Channel Myanmar

Antoinette Crowe-Legacy

Godfather of Harlem (2019) 8.1
Godfather of Harlem (2019)  လူ 2 သိန်း rating မှာ 8.1 အထိ ratingကောင်းခဲ့တဲ့ Godfather of Harlemဇာတ်လမ်းတွဲ...2007 ခုမှာ မင်းသားကြီး Denzel Washingtonရိုက်ခဲ့တဲ့ American gangsterရုပ်ရှင်ရဲ့ အရှေ့ကအဖြစ်ပျက်ဇာတ်လမ်းတွဲလို့ပြောလို့ရပါတယ် မာတင်လူသာကင်းရဲ့ I have a dream မိန့်ခွန်းတွေ သမ္မတကန်နေဒီရဲ့ လုပ်ကြံခံရမှု ဗီယက်နမ်စစ်ပွဲ နယူးယောက်က လူဖြူလူမည်းကြားကခွဲခြားဆက်ဆံမှုနဲ့ အစိုးရကို အိတ်ကပ်ထဲထည့်ပြီး လက်ဝါးကြီးအုပ်နေတဲ့ လူမိုက်ဂိုဏ်းကြီးတွေ.. စသည်ဖြင့် အမေရိကန် 1960 ကာလက သမိုင်းတစ်ခေတ်ကို ရိုက်ကူးထားတဲ့ လက်ရာမြောက်ဇာတ်လမ်းတွဲဖြစ်ပါတယ်မင်းသားကြီး Forest Whitaker , Daredevilထဲက villain ကြီး Kingpin , breaking bad ထဲက villain ကြီး Giancarlo စတဲ့ မင်းသားကြီးတွေရဲ့ godfather စတိုင် လူမိုက်ကြီးတွေရဲ့အားပြိုင်မှုက်ုကြည့်ရမှာဖြစ်ပါတယ် ...ဇာတ်လမ်းတွဲကောင်းတွေရှားနေတဲ့အချိန်မှာ ...
8.1
TMDb: 8.1/10 527 votes
tv

Godfather of Harlem (2019)

2019
Kindred (2022) 5.8
Kindred (2022) Kindred (2022) ============ IMDb Rating - 7.2/10တစ်ခါတစ်ရံမှာ လောကကြီးက သိပ္ပံနည်းကျ အဖြေရှာမရတဲ့ ပုစ္ဆာတွေနဲ့ ထူးဆန်းမှုတွေ ပြည့်နှက်နေတတ်တာကို ကျွန်တော်တို့ လက်မခံချင်လည်း လက်ခံရပါလိမ့်မယ်။ ဖေ့စ်ဘွတ်ခ်ပေါ် တက် လာတဲ့ ထူးဆန်းထွေလာ ဗီဒီယိုတချို့ကို မြင်ဖူးကြမှာပါ။ လူတွေ ပုံမှန်အတိုင်း လမ်းလျှောက်သွားလာနေရင်းနဲ့ ရုတ်တရက်ကြီး ပျောက်ဆုံးသွားတဲ့ ဗီဒီယိုမျိုးတွေပေါ့။ အခုအချိန်ထိလည်း ဘယ်သူမှ အဖြေမရှာနိုင်ကြသေးသလို ပျောက်ဆုံးသွားတဲ့သူတွေ ဘယ်ကို ရောက်ကုန်ကြလဲဆိုတာလည်း မသိရသေးပါဘူး။ ဒီဇာတ်လမ်းရဲ့ အစ ကတော့ ဒီလို ရုတ်ချည်းပျောက်ဆုံးမှုတချို့ကနေ စတင်လာခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်း .....….................. ဒေနာ ဆိုတဲ့ လူမည်းစာရေးဆရာမလေးတစ်ယောက်က ငယ်ငယ် ကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရပြီး အဘွားဖြစ်သူနဲ့ နေထိုင် လာရတဲ့သူပါ။ တစ်ရက်မှာတော့ အဘွားဆုံးပြီးနောက် အမွေရခဲ့တဲ့ ဘရောင်းစတုန်းန်အိမ်ကြီးကို ရောင်းချပြီး လော့စ်အိန်ဂျလိစ်ကို ဘယ် သူမှ အသိမပေးဘဲ ပြောင်းရွှေ့လာခဲ့ပါတယ်။ အယ်လ်အေက အိမ်ကို ပြောင်းရွှေ့ပြီးမှာပဲ ဒေနာတစ်ယောက် ညဘက်အိပ်နေရင်း လမ်းထ လျှောက်သလိုမျိုး‌တွေဖြစ်ပြီး ရုတ်တရက် ပျောက်ဆုံးမှုတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။သူမဟာ အိမ်ထဲကနေ ပျောက်ဆုံးသွားတိုင်း မေရီလန်းဒ်လို့ခေါ်တဲ့ ၁၈ ရာစုနှစ်က တိုင်းပြည်တစ်ခုမှာ သွားပြီးရောက်ရှိနေခဲ့တာပါ။ ...
5.8
TMDb: 5.8/10 6 votes
tv

Kindred (2022)

2022