Toxic (a.k.a) Air Murder (2022)


Synopsis:
Toxic (2022)
လောကကြီးမှာ ကိုယ်ငွေရဖို့ တစ်ခုအတွက်နဲ့ သူများတကာတွေရဲ့ အသက်ကို ကစားစရာလို သဘောထားကြတဲ့ လူ့ဘီလူးတွေ ပေါများလှပါတယ်။
ဒီကားလေးကလည်း အဲသဘောအတိုင်းပါပဲ။ O2 လို့ခေါ်တဲ့ ကုမ္ပဏီကြီးတစ်ခုကနေ ထုတ်လုပ်လိုက်တဲ့ humidifier disinfectant ကနေ လူပေါင်းများစွာ သေကြေပြီး ရောဂါတွေဖြစ်ပွားစေခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူတွေသေသေ ငါမသေဖို့အရေးကြီးတယ် ဆိုသလို O2 ကုမ္ပဏီဘက်ကနေ ကိုယ့်အပြစ်အတွက် ဝန်ခံခြင်းလည်းမရှိသလို ဆက်ပြီးလည်း ရောင်းချနေခဲ့ပါတယ်။
နစ်နာသူတွေ အားလုံးစုပြီး O2 ကို တရားစွဲဆိုမှု လုပ်ခဲ့ပေမဲ့ ကြီးနိုင်ငယ်ညှင်း ဆိုတဲ့ အတိုင်း နိုင်ဖို့အလားအလာ အင်မတန် နည်းပါးခဲ့တာပေါ့။ ဒါပေမဲ့ လုံးဝအရှုံးမပေးတဲ့ ရှေ့နေမလေး ဟန်ယောင်းဂျူကတော့ ရှေ့ဆက်တိုးရင်း တခြားဘယ်လို လှည့်ကွက်တွေနဲ့ အပြစ်ပေးသွားမလဲ?
ဒီလိုပြဿနာမျိုးတွေက အပြင်မှာလည်း တကယ်ရှိတဲ့ အရာလေးတွေဖြစ်ပြီး ဒီဇာတ်ကားကလည်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာမို့ ကြည့်ရတာ အရမ်းကို ဘဝင်ကျစေမှာပါ။ တောင်ကိုရီးယားနိုင်ငံက ဝန်ကြီးဌာနတွေရဲ့ တာဝန်ယူစိတ် မရှိပုံတွေ၊ စီးပွားရေးသမားတွေရဲ့ လောဘတွေ၊ မြေဇာပင်ဖြစ်ပြီး အပြစ်မရှိစွာ သေဆုံးသွားခဲ့ရတဲ့ အသက်တွေ …
ဒီဇာတ်ကားလေး ကြည့်ရှုပြီး လက်တွေ့ဘဝနဲ့ ချိန်ထိုး မှန်းဆကြည့်လိုက်ကြရအောင်ပါ။
(ဇာတ်လမ်းအညွှန်းကိုတော့ Shoon က ရေးပေးထားပါတယ်။)
File Size : 2GB, 677MB & 325MB
Quality : 1080p WEB-DL, 720p WEB-DL & 480p
Format : mp4
Duration : 1hr & 48mins
Genre : Drama
Translated by Shoon & Thynn
Encoded by Kinnov
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။