Channel Myanmar

Alanna Bale

Little Bird (2023) 7.9
Little Bird (2023) Little Bird (2023) ============= IMDb Rating - 7.9/10ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်။ ပျောက်ဆုံးနေတဲ့ မိသားစုဝင် တွေကို ရှာဖွေတဲ့ ဇာတ်လမ်းလေးပေါ့။ ဒါပေမဲ့ ဘာကြောင့်ပျောက်ဆုံး ခဲ့ရလဲဆိုတာကို သိလိုက်ရရင် အင်မတန်မှ ကြေကွဲစရာကောင်းရလိမ့်မယ်။ကနေဒါနိုင်ငံမှာ ၁၉၆၀-၁၉၈၀ ကြား ကာလတွေတုန်းက အစိုးရပေါ်လစီ တစ်ရပ်ရှိခဲ့ပါတယ်။ နိုင်ငံသားစစ်စစ်တွေကိုပဲ နေခွင့်ပြုပြီး တိုင်းရင်းသား၊ သွေးနှောကလေးတွေကို သူတို့ရဲ့မိသားစုတွေဆီကနေ အမေးအမြန်းမရှိ ဖယ်ရှားပစ်သတဲ့။ ဒီတော့ တိုင်းရင်းသားကလေးငယ်လေးတွေ ရှိတဲ့ မိသား စုတွေအနေနဲ့ တောတွင်းတစ်နေရာမှာ ပုန်းရှောင်လို့ နေခဲ့ကြရပါတယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ Little Bird မိသားစုကို ရဲတွေက ရှာတွေ့သွား ခဲ့ပြီး ကလေးငယ်လေး(၄)ယောက်လုံးကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။ အဲဒီကလေးတွေထဲက ဘက်ဇစ် ဆိုတဲ့ ကောင်မလေးတစ်ယောက်ကတော့ တခြားနယ်မြေတစ်ခုက မိသားစုတစ်ခုဆီ မွေးစားခံလိုက်ရပြီး ကောင်းကောင်း လူလားမြောက်ခဲ့ရပါတယ်။သူအရွယ်ရောက်လာလို့ စေ့စပ်တော့မဲ့ အချိန်မှာတော့ သူ့ရဲ့ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေကို ရှာဖွေတဲ့ ဒီဇာတ်လမ်းလေး စတင်လာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းကို ရေးပေးနေတုန်းမှာ ကျွန်တော့်အတွေးအာရုံထဲ ရောက်လာ နေတာကတော့ ဝိုင်းစုခိုင်သိန်းရဲ့ ဟိုတုန်းကအိမ် ဆိုတဲ့ သီချင်းလေးပါပဲ။"ကလေးဘဝက တို့တွေပျော်ဖူးတဲ့အိမ်... ဒီအချိန်အနေဝေးပြီ... ဟိုးတုန်းက ...
7.9
TMDb: 7.9/10 1562 votes
tv

Little Bird (2023)

2023