Trapped Balloon (2023)
မိခင်မရှိတော့တဲ့နောက် တစ်ကိုယ်တည်းနေနေတဲ့ ဖခင်ဖြစ်သူနဲ့တွေ့ဖို့
ဟီရိုရှီးမားက တဲရှိမ ဆိုတဲ့ ကျွန်းလေးဆီ ရောက်လာခဲ့တဲ့ ရင်ကိုဆိုတဲ့ ကောင်မလေးတစ်ယောက်…
ရင်ကို ဒီလိုပြန်လာတာကလည်း နာမကျန်းဖြစ်နေတဲ့ အဖေ့ကို ပြုစုဖို့၊ ဆုံးသွားတဲ့ အမေ့ကို သတိရလို့ဆိုတာတွေအပြင်
အလုပ်လုပ်တိုင်း အဆင်မပြေမှုတွေ ကြုံရပေါင်းများလို့ စိတ်ဓာတ်ကျနေတာလည်း ပါပါတယ်။
ဒီလိုမျိုးအကြောင်းပြချက်တွေနဲ့ တဲရှိမကျွန်းဆီ ရောက်လာတဲ့ ရင်ကိုရဲ့ဘဝထဲ ဝင်ရောက်လာသူကတော့ ကန်းဂျိဆိုတဲ့ ထူးဆန်းတဲ့သူတစ်ယောက်ပါပဲ။
ကန်းဂျိဆိုတာက နှုတ်နည်းပြီး တစ်နေ့တစ်နေ့ ငါးထောင်ဖမ်းလိုက်၊ အိမ်ပြန်လာလိုက်၊
လတ်ဆတ်တဲ့ငါးတွေရရင် ရင်ကိုတို့အိမ်ကိုပေးလိုက်၊ ရင်ကိုနဲ့ သူ့အဖေတို့ အကူအညီလိုရင် လာကူညီလိုက်နဲ့
ဘဝကို တည်ငြိမ်အေးဆေးစွာ ကျော်ဖြတ်နေသူပါ။
ရင်ကိုအတွက် ထူးဆန်းနေတာကတော့ ရင်ကိုတို့အိမ်ကို ကန်းဂျိတစ်ယောက်
တံခါးမရှိ ဓားမရှိဝင်ထွက်နေတာရယ်၊ ကန်းဂျိအိမ်မှာ အမြဲချည်ထားတဲ့ ပူဖောင်းရယ်ပါပဲ။
ရင်ကိုတစ်ယောက် ကန်းဂျိကို ကြောက်နေရာကနေ တစ်နေ့မှာတော့ ပျောက်နေတဲ့ မူလတန်းကျောင်းသူလေးကို
သွားကယ်လာတဲ့ ကန်းဂျိဖြစ်သူကြောင့် နှုတ်နည်းလွန်းတဲ့ ကန်းဂျိအကြောင်းကို ပိုလို့တောင် သိချင်သွားပါတော့တယ်။
ကန်းဂျိဆိုတဲ့သူဟာ ဒီလောက်စိတ်သဘောထားကောင်းပါရက်နဲ့ ဘာလို့ အပြုံးအရယ်နည်းနေခဲ့ပါသလဲ?
ချည်နှောင်ထားတဲ့ ပူဖောင်းလေးတွေက “စောင့်နေမယ်”ဆိုတဲ့ သင်္ကေတပါတဲ့။
မပြီးပြတ်နိုင်သေးတဲ့ သံယောဇဉ်အမျှင်တန်းတွေဟာလည်း ဇာတ်ကားနာမည်လိုမျိုး
လေနှင်ရာ လွတ်လွတ်လပ်လပ် မလွင့်နိုင်တဲ့ ပူဖောင်းလေးအတိုင်းပါပဲ။
ရင်ကိုနဲ့ ကန်းဂျိတို့နှစ်ယောက် သောကဗျာပါဒတွေကို အချင်းချင်း ဘယ်လိုကုစားကြမလဲဆိုတာကိုတော့
ဟီရိုရှီးမားဒေသကို နောက်ခံထားရိုက်ကူးပြီး ဆုတွေအများကြီးရထားတဲ့ ဂျပန် Drama ရုပ်ရှင်မှာ ဆက်လက်ခံစားကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့ Egg ပဲ ဖြစ်ပါတယ်။
Genre….. Drama
Quality…. 1080p | 720p
File size… 806MB 420MB
Format… mp4
Duration…. 1h 44min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Egg
Encoder ….. Aaron
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။























![[18+] Hugas (2022)](https://www.channelmyanmar.to/wp-content/uploads/2022/01/mjqohpxhcqiz-133x200.jpg)







