Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Arya
4.6
The Village (2023)
The Village 2023 ရွာပျက်ကြီးရဲ့ဒဏ္ဍာရီ IMDb -5.3/10တစ်ခါလာလည်း တစ်ယောက်နဲ့အယောက် ၁၀၀ ချ တစ်ခါလာလည်း သီချင်းလေးဆိုပြီးကနေတဲ့ ဘောလိဝုဒ်ကားတွေ ငြီးငွေ့လှပါပြီဆိုတဲ့ CM ပရိသတ်တို့ တစ်ခါကြည့်မိ တစ်သက်စွဲငြိသွားမယ့် Horror Thriller စီးရီးလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ အိန္ဒိယရဲ့ ပထမဆုံး graphic novelကို အခြေခံပြီး ရိုက်ကူးထားတဲ့စီးရီးလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ |အဝေးပြေးလမ်းမကြီးရဲ့ဘေးနားလေးမှာ လူမသိသူမသိ စွန့်ပစ်ရွာလေးတစ်ရွာဖြစ်တဲ့ကတ်တီရယ်ရွာလေး၊ အမြန်လမ်းမကြီးရဲ့ လမ်းအခွဲလေးတစ်ခုဘေးမှာဖြစ်တာကြောင့် လူသူအရောက်အပေါက်နည်းတယ်လို့သာ အပြင်လူတွေက သိထားကြပေမဲ့ ရွာနီးစပ်ချုပ်ကလူတွေကတော့ နာမည်ကြားရုံနဲ့တင် ဖိန့်ဖိန့်တုန်အောင် ကြောက်ကြပါသတဲ့။အကြောင်းကတော့ ဒီရွာမှာ သရဲတစ္တေတွေကျက်စားတယ်ဆိုတဲ့သတင်းစကားနဲ့အတူ ရွာပျက်ကြီးဟာ အဝင်ရှိပေမဲ့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူမရှိလို့ပါပဲ။ ဒေါက်တာဂေါ်သမ်တစ်ယောက် သမီးလေးနဲ့မိန်းမကိုခေါ်ပြီး ချန်နိုင်းကိုသွားဖို့ အဝေးပြေးလမ်းကနေ ကားနဲ့ထွက်လာတာပေါ့။ ဖြစ်ချင်တော့ လမ်းမှာကားမှောက်ထားလို့ ရဲမှုရဲခင်းစစ်ဆေးနေတာနဲ့ကြုံပြီး လမ်းပိတ်တာနဲ့တိုးပါတော့တယ်။ အမှုစစ်တာကြာဦးမှာကို မစောင့်ချင်တဲ့ဒေါက်တာဂေါ်သမ်တစ်ယောက် သူ့ဘဝအတွက် အိပ်မက်ဆိုးဖြစ်လာမယ့်ဆုံးဖြတ်ချက်ကိုချပြီး ကတ်တီရယ်ရွာကိုဖြတ်သွားရတဲ့ လမ်းခွဲကနေ ချန်နိုင်းကိုခရီးဆက်ဖို့လုပ်ပါတော့တယ်။ လမ်းကသံချောင်းတွေကြောင့် ကားဘီးပေါက်သွားတော့ ဂေါ်သမ်တစ်ယောက် မိန်းမနဲ့သမီးလေးကို ကားပေါ်ထားခဲ့ပြီး အကူအညီတောင်းဖို့ ...
4.6
TMDb:
4.6/10
8 votes
tv
The Village (2023)
2023