Toy Story (1995)
Hang on for the comedy that goes to infinity and beyond!

Synopsis:
ဒီဇာတ်ကားက Toy Story ဇာတ်ကားတွဲတွေရဲ့ ပထမဆုံးဖြစ်ပြီး
၁၉၉၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။
ကျွန်တော်တို့ ချစ်ရတဲ့ကောင်းဘွိုင်လေးဝူဒီတို့တသိုက်နဲ့
အာကာသရိန်းဂျားကြီးဘတ်ဇ် စတွေ့ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
အန်ဒီဆိုတဲ့ ကောင်လေးရဲ့ အရုပ်တွေဖြစ်ကြတဲ့ ဝူဒီတို့ဟာ
မွေးနေ့ပွဲလို ခရစ္စမတ်လို နေ့တွေ ရောက်တိုင်း လက်ဆောင်တွေထဲမှာ
သူတို့နေရာကို အစားထိုးမယ့် အရုပ်အသစ်တွေ ရောက်လာမှာကို
အမြဲတမ်း စိုးရိမ်နေခဲ့တာပါ။
အရုပ်အသစ်တွေကြောင့် အန်ဒီ သူတို့ကိုအချစ်လျော့သွားမှာကို
စိုးရိမ်နေကြတာပေါ့။ အဲဒီလိုနဲ့ အန်ဒီရဲ့မွေးနေ့တစ်ခုအရောက်မှာ
သူတို့မလိုချင်ဆုံး အရာတစ်ခု အန်ဒီ့ဆီ ရောက်လာပါတော့တယ်။
အဲဒါကတော့ နောက်ဆုံးထွက်ထားတဲ့ အာကာသရိန်းဂျား ဘတ်ဇ်
လိုက်ရီးယားပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ထုံးစံအတိုင်း အန်ဒီက
အသစ်ရတဲ့ အရုပ်အသစ်ကို ပိုသဘောကျနေတဲ့အချိန် အရင်က
အန်ဒီအကြိုက်ဆုံးအရုပ်လေး ဖြစ်ခဲ့တဲ့ ကောင်းဘွိုင်လေးဝူဒီက
ဘတ်ဇ်ကို မကျေမနပ်ဖြစ်ရာကနေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။
နေရာလုဘက် ဖြစ်နေတဲ့ သူတို့၂ယောက်ကို ဘယ်လိုကိစ္စမျိုးက
နားလည်မှုရသွားစေမလဲ၊ မထင်မှတ်ဘဲကြုံလာရတဲ့ ပြဿနာကို
မတည့်တဲ့ကြားထဲကနေ ဘယ်လိုပုံစံမျိုးနဲ့ အချင်းချင်းရိုင်းပင်းပြီး
ကူညီဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုရမှာပါ။
File size…4.8GB / 1.9GB / 976MB
Quality…4k HEVC / WEB DL 1080p /720p
Format…mp4
Duration….1h 21m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Thit San Khant
Translated by JimX
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။