြစ်ပါတယ် သူ့ရဲ့ထူးခြားချက်ကို ဗေဒင်ကိန်းခန်းနက္ခတ်တွေကို အရမ်းယုံပြီး လူသတ်ရင်တောင် နက္ခက်ကိုက်မှသတ်တဲ့ နိုင်ငံရေးသမား လူဆိုးကြီးဖြစ်ပါတယ်ဘောလီးဝုဒ်နိုင်ငံရေးသမားတို့ရဲ့ထုံးစံအတိုင်း ဟိုမဲဆွယ်ဒီမဲဆွယ် ဟိုမင်းသားနဲ့ငြိ ဒီမင်းသားနဲ့ငြိနဲ့ အကုန်လုံးကို အနိုင်ပတ်ကျင့်ပြီးတဲ့နောက်မှာ ဆရာကြီးကို ကြည့်မရတဲ့လူတစ်သိုက်စုပြီး ဆရာကြီးရဲ့ ပိုင်ဆိုင်သမျှထဲ တန်ဖိုးအများဆုံးပမာဏကို ဝိုင်းခိုးဖို့ အကွက်ချပါတော့တယ်အဲ့တော့ ocean eleven လို သူခိုးတသိုက်နဲ့ လူဆိုးကြီးစနေမောင်မောင်(ခေတ္တအိန္ဒိယ) ဗားရှင်းပေါ့ဗျာ ဇာတ်လမ်းလဲကောင်းသလို ဟာသပါတယ်ဆိုပေမဲ့ ပေါမနေပဲ အတည်နောက်ထားတာကြောင့် အားလုံးပဲ သူခိုးကားလေးလဲကြည့်ရ ဗေဒင်လေးလဲကြုံတုန်းတွက်ရတာမို့ လက်မနှေးကြဖို့ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )File Size – 800MB ...
7.3
TMDb:
7.3/10
3 votes
tv
Choona (2023)
2023
Jaanbaaz Hindustan Ke (2023)
Jaanbaaz Hindustan Ke (2023)IMDb-7.3/10အိန္ဒိယမှုခင်းကားတွေကြိုက်တဲ့ပရိသတ်ကြီးအတွက် မှုခင်းစီးရီးကောင်းလေးတစ်လှည့်တင်ဆက်ပေးချင်ပါတယ် အိန္ဒိယကားဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ချိတ်ဆက်ပုံ တရားခံနဲ့ရဲနဲ့ဉာဏ်ချင်းပြိုင်ကြပုံတွေက အကွက်စေ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တဲ့အပြင် အလုပ်နဲ့မိသားစုရေးရာစတဲ့ ဒရမ်မာတွေပါဖြည့်စွက်တင်ပြထားတာမို့ ရသစုံစွာနဲ့ မပျင်းမရိကြည့်ရှုကြရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ ကာဗီရာအိုင်ယာဆိုတဲ့ ရဲစွမ်းသတ္တိနဲ့ပြည့်၀တဲ့ရဲမေဟာ မစ်ရှင်တွေ စစ်ဆင်ရေးတွေတိုင်းလိုလိုအောင်မြင်ခဲ့သူပါ သူကအလုပ်မှာစိတ်ရောကိုယ်ပါနစ်မြှုပ်ထားလို့ အိမ်ထောင်ရေးပါပြိုကွဲရသည်ထိဖြစ်ခဲ့ပါတယ် ဘယ်လောက်ထိတောင်နှစ်မြှုပ်ထားသလဲဆိုရင် လင်မယားစကားများနေရင်းတောင် အလုပ်အကြောင်းသတိရပြီးထလုပ်တတ်သူပါတစ်နေ့သူဟာအရေးကြီးအမှုတစ်ခုကို ကိုင်တွယ်ရင်း မထင်မှတ်ပဲလွဲချော်သွားပြီး ပြည်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့အသက်ဆုံးရှုံးခဲ့ရပါတယ် အမျိုးသမီးတွေရဲ့ စံပြ ရဲဂုဏ်ဆောင် စီလွန်ကျားမလို့ နာမည်ရခဲ့ဖူးတဲ့ ကာဗီရာကို ဒီဖြစ်ရပ်ကြောင့် အားလုံးကိုရွံ့မုန်းကုန်ကြပါတော့တယ် ဒီလောက်ထိတော်တဲ့ရဲက ဘယ်လိုအမှုမို့ ကျရှုံးသွားရတာလဲ အသွေးထဲအသားထဲက ရဲအလုပ်ကိုချစ်မြတ်နိုးနေတဲ့သူဟာ အလျှော့တော့ပေးမှာမဟုတ်ပါဘူး သူဘယ်လိုရင်ဆိုင်ကျော်လွှားဖော်ထုတ်မလဲ တစ်ပိုင်းပြီးတစ်ပိုင်းဆက်တိုက်ကြည့်ချင်လောက်အောင် ဆွဲဆောင်မယ့်ကားဖြစ်ပါတယ်Quality : 1080p AAC5.1CH / 720pTotal Episodes : 8EpsFormat : mp4Genres :Action & Adventure, DramaDuration : 35minSubtitle : Myanmar Subtitle ( Hardsub )Translated by BpL ~ Yunni ~ Sai Thu Rein~ Nyein AyeEncoded by ...
Jaanbaaz Hindustan Ke (2023)
2023