Channel Myanmar

Tune in for Love (2019)

Joyful Music Album    

N/A 122 min Romance

7.1
IMDB: 7.1/10 1600 votes

, , , , , , , ,

N/A

South Korea

1260644

Report error

၂၀၁၉ ခုနှစ်ရဲ့ နှစ်ကုန်ခါနီးလေးမှာ
စိတ်ကို နူးညံ့စေတဲ့ ကြေကွဲစေတဲ့
ကြည်နူးမိ ချစ်မိစေ…ခဲ့တဲ့…
ဒီရုပ်ရှင်ကားလေးကို ထိတွေ့ခဲ့ရခဲ့တယ်
Tune In For Love ဟာ Netflix မှာ ပြသခဲ့တဲ့
ကိုရီးယား ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်
မင်းသား Hae-In Jung နှင့် မင်းသမီး Go-eun Kim
ပါဝင်သရုပ်ဆောင်ထားပါတယ်…
ဒီဇတ်လမ်းကို စပွိုင်လာလုပ်ဖို့ရော အညွှန်းရေးဖို့ရော
ကြံစည်ထားပေမဲ့…
ရုပ်ရှင်ကား ၂ နာရီစာ ကြည့်ပြီးတဲ့နောက်
ရေးဖို့ မစဉ်းစားတက်တော့ဘူး
၂ နာရီတောင် အရမ်းနည်းတယ်လို့ ထင်ရတယ်
ဇတ်လမ်း စတည်ထားတာက ၂၀၀၀ ခုနှစ် မပြည့်ခင်
အရင်ကာလ တုန်းက ဖြစ်ပြီး လူငယ် ၂ ယောက် ရဲ့
ဆယ်ကျော်သက် ကာလ နဲ့ လူလတ်ပိုင်း ကာလ တို့ရဲ့
ကာရိုက်တာကို လှလှပပ ပြသွားခဲ့ပြီး
ခေတ်ကာလ နဲ့ လိုက်ဖက်တဲ့ အပြင်အဆင်တွေ
မိတ်ကပ်တွေ အဝတ်အစားတွေ အနေအထိုင်တွေ နဲ့
သီချင်းတွေက အစ 90 ခုနှစ်ဖွားတွေ အတွက်
ပြန်အောင်းမေ့သတိရစေနိုင်တဲ့ သီချင်းအမျိုးအစားတွေ
ပါဝင်နေခဲ့ပါတယ်….
အချစ်ဆိုတာ အရမ်းချစ်ရင် အရမ်းနာကျင်ရတယ်လို့ ပြောကြတယ်
ဥပမာ ချစ်တဲ့သူကို လွမ်းလို့ သူနဲ့ အတူသွားခဲ့တဲ့နေရာတွေ
လျှောက်သွားနေမိတာမျိုး အတူသောက်ဖူးတဲ့ ကော်ဖီကို
ပြန်သောက်နေမိတာမျိုး အတူ နားထောင်ခဲ့ဖူးတဲ့
သီချင်းကို ပြန်ကြားမိရင် ရင်ခုန်မိတာမျိုးတွေ…
ဒီ ရုပ်ရှင်ကားထဲက လူငယ် ၂ ယောက်ဟာ
ချစ်ပေမဲ့ နီးစပ်လိုက် ဝေးလိုက် နဲ့ အချိန်တွေရဲ့
နောက်မှာ အလွဲလေးတွေ နဲ့ ကခုန်နေခဲ့ကြတယ်…
ဒီရုပ်ရှင်ကားကို ကြည့်ရင် အိုဗာတင်းတွေ ရိုဆန်တာတွေ
မျှော်လင့်မထားပါနဲ့ အဲ့ထက်မက တန်ဖိုးရှိတာတွေ
တွေ့ရမှာပါ…
ပါးစပ်က မပြောပဲနဲ့ ချစ်တဲ့ အကြောင်းအရာတွေကို
မျက်လုံးက ပြောဖြစ်ခဲ့တာမျိုး…
တစ်ယောက်ယောက်ကို ချစ်မိရင် ပျော်ရွှင်ရတာမျိုး
ချစ်တဲ့သူကို ပွတ်သီးပွတ်သက် လုပ်နေရရင်
ပျော်ရွှင်ပြီး ရင်ခုန်ခံစားရတာမျိုး စသဖြင့်
အချစ်စစ်ရဲ့ ရင်ခုန်သံကို ခံစားရမှာပါ
ဒီရုပ်ရှင်ကို ကြည့်တဲ့သူက ချစ်သူရှိရှိ မရှိရှိ
ရုပ်ရှင်ထဲကို လိုက်ပြီး ရင်ခုန်ခံစားရမှာပါပဲ…

Thin Zar Htet က ဘာသာပြန်ပေးထားပြီး

442

Thit San Khant က Review ရေးပေးထားပါတယ်



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Tune in for Love (2019)
Tune in for Love (2019)
Tune in for Love (2019)
Tune in for Love (2019)


No downloads available

Genres



Related movies