Channel Myanmar

New releases (2025)

Content at random


TV Series

Romance in the House (2024)
Romance in the House (2024) Romance in the House (2024)******************************အပိုင်းသစ် (၉) ဒီတစ်ခေါက်မှာတော့ ဝါရင့်မင်းသား မင်းသမီးတွေဖြစ်တဲ့ Ji Jin-hee, Kim Jee-s00,Son Na-eun၊ Choi Min-ho တို့နဲ့ အတူ အခြားဇာတ်ပို့ဇာတ်ရံများစွာပါဝင်ထားတဲ့မိသားစုကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း..Byeon Mu-Jin နဲ့ တို့ Geum Ye-Yeon တို့ဟာ လက်ထပ်ပြီး သားသမီးနှစ်ယောက်ဖွားမြင်ခဲ့ပေမဲ့လက်ထပ်ပြီးနောက် ဘာစီးပွားရေးလုပ်လုပ် မအောင်မြင်တဲ့ ခင်ပွန်းဖြစ်သူ Mu-Jin ကိုYe-Yeon တို့ သားအမိတွေဟာ စိတ်ပျက်ပြီး စွန့်ပစ်ခဲ့ကြပါတယ်။ဒီလိုနဲ့ ၁၁နှစ်အကြာ သားသမီးတွေကလည်း အရွယ်ရောက်လာပြီး သမီးအကြီးဖြစ်သူကတော့Shopping Mall တစ်ခုရဲ့ MD အဖြစ်နဲ့လုပ်ကိုင်ကာ မိသားစုရဲ့ စားဝတ်နေရေးကို ရှေ့ကနေ ဦးဆောင်ပြီးမိခင်ဖြစ်သူ မှီခိုအားထားနိုင်ဖို့အတွက် ကြိုးစားနေတဲ့သူဖြစ်လာသလောက် သားဖြစ်သူကတော့အဖေတူသားပီပီ အခုထိကို မိသားစုအတွက် ပြဿနာတွေ ရှာကောင်းဆဲပါ။အဲဒီလိုနဲ့ တစ်နေ့မှာတော့ Mu-Jin ဟာ အေးချမ်းနေတဲ့ Ye-Yeon တို့သားအမိတွေရှေ့ကို ...

Romance in the House (2024)

2024
Bad-Memory Eraser (2024)
Bad-Memory Eraser (2024) Bad-Memory Eraser (2024) ************************** အပိုင်းသစ် (၁၂)စိတ်ရောဂါခံစားနေရတဲ့လူနာလေးနဲ့ စိတ်ရောဂါအထူးကုဆရာဝန်မလေးတို့ရဲ့ ချစ်ဇာတ်လမ်းတစ်ပုဒ်တင်းနစ်အားကစားမှာ အလားအလာရှိတဲ့ကစားသမားတစ်ဦးဖြစ်တဲ့ အီဂွန်အမည်ရတဲ့ ကောင်လေးဟာမထင်မှတ်တဲ့ ဦးခေါင်းပိုင်းဆိုင်ရာ မတော်တဆမှုတစ်ခုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ဘဝကို ယုံကြည်ချက်မဲ့စွာ လျှောက်လှမ်းနေခဲ့ရသူပါ.....ဦးနောက်ပိုင်းဆိုင်ရာရောဂါများကို သုတေသနပြုလုပ်နေတဲ့ စိတ်ရောဂါအထူးကုဆရာဝန်မလေး ဂယောင်းဂျူယွန်းကတော့အီဂွန်ကို တာဝန်ယူကုသပေးနေရတဲ့သူပေါ့......တစ်နေ့မှာတော့ အီဂွန်တစ်ယောက် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကြောင့် ပိုဆိုးလာတဲ့အခြေအနေကိုဆရာမဝန်မလေးဂျူယွန်း မြင်တွေ့ရချိန်မှာ“ဦးနှောက်ကနေ မှတ်ဉာဏ်ဆိုး”တွေကို ဖျောက်ပစ်လို့ရတဲ့အကြောင်း သုတေသနပြုလုပ်ဖို့ဖြစ်လာခဲ့ပါတယ်ဒီသုတေသနရဲ့ဆောင်ရွက်ချက်အရ အီဂွန်တစ်ယောက်ဟာ ပြင်းထန်တဲ့စိတ်ဝေဒနာခံစားနေရတဲ့အဖြစ်ကနေတက်ကြွလန်းဆန်းပြီး မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝတဲ့ယောက်ျားအသွင်အဖြစ် ပြောင်းလဲသွားခဲ့ရုံသာမကဆရာဝန်မလေးဂျူယွန်းကို သူ့ရဲ့အချစ်ဦးဆိုပြီး အထင်မှားပါတော့တယ်.....ဒီလိုနဲ့ အီဂွန်တစ်ယောက် သူ့မှတ်ဉာဏ်ဆိုးကို ပြန်မှတ်မိလာမလားမှတ်မိလာတဲ့နောက်ပိုင်းရော ဆရာဝန်မလေးနဲ့ဆက်ဆံရေး ဘယ်လိုဖြစ်သွားမလဲဆိုတာကိုချစ်ကြည်နူးဖွယ်ရာ Romance များစွာနဲ့ ခံစားကြည့်ရှုရမယ့်ကားလေးတစ်ကားဖြစ်ပါတယ်စိတ်ဝေဒနာခံစားနေရတဲ့ အီဂွန်အဖြစ် TVXQ အဖွဲဝင် idol actor Kim Jae-Joong နဲ့ဆရာဝန်မလေး ဂျူယွန်းအဖြစ် Born Again ထဲက မင်းသမီး Jin Se-Yun တိုအပါအဝင်Lee Jong-Won ၊ Yang Hye-Ji ...

Bad-Memory Eraser (2024)

2024
Happy End (2021) Complete 6.577
Happy End (2021) Complete Happy End (2021) စီးရီးဟာ ရုရှား Adult ပညာပေးစီးရီးတစ်ခုဖြစ်ပြီး အပိုင်း (၈) ပိုင်းထုတ်လွှင့်ခဲ့ပါတယ်။ ရုရှားဆိုတဲ့အတိုင်း အဖော်အချွတ်တွေကို လိုအပ်သလိုအသုံးပြုထားတာကြောင့် မိသားစုနဲ့ကြည့်လို့မရတဲ့စီးရီးလဲဖြစ်ပါတယ်။တွေ့ကရာယောက်ျားနဲ့ပလူး၊ ငွေပေးရင် ငါ့ရဲ့ တစ်ညတာလင်လို့သက်မှတ်ကြသူ ပြည့်တန်ဆာတွေရဲ့နှလုံးသားက အခေါင်းပေါက်သက်သက်ပဲလား။ အသွေးအသားဈေးကွက်ကို ဖော်ထုတ်အမြတ်ယူ၊ မိန်းမလှလေးတွေ အပျိုရည်ပျက်မှ ထမင်းစားရတဲ့သူဌေးမင်းကြီးကို လူကြီးလူကောင်းလို့ပြောကြတဲ့ လူကုံတံအသိုင်းအဝန်းဆိုတာလည်းရှိရဲ့။မိန်းမတစ်ယောက်ဟာ သူ့မိန်းမလိင်အင်္ဂါဇာတ်နဲ့ ငွေကြေးယူ အသက်မွေးခြင်းက လူ့အသိုင်းအဝန်းမှာ ရှက်ဖွယ်လိလိ အော့နှလုံးနာစရာဖြစ်ပေမဲ့လို့ အချိန်တန် သူ့ပေါင်ကြားထဲဝင် အာသာနဲ့တဏှာကိုဖြေဖျောက်ကြတဲ့ အတောင်နှစ်ဆယ်ဝတ်မင်းယောက်ျားတွေဟာလည်း ရှက်စရာလို့ တွေးကြသူတွေ နည်းပါးလှပါတယ်။တစ်ချိန်က ရုရှားတို့ပြည်မှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရှိသတဲ့။ သူက webcam လို့ခေါ်တဲ့ ကင်မရာရှေ့မှာ လူလုံးပြ၊ ငွေကြေးနဲ့ ပြန်လှန်လဲလှယ်လို့ရတဲ့ တိုကင်လေးတွေများများပေးတဲ့သူရှိရင် သူ့အကြိုက်လိုက်ပြီး ဖော်ပြ၊ ပွတ်ပြ၊ ကုန်းပြရတဲ့သူလေး။ ကင်မရာမင်းသမီးလေးပေါ့။ဒီတော့ မိန်းမလှလေးတွေကို ပိုက်ဆံပေးပြီး ကိုယ်ခိုင်းတာလုပ်ပြနေတာကို တီဗီကနေ ကြည့်ရတာသဘောကျတဲ့၊ အတွေ့ထက် အငွေ့ကို ပိုသဘောကျတဲ့ လူကြီးမင်းတွေရှိနေသရွေ့တော့ ကင်မရာမင်းသမီးလေးတွေဟာ ဝင်ငွေကောင်းတယ်။ တကယ်ကြီး လိင်ဆက်ဆံစရာမလိုဘဲ ပိုက်ဆံရတဲ့သူလေးတွေ။ ...
6.577
TMDb: 6.577/10 26 votes
tv

Happy End (2021) Complete

2021
Melody of Golden Age (2024)
Melody of Golden Age (2024) ယန်မိသားစုရဲ့ ကိုယ်လုပ်တော်မှ မွေးတဲ့သမီးဖြစ်သူ Yan Xing ကို ငယ်စဥ်ကတည်းက တရားရေးရာဌာနရဲ့ ခေါင်းဆောင်စုံစမ်းစစ်ဆေးရေးမှူးက စုံစမ်းစစ်ဆေးရေးပညာတွေနဲ့ သက်သေအထောက်အထားတွေကြားက ပုန်းကွယ်နေတဲ့အဖြေတွေကို ဘယ်လိုဖော်ထုတ်ရမလဲဆိုတဲ့ အရည်အချင်းတွေကိုသင်ကြားပေးထားတာကြောင့် Yan Xing အရွယ်ရောက်လာတဲ့အခါ တရားရေးရာဌာနရဲ့ အမျိုးသမီးအရာရှိတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ ဧကရာဇ်မင်းမြတ်မှ Yan အိမ်တော်က သမီးဖြစ်သူနဲ့ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲခေါင်းဆောင် Shen Du ကို ထိမ်းမြားဖို အမိန့်ချမှတ်ခဲ့ပေမဲ့ သတိုသမီးဖြစ်သူ Yan အိမ်တော်မှ တရားဝင်သမီးက ထွက်ပြေးသွားတဲ့အခါ Yan Xing က လူစားဝင်ပြီး လက်ထပ်ဖို ဖြစ်လာခဲ့ပါတယ်နန်းမြိုတော်မှာပေါ်ပေါက်လာတဲ့ လျှိဝှက်ဆန်းကြယ်တဲ့မှုခင်းတွေကို Yan Xing နဲ့ Shen Du တို လက်တွဲဖြေရှင်းရင်း မတည့်အတူနေ သူတို ၂ ယောက်ကြားထဲမှာရော ချစ်ခြင်းမေတ္တာတွေ ဘယ်လိုပေါက်ဖွားလာပြီး တစ်ယောက်ကိုတစ်ယောက်ဘယ်လိုဖေးမကြမှာလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာ အားပေးကြပါဦး==================================Quality : WEB-DL 720p, 1080p Total Episodes : 40 Format : mp4 Genres : Historical, Mystery, Romance, Drama Runtime : 25 ...

Melody of Golden Age (2024)

2024
DNA Lover (2024)
DNA Lover (2024) DNA Lover (2024)******************အပိုင်းသစ် (၇) "ကိုယ်နဲ့ ပြီးပြည့်စုံစွာလိုက်ဖက်ညီတဲ့ လက်တွဲဖော်ကို DNA Lover လို့ခေါ်တယ်တဲ့"ရှင်းယွန်းဝူဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ထားတဲ့ ဆရာဝန်တစ်‌ယောက်ဖြစ်ပြီးဥစ္စာပေါ ရုပ်ချော မိန်းမပျိုလေးတွေရဲ့အသည်းကို လှုပ်ခက်စေရာမှာ ဆရာကျပြီးရည်းစားပေါင်းများစွာလည်းထားဖူးခဲ့ပေမဲ့လည်း ဘယ်တော့မှ မမြဲတဲ့သူပါ။တစ်ဖက်မှာလည်း ဟန်ဆိုဂျင်ဟာ မျိုးရိုးဗီဇစင်တာတစ်ခုမှာ သုတေသီအဖြစ်လုပ်ကိုင်နေပြီး မိမိနှင့် DNA အရလိုက်ဖက်ညီမဲ့ လက်တွဲဖော်ကိုရှာဖွေနေတဲ့သူလေးပါ။စတွေ့ထဲက အလွဲလေးတွေနဲ့ပဲစတင်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ကံကြမ္မာလှို့ဝှက်ချက်ကိုDNA စစ်ဆေးချက်တွေနှင့်တကွ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို ကြည့်ရူခံစားရမဲ့အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပြီး Super Junior မှ Choi Si-won၊ Waikiki မှJung In-sun အပြင် Lee Tae-hwanနှင့် Jung Eugene တို့ကိုပါ တွေ့မြင်ရမှာမို့ပေါ့ပေါ့ပါးပါး ရယ်ချင်တဲ့သူတွေအတွက် ကားကောင်းဆန်းဆန်းလေးဖြစ်မှာအသေအချာပဲမလို့ စောင့်ကြည့်လိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ KhinNi မှ ရေးသား‌ထားပါတယ်။) Aired: Aug 17, 2024 - ? Aired On: Saturday, Sunday Genres: Comedy, Romance, Melodrama Episodes: 16 Original ...

DNA Lover (2024)

2024
Good Partner (2024)
Good Partner (2024) Good Partner (2024) *******************အပိုင်းသစ် 13ရှေ့နေမမနှစ်ယောက်အပြိုင်ကြဲကြမဲ့ ကားသစ်လေးရပါပြီ ...ဒယ်ဂျောင်းဥပဒေရုံးက ရှေ့နေမမ ချာအွန်းဂယောင်းဟာဆိုရင်....ကွာရှင်းတဲ့အမှုတွေကိုပဲသီးသန့်လိုက်တဲ့ လုပ်သက် ၁၇ နှစ်ရှိ နာမည်ကြီးရှေ့နေတစ်ယောက်ပါအလုပ်လုပ်တဲ့နေရာမှာ ထက်ထက်မြက်မြက်ရှိပြီး....သူ့အတွက် သူ့ရဲ့အမှုသည်တွေနဲ့ ဒယ်ဂျောင်းဥပဒေရုံးအတွက်အကျိုးအမြတ်ရရှိရေးကသာ.....ပထမဦးစားပေးအဖြစ်သတ်မှတ်ထားသူတစ်ယောက်ဆိုရင်လည်းမမှားပါဘူးဒီလိုနဲ့ အလုပ်ခွင်က ကွာရှင်းတဲ့အမှုတွေကိုဖြေရှင်းပေးရင်း....တစ်နေ့မှာ သူကိုယ်တိုင် ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းရတော့မဲ့အရေးကိုကြုံလာပါတော့တယ်တစ်ဖက်မှာလည်း ချာအွန်းဂယောင်းနဲ့အလုပ်အတူတွဲလုပ်ရတဲ့....ရှေ့နေပေါက်စမလေး ဟန်ယူရီက မတရားမှုမှန်သမျှကို လက်ပိုက်ကြည့်မနေနိုင်တဲ့သူပါအလုပ်လုပ်တဲ့နေရာမှာ အမှုသည်အဆင်ပြေရေး၊ ဥပဒေရုံးနာမည်ကောင်းရရေး၊အကျိုးအမြတ်ရရေးကိုကြည့်ပြီးလုပ်တတ်တဲ့ ချာအွန်းဂယောင်းနဲ့.....မတရားဘူးထင်ရင် လျစ်လျူမရှုနိုင်ဘဲ ဝင်ဖြေရှင်းတတ် ဝင်စွက်ဖက်တတ်တဲ့ ဟန်ယူရီတို့ဟာဆိုရင်....ပြဒါးတစ်လမ်း သံတစ်လမ်းနဲ့ သိပ်ကီးမကိုက်လှတဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲဖြစ်ပါတယ်ဒီလိုနဲ့ အရာရာတိုင်းကို မတူညီတဲ့အမြင်တွေနဲ့ကြည့်ပြီး....အမြဲငြင်းခုံနေရတဲ့သူတို့နှစ်ယောက် ကိုယ်စီကိုယ်စီ ဘဝရဲ့ပြောင်းလဲမှုကြီးတွေနဲ့ကြုံတွေ့လာကြတဲ့အခါ..... Cast တွေအနေနဲ့ အမိုက်စားမမနှစ်ယောက်ဖြစ်တဲ့.....Jang Na Ra, Nam Ji Hyun တို့ကအဓိကပါဝင်သွားမှာဖြစ်သလို.....Kim Joon Han, Phyo Ji Hoon, Ji Seung Hyun, Han Jae Yi တို့က ပါဝင်အားဖြည့်သွားမှာပဲဖြစ်ပါတယ်....CM ကနေလည်း အပတ်စဉ် ...

Good Partner (2024)

2024
Love Next Door (2024)
Love Next Door (2024) Love Next Door (2024) *********************** အပိုင်းသစ် (၇)ဒီတစ်ခါမှာတော့ ပရိသတ်တို့ လည်ပင်းရှည်မတတ်စောင့်မျှော်နေကြတဲ့ပြည်သူ့အသည်းကျော်ပဲလှော်စုံတွဲတို့ရဲ့ချစ်ပုံပြင်ဇာတ်လမ်းဟာအခုတော့ ပရိသတ်ရှေ့မှောက်ကိုရောက်လာပါပြီရှင်.......ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့.......ချွဲဆောင်းဟျိုနဲ့ ဘယ်ဆော့ရူတို့က အသက် (၄)နှစ်အရွယ်ကတည်းကစတင်သိကျွမ်းခင်မင်လာခဲ့ကြတဲ့ ငယ်ပေါင်းသူငယ်ချင်းတွေပါ....တက္ကသိုလ်ဘွဲ့ရပြီးနောက်ပိုင်း ကိုယ်စီ ကိုယ်ပိုင်လမ်းကို လျှောက်ကြတဲ့အခါမှာချွဲဆောင်းဟျိုကတော့ ကိုးရီးယားမှာ ထူးချွန်တဲ့ဗိသုကာပညာရှင်ဖြစ်လာပြီးတော့“အင်”လို့ခေါ်တဲ့ ဗိသုကာအလုပ်ရုံကို ဦးစီးလုပ်ကိုင်ပါတယ် ..ဆောင်းဟျိုကတော့ ဉာဏစွမ်းရည်ပြည့်စုံသည်သာမကဘဲရူပါလည်း ဖြောင့်ပြီး အကျင့်စရိတ္တလည်း ကောင်းမွန်သူတစ်ဦးပါ ..ဘယ်ဆော့ရူကတော့ “ကျောင်းနေပျော်၍ စာတော်ရမယ်” ဆိုတဲ့ဆောင်ပုဒ်အတိုင်းကျောင်းစာထူးချွန်ပေမဲ့လည်း ပျော်ပျော်နေတတ်တဲ့ ငမွှေစိန်လေးပါ ..ဘွဲ့ရပြီးနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးနဲ့ဝင်လုပ်ရင်းနောက်ပိုင်းအလုပ်ထွက်ကာ အမိနိုင်ငံကို ပြန်ရောက်လာတဲ့အခါမှာတော့ငယ်ပေါင်းဖော်ကြီးဆောင်းဟျိုနဲ့ ပြန်ဆုံမိကြပါတော့တယ်....ငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲနဲ့ တကျက်ကျက်ရန်ဖြစ်နေခဲ့ကြတဲ့ ကလေးနှစ်ယောက်ဟာလူကြီးအဖြစ်နဲ့ပြန်ဆုံကြချိန်မှာ တကျက်ကျက်ရန်ဖြစ်ရင်းကနေတစ်ရစ်ပြီးတစ်ရစ် အချစ်နှောင်ကြိုးတွေ ဘယ်လိုချည်မိကြမလဲဆိုတာကိုRomatic-Comedy ပီပီ ဟာသအနှောလေးတွေနဲ့ရင်ခုန်ကြည့်ရှုရမှာပါ ပရိသတ်ကြီးတို့ရေ.........ချွဲဆောင်းဟျိုအဖြစ် Jung Hae In နဲ့ ဘယ်ဆော့ရူအဖြစ် Jung So Min တို့အပြင်Kim Ji Eun (Branding In Seongsu, Longing ...

Love Next Door (2024)

2024
Go East (2024)
Go East (2024) Lost You Forever(2023) မှာ ရှန့်လျိုအတွက် ကျခဲ့တဲ့မျက်ရည်တွေအတွက် ယွမ်မော့က ဟာသတွေ ပြန်ချော့ပေးဖို့Go East (2024) လာပါပြီ... ချန်ကျန်းလောင်ရှီရဲ့အနောက်အရပ်မှတ်တမ်းဝင်ဘုရင်များ ဝတ္ထုကို Moonlight (2021)ကိုဇာတ်ညွှန်းပုံဖော် ပံ့ပိုးရေးသားခဲ့တဲ့ ချိုထင်းလောင်ရှီကဇာတ်ညွှန်း ပြန်လည်ရေးသားထားပြီး New Life Begins(2022) ကိုရိုက်ကူးပုံဖော်ခဲ့တဲ့ ကျောက်ချီချန် ဒါရိုက်တာက သရုပ်ဖော် ရိုက်ကူးထားတဲ့ဇာတ်ကားလေးမို့ မျှော်တလင့်လင့် ဖြစ်ခဲ့ရတဲ့ ကားလေးပါ...ဇာတ်လမ်းအကျဉ်းလေးမပြောခင်မှာ ဒီကားထဲမှာ အဓိက ကာရိုက်တာ၄ ယောက်ပါဝင်ပါတယ်.. ယွမ်မော့၊ အားရှု ၊ဝမ်ခွန်ဝူ နဲ့ ယွီချီဟွား တို့ပဲဖြစ်တယ်...သူတို့လေးယောက်က သူတို့နည်း သူတို့ဟန်နဲ့ တိုင်းပြည်အေးချမ်းသာယာဖို့ကြိုးစားပြီး သတ္တိရှိရှိနဲ့ ငြိမ်းချမ်းရေးခရီးဆက်သူတွေပေါ့...တမင် မင်းဆက်ခေတ်မှာ အေးချမ်းသာယာပြီး လူတိုင်း ခံစားချင်တဲ့ ...

Go East (2024)

2024
Only Murders in the Building Season 4 (2024) 8.314
Only Murders in the Building Season 4 (2024) Only Murders in the Building (Season 4) Genre – Comedy, Crime, Mystery, Drama IMDB – 8.1/10ကျွန်တော့် အသည်းကျော်လေး Selena Gomez တို့ရဲ့ နာမည်ကျော် စီးရီးလေး Season 4 ထွက်လာခဲ့လို့ ထပ်မံတင်ဆက်ပေးလိုက်ရပါပြီဗျာ။ဒီ S4 ဟာဆိုရင်လည်း မထွက်ခင်ကတည်းက Rotten Tomato မှာ ရာနှုန်းပြည့်နဲ့ ပွဲခံနေတာကြောင့် စိတ်မပျက်စေရလောက်ဘူးလို့ ထင်မိပါတယ်။ အရင် Season 3 အဆုံးမှာ မေဘယ်တို့တသိုက် လူသတ်တရားခံဖော်ပြီး ပွဲခံနေကြတဲ့အချိန် ချားစ်ရဲ့စတန့်သရုပ်ဆောင် ဆက်ဇ်တစ်ယောက် ချားစ်ရဲ့ တိုက်ခန်းမှာတင် သေနတ်ပစ်သတ်ခံရပြီး ဇာတ်သိမ်းခဲ့ပါတယ်။ယခုမှာလည်း အဲဒီကနေ တိုက်ရိုက်တင်ဆင်ပေးထားပြီး သူတို့တွေ တိုက်ခန်းထဲဝင်ခဲ့တဲ့အချိန်မှာတော့ အလောင်းက မရှိတော့ပါဘူး ချားစ်တစ်ယောက်လည်း ဒီတိုင်းဆက်ဇ်ပျောက်နေတယ်ထင်နေတာပါ။ ဒါပေမဲ့ သူတို့ရဲ့ နာမည်ကျော်ကြားမှုက ပေါ့ကတ်စ်တွေ ပြဇာတ်တွေတင်မကတော့ပဲ ဒီ Season မှာတော့ ဟောလိဝုဒ်ကနေ သူတို့ရဲ့အကြောင်းတွေကို ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ရပါတော့တယ်။ဒီလိုနဲ့ အိုလီဗာကတော့ ဟောလိဝုဒ်ဆို ...
8.314
TMDb: 8.314/10 1351 votes
tv

Only Murders in the Building Season 4 (2024)

Black Out (2024)
Black Out (2024) Black Out (2024)*****************အပိုင်းသစ် (၈) ဒီတစ်ခါမှာတော့ ကျွန်တော်တို့ CM ကနေ Black Out ဆိုတဲ့မှုခင်းဇာတ်လမ်းတွဲအသစ်လေးကို ဘာသာပြန်တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။Main Cast တွေအနေနဲ့ကတော့ ဂိုဂျောင်အူးအဖြစ် Mr. Sunshine၊Uncle Samsik ထဲမှ  Byun Yo Han၊ နိုဆန်းချောလ်အဖြစ် The Fiery Priest ထဲမှGo Jun တို့အပြင် The Heavenly Idol ထဲမှ Go Bo Gyeol၊ SKY Castle ထဲမှ Kim Bo Ra တို့က အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်။ဉာဏ်ရည်ထက်မြက်ပြီး ပညာရေးမှာထွန်းပေါက်တဲ့ ဂိုဂျောင်အူးတစ်ယောက်SAT စာမေးပွဲဖြေပြီးတဲ့နောက်မှာ စိတ်ပြေလက်ပျောက်ခရီးတစ်ခုကိုထွက်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီခရီးစဥ်မှာပဲ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲနဲ့ ဂိုဂျောင်အူးတစ်ယောက်သာမန်ကျောင်းသားဘ၀ကနေ လူသတ်သမားတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ရပြီးထောင်ဒဏ်၁၀နှစ်ကျခဲ့ပါတော့တယ်။၁၀နှစ်ကြာပြီး ထောင်ကလွတ်လာတဲ့အချိန်မှာတော့ ...

Black Out (2024)

2024
Cinderella at 2AM (2024)
Cinderella at 2AM (2024) Cinderella at 2 AM (2024) **************************အပိုင်းသစ် 5ဒီတစ်ခါတော့ မမနဲ့ မောင်လေး ဇာတ်လမ်းမျိုး တောင့်တနေသူတွေအတွက်ယောက္ခမမြေက ဖြည့်ဆည်းပေးလိုက်ပါပြီ....Main cast တွေအနေနဲ့  ပရိသတ်အချစ်တော် Moon Sang Min နဲ့Reborn Rich, Tell Me That You Love Me တို့က မင်းသမီး Shin Hyun Been တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်....ရိုရိုချိုချိုလေးစောင်ကိုက်ကြည့်ချင်သူတွေအတွက် ကွက်တိပါပဲနော် ဇာတ်လမ်းအကျဉ်း ---------------ဟာယွန်းဆော ( Shin Hyun Been )ဟာ ငယ်စဉ်တည်းက အိမ်တွင်းအကြမ်းဖက်မှုကြောင့်...မောင်လေးဖြစ်သူကို လက်ဆွဲပြီး အိမ်ကနေ ထွက်လာခဲ့တဲ့ ခပ်ထက်ထက်အမျိုးသမီးတစ်ယောက်ပါလက်ရှိမှာလည်း ကုမ္ပဏီကြီး တစ်ခုမှာ အဖွဲ့မှူးအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ပါ သူ့ချစ်သူကောင်လေးဖြစ်တဲ့ ဆောဂျူဝန်း ( Moon Sangmin ) ကတော့....ယွန်းဆောထက် အသက်လည်း ငယ်သလို သူဌေးမိသားစုရဲ့သား ဖြစ်နေပါတယ်...မြင်ဖူးနေကျ ဇာတ်ကွက်တွေအတိုင်း သူဌေးသားလေးရဲ့ အမေက ...

Cinderella at 2AM (2024)

2024
Fateful Love (2024)
Fateful Love (2024) ရှန်းရှနတ်ကားတွေကိုမျှော်နေတဲ့သူတွေအတွက် ရှန်းရှဇာတ်ကားကောင်းလေးထွက်ရှိလာပါပြီ ။ ဇာတ်ကားလေးကဆရာမMao Xiao Mao (猫小猫) ရေးသားထားတဲ့Du Chong Yong Bin Wang Fei" (毒宠佣兵王妃) ဆိုတဲ့ ဝတ္ထုလေးကနေ ကောက်နုတ်ထားတာဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ ခန့်မှန်းမရတဲ့ တိုင်းပြည်ရေးအခြေအနေ‌တွေအောက်မှာတရားမဝင်သမီးနဲ့စစ်နတ်ဘုရားတိုက လျှောက်လှမ်းကြတဲ့လမ်းချင်းမတူခဲ့ကြပါဘူး။ တရားမဝင်သမီးဖြစ်တဲ့ Han Zi Jing က တိုင်းပြည်ရေးအရှုပ်အထွေးကြားဆွဲထည့်ခံရတဲ့အခါမှာအမျိုးမျိုးသောဆန့်ကျင်မှုတွေနဲ့ကြုံတွေ့ရပါတော့တယ် ။ ဒါပေမဲ့ သူမရဲ့သရုပ်မှန်ကိုဖုံးကွယ်မရတဲ့အချက်ကပဲ သူမကို စစ်နတ်ဘုရားဖြစ်တဲ့ Jun Bei Yeနဲ့စုံစေခဲ့ပါတော့တယ် ။ ဒီလိုနဲ့ချစ်မိသွားတဲ့ Jun Bei Ye ဟာ Han Zi Jing ကအမတ်ချုပ်ကြီးရဲ့တရားမဝင်သမီးဖြစ်နေတာတောင် အစွမ်းကုန်ကာကွယ်ပေးဖို ကြိုးစားပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာတော့ ရက်စက်တဲ့ပုံပေါ်ပြီး အကြင်နာမဲ့တဲ့ စစ်နတ်ဘုရားက တရားမဝင်သမီးဖြစ်တဲ့သူ့ချစ်သူကိုဘယ်လိုတွေကာကွယ်ပေးသွားမလဲဆိုတာရယ် ၊ တရားမဝင်သမီးဖြစ်ပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းတဲ့ Han Zi Jing ကရော မတရားမှုအဖြစ်မှန်တွေကို သူ့ချစ်သူနဲ့အတူဘယ်လိုဖော်ထုတ်သွားမလဲဆိုတာရယ်ကို စိတ်ဝင်စားဖိုကောင်းစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်လို ဇာတ်ကားလေးကိုအဆုံးထိ လိုက်ပါကြည့်ရှူဖိုတိုက်တွန်းပါရစေနော် ။ =================================Quality : WEB-DL 720p, 1080p Total Episodes : 40 Format : ...

Fateful Love (2024)

2024
Adventure Behind The Bronze Door (2024)
Adventure Behind The Bronze Door (2024) ဒီတစ်ခေါက်ဇာတ်လမ်းလေးကတော့ Daomu Biji ဆိုတဲ့ ဇာတ်လမ်းရဲ့အဆက်ကလေးပဲဖြစ်ပါတယ် ဝူရှယ်က နီပေါကနေပြည်တွင်းပြန်ရောက်လာပြီးနောက် မော့ထောခရိုင်ကစာတိုက်တစ်ခုမှာ လူငယ်တစ်ယောက်ရဲ့ နံရံဆေးပန်းချီကိုတွေ့ရှိပြီး သူ့ငြိမ်းချမ်းတဲ့ဘဝက ကျင်းဝမ်ထန်ဆိုတဲ့လူတစ်ယောက်ကြောင့် ကမောက်ကမဖြစ်သွားခဲ့ရပါတယ်ဒီလူဟာ ကျန်းချီလင် ငယ်ဘဝနဲ့ပက်သက်မှုကြီးတဲ့ ကျန်းမိသားစုရှေးဟောင်းအိမ်တော်က ကင်းမြီးကောက်ပုံသဏ္ဍာန်ဆွဲသီးကိုယူလာခဲ့လေရာ သဲလွန်စတွေကို လိုက်လံရှာဖွေရာမှ ဝူရှယ်ကနီပေါကို ထပ်မံသွားရောက်ပြီး မော့ထောသိုပြောင်းလာခဲ့ပါတယ်မော့ထောမှာ ကျန်းချီလင်နဲ့ပက်သက်တဲ့သဲလွန်စတွေကို ရရှိလာခဲ့ရာကနေ ဝူရှယ်က သူမော့ထောကိုလာပြီး ဒီအရာတွေကိုတွေ့ရှိတာ မတော်တဆမဟုတ်ပဲ လူတစ်ယောက်စီစဥ်ထားတယ်ဆိုတာ သိခဲ့ရတယ် ပြီးနောက် ဝူရှယ်နဲ့ဝမ်ဖက်တီးတိုက ကျန်းချီလင်ရဲ့မိသားစုနောက်ခံနဲ့ ကျန်းမိသားစုနောက်ကွယ်က လျှိဝှက်ဆန်းကြယ်မှုတွေကို ပိုမိုရှာဖွေလေ့လာပါတော့တယ် ဒီဇာတ်လမ်းလေးမှာ သူတိုသဲလွန်စတွေကို ဘယ်လိုရှာဖွေပြီး ဘယ်လိုလျှိဝှက်ချက်တွေ တွေ့ရှိလာဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြပါဦးနော်==================================Quality : WEB-DL  720p, 1080p Total Episodes : 36 Format : mp4 Genres : Action, Adventure, Mystery, Horror Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK ======================================  Ep 01 (720p) - GDToT/ Yoteshin/ Userdrive/ Megaup/ ...

Adventure Behind The Bronze Door (2024)

2024
Jinny’s Kitchen Season2 (2024) [Complete] 8
Jinny’s Kitchen Season2 (2024) [Complete] Jinny’s Kitchen Season 2 (2024)*******************************အပိုင်းသစ် (၁၁) နောက်ဆုံးပိုင်း Jinny’s Kitchen အစီအစဉ်လေးကတော့ ဒီနှစ်မှာ Season 2အနေနဲ့ ပြန်လာခဲ့ပါပြီ။အခု Season မှာတော့ မင်းသား Lee Seo Jin ဦးဆောင်တဲ့အဖွဲ့က အိုက်စလန်နိုင်ငံကိုသွားပြီးကိုရီးယားအစားအသောက်တွေကို ရောင်းချသွားကြမှာပဲ ဖြစ်ပါတယ်။သူဌေး Lee Seo Jin ရဲ့ လက်အောက်မှာတော့ အမှုဆောင်ဒါရိုက်တာအနေနဲ့မင်းသမီး Jung Yu-mi၊ မန်နေဂျင်းဒါရိုက်တာအနေနဲ့ မင်းသား Park Seo-jun၊လက်ထောက်အနေနဲ့ မင်းသား Choi Woo Shik တို့က ရာထူးအသီးသီးတာဝန်ယူပြီးစားသောက်ဆိုင်လေးကို လည်ပတ်သွားကြမှာပါ။ပြီးတော့ အရင် season တုန်းက အလုပ်သင် Tae Hyung က စစ်မှုထမ်းနေဆဲဖြစ်လို့မင်းသမီး Go Min-si က အလုပ်သင်အသစ်အနေနဲ့ ပါဝင်သွားမှာပဲဖြစ်ပါတယ်။နာမည်ကြီးမင်းသား၊ မင်းသမီးတွေအပြင် အိုက်စလန်နိုင်ငံရဲ့ လှပတဲ့ရှုခင်းတွေနဲ့ အတူစားချင်စဖွယ်ကောင်းတဲ့ ကိုရီးယားဟင်းလျာမျိုးစုံကို ...
8
TMDb: 8/10 11 votes
tv

Jinny’s Kitchen Season2 (2024) [Complete]

2023
Rough Diamonds (2023) Season 1 6.9
Rough Diamonds (2023) Season 1  ဒီတစ်ခါ တင်ဆက်ပေးမဲ့ဇာတ်လမ်းတွဲလေးက ပုံမှန်မြင်တွေ့နေ့ကျမဟုတ်တဲ့ ဂျူးတွေအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးပါ.....ကိန်းကြီးကန်းကြီးနိုင်ပြီး အရာရာစနစ်တကျနဲ့ ယဉ်ကျေးမှုမြင့်မားလှတဲ့ ဂျူးတွေရဲ့ သဘာဝကိုလည်း လေ့လာနိုင်ဦးမှာပါ....ဒီကားလေးထဲမှာ နိုအာဟာ ဝုဖ်ဆန်းစိန်ကုမ္ပဏီမိသားစုရဲ့ သားတစ်ယောက်ပါ သူ့မှာ ညီအစ်ကို ၃ယောက်နဲ့ အစ်မတစ်ယောက်ရှိနေပါတယ်.......သူက သူ့အဖေနဲ့ အဆင်မပြေလို့ ပုံစံခွက်ထဲကနေရုန်းထွက်ပြီး လန်ဒန်မှာ အိမ်ထောင်ကျနေတဲ့သူပါ သားလေးလည်းတစ်ယောက်ရှိပါတယ်.....တနေ့ကျ သူ့ညီက ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားပါတော့တယ် အဲဒါနဲ့ သူလည်း နှစ်ရှည်လများခွဲခွာနေတဲ့ မိသားစုဆီတခေါက်ပြန်ရောက်လို့လာတော့တာပေါ့.....အဲဒီမှာပဲ သူထွက်သွားတုန်းက အခြေအနေနဲ့ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေတွေ ဘာဆိုဘာမှမဆိုင်တော့ဘဲ သူ့ညီ ဘာလို့ အဆုံးစီရင်ခဲ့ရတယ်.....ဂုဏ်သိက္ခာကြီးမားလှတဲ့ သူ့မိသားစုကရော ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရမလဲ.....လန်ဒန်မှာရှိတဲ့ သူ့မိသားစုကရော ဘယ်လိုပုံစံမျိုးလဲ ဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦးလို့...... File size…(500 Mb) Quality….Webrip 720p Format… mp4 Duration…. 00:50:00 Genre... Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield Season 1Episode 1 ...
6.9
TMDb: 6.9/10 49 votes
tv

Rough Diamonds (2023) Season 1

2023
Emperor of Ocean Park (2024) 7.25
Emperor of Ocean Park (2024)  ဒီ series ဟာ ရဲ့ Stephen L Carter ရဲ့ Emperor ofOcean Park ၀တ္ထုကို ရုပ်ရှင် series အဖြစ် ပြန်လည်ရိုက်ထူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင် series မှာ အော်စကာဆုရှင် Forest Whitaker,Henry Simons တို့လို နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပါတယ်။Drama/Mystery အမျိုးအစားဖြစ်လို့ လျှို့ဝှက်နက်နဲတဲ့ဇာတ်လမ်းကြိုက်သူများအတွက် ကြည့်လို့ကောင်းမဲ့Series တစ်ခုပါ။ဒီ series မှာတော့ Forest Whitaker ကို အမေရိကန်တရားရုံးချုပ် ရဲ့ တရားသူကြီးချုပ်အဖြစ်တွေ့ရမှာဖြစ်ပါတယ်။တရားသူကြီးဟာ "ဂုဏ်သိက္ခာ တာဝန်ဝတ္တရား တရားမျှတမှု"ဆိုတဲ့ စကားသုံးခွန်းကို လက်ကိုင်ထားခဲ့ပါတယ်။တစ်နေ့မှာတော့ တရားသူကြီးဟာ ရုတ်တရက်သေဆုံးသွားခဲ့ပြီးသူ့သေဆုံးမှုရဲ့နောက်ကွယ်မှာ မသင်္ကာစရာကိစ္စတွေပေါ်ပေါက်လာခဲ့ပါတော့တယ်။နောက်ကွယ်က ပဟေဠိတွေက ဘာတွေဖြစ်မလဲ..အမေရိကန်ရဲ့ ရှုပ်ထွေးတဲ့နိုင်ငံရေးနဲ့ နောက်ကွယ်ကလက်မည်းကြီးတွေအကြောင်းကို နိုင်ငံရေး၊ လျှို့ဝှက်နက်နဲမှုတွေနဲ့ တင်ဆက်ပြသထားတာဖြစ်လို့ စိတ်ဝင်တစား ကြည့်ရှုနိုင်မဲ့series ကောင်း တစ်ခုပါပဲ။  File Size – 735 MB / ...
7.25
TMDb: 7.25/10 4 votes
tv

Emperor of Ocean Park (2024)

2024
Su ji And U ri (2024)
Su ji And U ri (2024) Su ji And U ri (2024) ********************အပိုင်းသစ် ( ၁၀၈ )  ဂျင်ဆူဂျီဟာ ဟယ်ဒေးဆေးရုံရဲ့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရသစုံရှိုးတွေမှာ လူသိများကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်..ဒါကြောင့် သူမဟာ ရုပ်သံထုတ်လွှင့်မှု၊ စာအုပ်ဖျော်‌ဖြေပွဲ၊ပရိသတ်လက်မှတ်ထိုးပွဲစတဲ့ ကျပ်တည်းလွန်းတဲ့အချိန်ဇယားတွေကြောင့် တစ်နေ့ကို ၃နာရီထက်ပိုမအိပ်ဖူးတဲ့သူပါ..ဒါပေမဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝက ချယ်အူရီဆိုတဲ့ဆရာဝန်သစ်လေးကြောင့် ပြိုလဲစပြုလာပါတယ်..ချယ်အူရီဟာ အရည်အချင်းရှိပြီး ဟာသဉာဏ်ရွှင်ပြီးတရားမျှတမှုရှိတဲ့အတွက် တခြားဆရာဝန်တွေနဲ့လူနာတွေရဲ့ယုံကြည်မှုကိုရရှိပြီး ထိပ်တန်းဦးစားပေးခံရသူဖြစ်လာပါတယ်.ဂျင်ဆူဂျီကိုတော့ သူမရဲ့အောင်မြင်မှုကိုပဲ ဂရုစိုက်တတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် မြင်လာကြပါတယ်ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်လာကြပါတယ်.ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအမြင်ကြည်လာပြီး ရန်သူတွေကနေ ချစ်သူတွေဖြစ်သွားကြမလဲဆိုတာရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်.. (Castတွေအနေနဲ့ကတော့ T-araအဖွဲ့ဝင် Hahm Eun Jungနဲ့Love in Eyes, Melody of loveစတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Baek Sung Hyunတို့ပဲ ဖြစ်ပါတယ်) File Size – 530MB / 271 ...

Su ji And U ri (2024)

2024
Scandal (2024)
Scandal (2024) Scandal (2024)***************အပိုင်းသစ် (၅၀)ပူရလောင်ရတဲ့ ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် လက်စားချေရင်း မြိုင်မြိုင်ဆိုင်ဆိုင် ပူလောင်ရမဲ့ ဇာတ်ကားလေး လာပါပြီ။ ဒီဇာတ်ကားမှာတော့ ကေဒရာမာ ပရိသတ်ကြီးတို့ သိကြတဲ့ မင်းသမီး Han Chae-Young၊ Han Bo-Reum နဲ့ မင်းသား Choi Woong တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ - မွန်း​ဂျောင်အင် (Han Chae-Young) ဆိုတဲ့အမျိုးသမီးက အရမ်းရည်မှန်းချက်ကြီးသလို အောင်မြင်မှုအတွက်သာဆို ဘာမဆိုလုပ်နိုင်တဲ့သူဖြစ်တဲ့အလျောက် ငွေမျက်နှာတစ်ခုတည်းနဲ့ ဆရာဝန်ဘဲ့ဒုံဟိုကို လက်ထပ်ကာ ဘဲ့ဒုံဟိုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး သူ့ကို ရက်စက်စွာ ထားပစ်ခဲ့သူပါ။ အဲဒီနောက် မွန်း​ဂျောင်အင်က ဒရာမာတွေကို ရိုက်ကူးထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ သူဌေးတစ်ယောက်ဖြစ်လာပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဘဲ့ဒုံဟို မှာကလည်း သူ့ရဲ့ အရင်အိမ်ထောင်နဲ့ရတဲ့ ဘဲ့​ဆောအာ (Han Bo-Reum) ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပေမဲ့ မွန်း​ဂျောင်အင်ကြောင့် သူမက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာရသူပါ။ ဘဲ့​ဆောအာက မိဘမဲ့ဂေဟာမှာ သူနဲ့အတူတူ ကြီးပြင်းလာခဲ့တဲ့ ​ ဆောဂျင်ဟို (Choi Woong)ဆိုတဲ့ ကောင်လေးနဲ့ ချစ်ကျွမ်းဝင်ပြီး လက်ထပ်ဖို့အထိ စီစဉ်ခဲ့‌ကြပေမဲ့ မင်းသားဖြစ်ချင်တဲ့ ...

Scandal (2024)

2024
The Brave Yong Soo Jung (2024) 10
The Brave Yong Soo Jung (2024) The Brave Yong Soo Jung (2024) ****************************** အပိုင်းသစ် (၈၀)ဇာတ်လမ်းအညွှန်းယုံးဆူဂျောင်းက ဖျတ်လတ်တက်ကြွတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ ဟုမ်းရှော့ပင်းအစီအစဥ်တင်ဆက်သူအဖြစ် နာမည်ကြီးတဲ့သူဖြစ်ပါတယ်။သူမရဲ့ရိုးသားပြီးကြိုးစားတဲ့စိတ်လေးကြောင့်လည်း အမျိုးသမီးပရိသတ်တွေအများကြီးကို ပိုင်ဆိုင်ထားရသူပါ။ဒါပေမဲ့ သူမရဲ့နေ့စဥ်ဘဝမှာတော့ အဲဒီလိုမဟုတ်ဘဲ ကောင်လေးတစ်ယောက်ကို ကြိုက်မိပြီဆိုရင် အကြည့်ချင်းလည်းမဆုံရဲသလို ခံစားချက်တွေကိုလည်းမဖော်ထုတ်ပြတတ်ပါဘူး။အဲဒါကြောင့်ပဲ သူမရဲ့ဘဝက ရိုမန့်တစ်ဆန်ဖို့အမြဲခက်ခဲနေတတ်ပါတယ်။သူမကတော့ မာဆောင်းလုပ်ငန်းစုရဲ့ ဂျူဝူဂျင်ဆိုတဲ့ကောင်လေးကို ကြိတ်ပြီးသဘောကျနေတာပါ။ယောအွီဂျူဆိုတဲ့ကောင်လေးကတော့ ဥာဏ်ရည်မသန်စွမ်းတဲ့အမေဖြစ်သူနဲ့ အတူတူနေပြီး ဆင်းရဲတဲ့ဘဝကြားကနေ အလုပ်ကြိုးစားနေတဲ့သူလေးဖြစ်ပါတယ်။သူ့ဘဝအတွက်အရေးအကြီးဆုံးကတော့ သူ့အမေပျော်ရွှင်ရဖို့ပါ။တစ်နေ့မှာတော့ သူက မာဆောင်းလုပ်ငန်းစုရဲ့ ဒုတိယမြောက်မြေးဖြစ်နေတာကို သတင်းကြေညာမှုကနေ တဆင့်သိလိုက်ရပါတယ်။ဒီလိုနဲ့ပဲ ယုံးဆူဂျောင်းနဲ့စတင်ပြီး ပတ်သတ်မိသွားပါတော့တယ်။ချွဲဟယ်ရာကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အမြဲလောဘကြီးနေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ တစ်စုံတစ်ခုကို လိုချင်ပြီဆိုရင် လမ်းခရီးမှာဘယ်အရာတွေပိတ်ပင်နေပါစေ မရရတဲ့နည်းနဲ့ သူ့အပိုင်ဖြစ်အောင်လုပ်တတ်သူပါ။ဒီလိုနဲ့ ယုံးဆူဂျောင်းနဲ့ ချွဲဟယ်ရာအကြား ဘယ်လိုပဋိပက္ခတွေဖြစ်လာမလဲ၊လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းအကြားမှာရော ဘယ်လိုရှုပ်ထွေးနက်နဲမှုတွေနဲ့ ရင်ဆိုင်သွားရမလဲဆိုတာကို အပတ်စဥ်တနင်္လာနေ့ကနေ သောကြာနေ့အထိ တစ်ဝကြီးကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။အဓိကဇာတ်လိုက်မင်းသမီးတွေအနေနဲ့ကတော့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ The Second Husband ထဲက Uhm Hyun-Kyung, Live your Own life ထဲက Lim Ju-Eun တို့က သရုပ်ဆောင်ထားပြီး မင်းသား ...
10
TMDb: 10/10 1 votes
tv

The Brave Yong Soo Jung (2024)

2024
We All Lie (2024) 9
We All Lie (2024) CM ချစ်ပရိသတ်တို့ရေ… မရိုးနိုင်တဲ့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ဇာတ်လမ်းလေးကိုမှ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်နိုင်အောင်ဒီကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်း အကျဉ်းလေးပြောရရင် နာမည်ကြီးစာရေးဆရာမ စူးလီကအများအမြင်မှာ အိမ်ထောင်ရေး သုခပြည့်စုံသူပေါ့… ဇနီးဖြစ်သူစူးလီကလည်း နာမည်ကျော် စာရေးဆရာမ ယောက်ျားကလည်း ရုပ်ရှင်မင်းသားကလေးမရှိဘဲ အိမ်ထောင်သက်တမ်း ကြာတာတောင် ချစ်စခင်စ ကြင်နာစလိုမျိုးသဲသဲတုန်အောင် ချစ်ပြနေတာ ဘယ်လောက်အားကျစရာကောင်းလဲ…ဒါပေမယ့် ဘယ်သူထင်မှာလဲ စူးလီရဲ့ အိပ်မက်တွေကို ဖျက်စီးလိုက်တဲ့အကြောင်းအရာကတော့ သူကူညီပေးခဲ့တဲ့ သူအယုံကြည်ရဆုံးသော ချန်ယင်းယင်းနဲ့သူအချစ်ရဆုံး သူအလုပ်တွေတောက်လျှောက် ရှာပေး ကူညီပေးရတဲ့သူ့ယောက်ျားက ဖောက်ပြန်နေတာတဲ့ ဒီလို သူ့အချစ်ကို ခုတုံးလုပ်ပြီး သူ့ကိုဂုတ်သွေးစုပ်ဖို့ ကြိုးစားကြတာတော့ ဘယ်လိုမှ လက်မခံနိုင်တဲ့ စူးလီတစ်ယောက်ဘာဆက်လုပ်မှာလဲ… ဒီတိုင်းကွာရှင်းမှာလား… ယောက်ျားပြန်ချစ်လာအောင် ကြိုးစားမှာလား…ဒီကျေးဇူးကန်းကောင်တွေကို သူကျွေးခဲ့တဲ့ထမင်းတွေ အတောင့်လိုက်ပြန်အန်ထွက်အောင်ပဲလည်မျိုနင်းသတ်ပစ်မှာလား… အိမ်ထောင်ရေးကားပီပီ အကွေ့အကောက်တွေများတာမို့CM Team နဲ့အတူ ဆက်ဆက်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။==================================Quality : WEB-DL 720p, 1080p Total Episodes : 16 Format ...
9
TMDb: 9/10 votes
tv

We All Lie (2024)

2024

Genres

Archives