Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alice Englert
Exposure (2024)
Exposure (2024)IMDb - 5.9/10CM ရဲ့ အင်္ဂလိပ်စီးရီးပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမယ့် စီးရီးလေးကတော့ အသစ်စက်စက်ထွက်ရှိထားတဲ့ Exposure ဆိုတဲ့ မီနီစီးရီးလေးပဲဖြစ်ပါတယ်။ဓာတ်ပုံပြိုင်ပွဲအထိပါ ဆုရထားတဲ့ တက်သစ်စဓာတ်ပုံဆရာမလေးဂျက်စ်ဟာ ငယ်သူငယ်ချင်းရဲ့နာရေးသတင်းကြောင့် မွေးရပ်မြေမြို့လေးကို ပြန်လာခဲ့ပါတယ်။ ရိုးရှင်းတဲ့မြို့ငယ်လေးဖြစ်တာမို့ သူငယ်ချင်းဖြစ်သူရဲ့ သေဆုံးမှုဟာလည်း သာမာန်ဆန်တဲ့နာရေးတစ်ခုအနေနဲ့ပဲ ပြီးမြောက်သွားခဲ့ပါတယ်။မပြီးမြောက်နိုင်တာတော့ ဂျက်စ်ပါပဲ။ ဘာရယ်မဟုတ် အတိတ်ကအမှတ်တရတွေကို လိုက်တူးဆွမိရင်း သူငယ်ချင်းဖြစ်သူရဲ့ဖုန်းထဲက ထူးဆန်းတဲ့လူတစ်ယောက်ကို လိုက်စုံစမ်းမိလာပါတော့တယ်။ ဒီသေဆုံးမှုဟာ ခပ်မှိုင်းမှိုင်းမြို့ငယ်လေးက ခပ်ရိုးရိုးသေဆုံးမှုလား... ဒါမှမဟုတ် မြှုပ်ကွက်များရှိနေမလား၊ ဂျက်စ်တစ်ယောက် သူလိုချင်တဲ့အဖြေရသွားမလား ဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါစီးမြောကြည့်ရှုလိုက်ပါဦး။ ခပ်မှိုင်းမှိုင်း Cinematography ၊ ခပ်လေးလေးနောက်ခံတီးလုံးနဲ့ ခပ်အေးအေး plot အသွားကြောင့် ခုလိုမိုးအေးအေးနဲ့ကြည့်လို့တော့ အကိုက်ဆုံးစီးရီးလေးလို့ ညွှန်းပါရစေ။အညွှန်းနဲ့ဘာသာပြန်ကတော့ CM မှ Aditi, Sai Sumali, Zwe Yan, Alexia နဲ့ V တို့မှ ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။File Size – 600MB (Appx;)@EpisodeQuality – 1080p WEB DLDuration ...
Exposure (2024)
2024
7.4
Dangerous Liaisons (2022)
Dangerous Liaisons (2022)1782 မှာ Les Liaisons Dangereuses (Dangerous Liaisons) ဆိုတဲ့ ပြင်သစ်ဝတ္ထုထွက်ခဲ့ပါတယ်။ ဘယ်လိုဇာတ်လမ်းလဲဆိုရင်တော့ ခေတ်စကားနဲ့ပြောရရင် Battle of the exes လို့ပြောရမှာပါပဲ။ ပြင်သစ် အထက်တန်းလွှာက ပြတ်ဆဲသွားတဲ့ exနှစ်ယောက်အားပြိုင်မှုပေါ့။ သူတို့ကြားက မပြတ်တပြတ်အချစ်တွေ မပြင်းတပြင်းအမုန်းတွေနဲ့ ရမ္မက်တွေ အားပြိုင်တဲ့ကစားပွဲမှာ ဘေးကရှိသမျှလူတွေပါ နယ်ရုပ်တွေလိုအသုံးချခံရတဲ့... မာယာတွေလှည့်စားမှုတွေညှို့ငင်မှုတွေကြီးစိုးတဲ့ ဇာတ်လမ်းမျိုး။Dangerous Liaisons ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေပြဇာတ်တွေလဲ အများကြီးထွက်ခဲ့ပါသေးတယ်။ အဲထဲက တစ်ကားကတော့ လူငယ်တွေနဲ့ရင်းနှီးပြီးသား Cruel Intentions ပါ။ အခုဒီ seriesကိုတော့ ဝတ္ထုရဲ့ Prequel လို့ခေါ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီ စီးရီးမှာ သူတို့ရဲ့အထက်တန်းလွှာမရောက်ခင်ကအခြေအနေ၊ သူတို့ဘယ်လိုချစ်သူတွေဘာဖြစ်ခဲ့တယ်၊ ဘာလို့ဒီလောက်အငြှိုးတွေသံယောဇဥ်တွေကြီးနေရလဲဆိုတာတွေကနေ စတင်ကြည့်ရှူရမှာပါ။ Period Drama တွေရဲ့ထုံးစံအတိုင်း ဒိုင်ယာလော့ခ်လှလှလေးတွေရယ် ခမ်းနားထည်ဝါတဲ့အပြင်အဆင်တွေရယ်အပြင် ပြင်သစ်တော်လှန်ရေးမတိုင်ခင်ခေတ်က လူကုံထံအသိုင်းအဝိုင်းရဲ့ခမ်းနားမှုပျက်ယွင်းမှုတွေကိုမြင်ရဦးမယ့်ဇာတ်လမ်းကောင်းပါပဲ။ Review Page တစ်ခုရဲ့ရေးသားချက်ကိုမှီငြမ်းပြောရရင် ဒီစီးရီးက Game of Throne ကို ပိုးဖဲဝတ်စုံတွေဝတ်ပေးထားပြီး ဓားတွေအစားစကားလုံးတွေနဲ့ လူတွေအစားသိက္ခာတွေကိုသတ်ကြမယ့် တိုက်ပွဲတစ်ခုပါပဲ။အပတ်စည် ...
7.4
TMDb:
7.4/10
7 votes
tv
Dangerous Liaisons (2022)
2022
7.518
Jonathan Strange & Mr Norrell ( 2015 ) Season 1[Complete]
Jonathan Strange & Mr Norrell=========================ဟိုးရှေးရှေး ၁၉ရာစုနှစ်က အင်္ဂလန်မှာ မှော်ပညာဟာတဖြည်းဖြည်းဆုတ်ယုတ်လာတာ ရာစုနှစ်၃ခုစာရှိသွားသတဲ့ကွယ်။ မှော်ပညာသာ ဆုတ်ယုတ်လာပေမဲ့ယော့ခ်ရှိုင်းယားမှာတော့ မှော်ဆရာအဖွဲ့အစည်းကတော့ရှိနေဆဲပါ။ မှော်ဆရာလို့ အမည်ခံထားကြပေမဲ့နက္ခတ္တဗေဒပညာရှင်ဟာ ကြယ်ကို မတီထွင်သလိုသူတို့မှော်ဆရာတွေဟာလည်း မှော်အတတ်ကိုမပြုလုပ်ဘဲ မှော်စာအုပ်တွေလေ့လာရုံ၊ ရေးသားရုံနဲ့မှော်ဆရာအဖြစ်ခံယူထားကြပါတယ်။ ဒါပေမဲ့ဟောစာတမ်းတစ်ခုက ကြိုတင်နိမိတ်ဖတ်ခဲ့တာကတော့အင်္ဂလန်ရဲ့ မှော်လောကကို ပြန်လည်သွတ်သွင်းဖို့ ထူးချွန်တဲ့အစွမ်းရှိမှော်ဆရာနှစ်ယောက် ပေါ်ထွန်းလာပါလိမ့်မယ်တဲ့။ထိုနှစ်ယောက်ကတော့ မှော်ဆရာMr.Norrellနဲ့ ချမ်းသာပြီးဘာကိုမှမလေးမထားဘဲ မိန်းမယူဖို့သာ စိတ်အားထက်သန်နေတဲ့လူချောလေး Jonathanတို့ပဲ ဖြစ်ပါတယ်။ဒီလိုနိမိတ်ဖတ်ထားတဲ့ လူနှစ်ယောက်ဟာ ဘယ်လိုထူးချွန်တဲ့မှော်ဆရာတွေဖြစ်လာမလဲ။ အင်္ဂလန်ရဲ့အတော်ဆုံးမှော်ဆရာဖြစ်ဖို့ဘယ်လိုယှဉ်ပြိုင်မှုတွေ ပြုလုပ်ကြမလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦးနော်။ Episodes : 7File Size : ( 1.20 GB) ,( 421 MB )Quality : BluRay 1080p,720PGenres: Drama, Sci-fi & FantasyTranslated by JANE , Mayphoo-PoneEncoded ...
7.518
TMDb:
7.518/10
114 votes
tv
Jonathan Strange & Mr Norrell ( 2015 ) Season 1[Complete]
2015