Channel Myanmar

Ally Maki

Marvel’s Hit-Monkey (2021) S1 + S2 8.4
Marvel’s Hit-Monkey (2021) S1 + S2 Marvel's Hit-Monkey (2021)====================IMDb Rating - 8.4/10Hulu ကနေ မာဗယ်ကာတွန်းတစ်ခုကို တင်ဆက်လိုက်ပါတယ်။ စုစုပေါင်း ဆယ်ပိုင်းပါဝင်ပါတယ်။ ဇာတ်လမ်းကတော့ခေါင်းစဉ်အတိုင်းပါပဲ။ မျောက်လူသတ်သမားပါ။ဆရာမျောက်ဟာ အစတုန်းကတော့ တောအုပ်ကြီးထဲက မျောက်အုပ်ထဲက ဉာဏ်ကောင်းတဲ့ မျောက်တစ်ကောင်သက်သက်ပါပဲ။ဒါပေမဲ့ သူတို့ဆီကို သေနတ်ဒဏ်ရာနဲ့ရောက်လာတဲ့ အရမ်းတော်တဲ့ ကြေးစားလူသတ်သမားကို ကယ်တင်လိုက်မိပြီးနောက်မှာသူ့ဆီကနေ အတိုက်အခိုက်အသတ်အဖြတ် ပညာတွေ ရလာပါတယ်။ လူသတ်သမားနောက်ကို လိုက်သတ်လာတဲ့ လူတစ်စုကြောင့်သူ့ရဲ့ ဆွေမျိုးမျောက်တွေအကုန်သေပြီး လူသတ်သမားလည်း သေသွားတဲ့အခါ ဒီတာဝန်ကိုခိုင်းလိုက်တဲ့လူတွေကို ရေဆုံးမြေဆုံးကလဲ့စားချေဖို့ သေနတ်တွေဓားတွေကို ဆွဲပြီး ထွက်လာပါတော့တယ်။ မာဗယ်ကာတွန်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရုပ်ထွက်ကောင်းကောင်းနဲ့အထာကျကျ ရိုက်ကူးထားတာမို့ အတော်လေးကြည့်လို့ကောင်းမှာ သေချာပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး . ဘာသာပြန်ရေးသားပေးသူကတော့  CM Team မှဖြစ်ပါတယ်။)  Season 2 File size…(367 MB)/(211 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:27:00 Genre...Action, Adventure, Animation  Subtitle….Myanmar Subtitle ...
8.4
TMDb: 8.4/10 1200 votes
tv

Marvel’s Hit-Monkey (2021) S1 + S2

2021
The Big Door Prize (2023) 5.907
The Big Door Prize (2023) The Big Door Prize (2023)ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Comedy, Drama, Sci-Fi အမျိုးအစား ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Dusty က မြို့ငယ်လေးတစ်မြို့မှာ ဇနီးရယ် သမီးရယ်နဲ့အတူ ကျောင်းဆရာအလုပ်လုပ်ရင်း သမားရိုးကျဘဝတစ်ခုကို ဖြတ်သန်းနေတဲ့သူပါ။ သူအသက် ၄၀ ပြည့်တဲ့နေ့မှာပဲ မြို့ငယ်လေးက စတိုင်းဆိုင်မှာ MORPHO ဆိုတဲ့ လူတွေရဲ့ ဘဝအနာဂတ်ကို ခန့်မှန်းပေးနိုင်တဲ့ စက်တစ်လုံး ပေါ်လာခဲ့ပါတယ်။ အရင်းအမြစ်သေချာမသိရတဲ့ အဲဒီစက်အကြောင်းက မြို့ငယ်လေးမှာ ရေပန်းစားလာပြီး စတိုးဆိုင်မှာလည်း စက်ကိုစမ်းသုံးကြည့်ချင်တဲ့လူတွေ တန်းစီနေပါတယ်။ စက်ကထုတ်ပေးတဲ့ ဟောပြောချက်ကတ်တွေကြောင့် လူတော်တော်များများကလည်း သူတို့ရဲ့လျှို့ဝှက်ထားတဲ့ ရည်မှန်းချက်တွေကို စက်ကသိနေပြီးတော့ သူတို့ကို လမ်းပြပေးနေတယ်လို့ လက်ခံလာပြီး ဘဝအပြောင်းအလဲတွေလုပ်ဖို့ စိတ်အားထက်သန်လာကြပါတယ်။ Dusty ကတော့ စက်တစ်လုံးက အနာဂတ်ကိုပြောင်းလဲမပေးနိုင်ဘူးလို့ လက်ခံထားပေမယ့် လူတော်တော်များများက အဲဒီအကြောင်းပဲပြောနေကြတော့ အဲဒီကိစ္စကို ခေါင်းထဲကထုတ်မရဖြစ်လာတာကြောင့် တစ်ညမှာ စတိုင်းဆိုင်ကိုသွားပြီး စက်ကို စမ်းသုံးကြည့်လိုက်တဲ့အခါ သူ့အနာဂတ်က ဘာဖြစ်လာမလဲ၊ ဘာတွေပြောင်းလဲသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ...
5.907
TMDb: 5.907/10 27 votes
tv

The Big Door Prize (2023)

2023