Channel Myanmar

Tombstone of the Fireflies

Tombstone of the Fireflies    

N/A 100 min DramaWar

6.7
IMDB: 6.7/10 242 votes

, , , , , ,

1 win.

Japan

703791

Report error

——– မငိုပါနဲ့ ဆဲဆုကို ———

ညီမလေး ဟိုမှာကြည့်လိုက် ပိုးစုန်းကြူးလေးတွေ

442

မြေကြီးပေါ်မှာခင်းထားတဲ့ဖျာစုတ်လေးပေါ်မှာနွမ်းဖတ်ဖတ် အညိုရောင်ပြောင်းနေတဲ့ အဖြူရောင်လက်ရှည် အကျီ င်္လေး ကိုဝတ်ထားပြီး
ခွေခွေလေးလှဲအိပ်နေတဲ့ ၄ နှစ်အရွှယ်ကလေးမလေး ခပ်တိုတို တုတ်တုတ် လေသံမပျော့မမာနဲ့ အားမရှိလို့လား အရမ်းများအိပ်ချင်နေလို့လား သူ့အကိုမျက်နှာကို မကြည့်ဘဲပြောလိုက်တယ်” ကိုကြီး ဒီအရုပ်လေးယူထားလိုက်ကိုကြီးအတွက် “လို့ပြောပြီး သူကိုင်နေကြ ကိုယ်ပွား အရုပ်မလေး
ကို လက်လေးပိစီ နဲ့ ခေါင်းပိုင်းကကိုင်ပြီး ဖြည်းဖြည်းလေး ကမ်းပေးနေတယ်။

ခဏလေးအတွင်းမှာဘဲ ကလေးမလေးက ပါးလေးတစ်ချက်တွန့်ပြီးအေးစက်တဲ့မြေကြီးပေါ်မှာ အိပ်သွားပျော်သွားတယ်။

…..အစကတော့ ငါ့ကိုဘာလို့ပေးမှန်းမသိဘဲစဉ်းစားနေမိတယ်ဟာ……ငါ့ကိုပေးချင်လို့မှာမဟုတ်ဘဲ နင်ယူသွားချင်လို့င့ါကိုပေးတာကို…..

..ပိုးစုန်းကြူးလေးတွေ နာမည်ကိုဘဲ သစ်သားပြားပေါ်မှာရေးပြီး မြေကြီးပေါ်မှာစိုက်ပေးရမယ်ထင်ထားတာ….
…ပိုးစုန်းကြူးလေတွေ အများကြီး ညီမလေးဘေးနားမှာရှိတော့ တစ်ယောက်တည်းမဖြစ်ပဲ နင်တွေ့ချင်တဲ့ မေကြီးနဲ့ တွေ့လို့ရသွားပြီပေါ့………..

.။။။။။။။။ဆဲဆုကို င့ါကိုထားမသွားပါနဲ့ဟာ။။။။။။။။

ဒီရုပ်ရှင်ကားကို ၂၀၀၈ ခုနှစ် ဇူလိုင်လ ကထုတ်လွှင့်ခဲ့ပြီး ဇာတ်ကားရဲ့ မှုရင်းနာမည်က Hotaru no haka 火垂るの墓 ဖြစ်ပါတယ်။

Grave of the Fireflies ၊ Tombstone of fireflies ဆိုပြီး အမည်နဲ့ ထွက်ရှိထားပါတယ်။၏ ဂျပန်ဘာသာစကားပြော ဂျပန်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။တစ်ကားလုံးကြာချိန် မိနစ် ၁၀၀ ရှိပါတယ်။ စာရေးဆရာ Akiyuki Nosaka ရေးသားထားတဲ့ Grave of the Firefiles ဝတ္တုကို

ပြန်လည်အခြေပြုရိုက်ကူူးထားပါတယ်။စစ်အတွင်းနဲ့ စစ်ကြီး ပြီးတဲ့ အချိန် ကိုဘီမြို့ ကဖြစ်ရပ်မှန်ကို အခြေခံပြီး ဒီဝတ္တုကိုရေးသားခဲ့ပြီး ၁၉၆၇ ခုနှစ်မှာပထမဆုံးမဂ္ဂဇင်းတစ်ခုမှာရေးသားခဲ့ပြီး ၆၈ မှာစာအုပ်ထုတ်ခဲ့ပါတယ် ။သူက ဒီစာအုပ်နဲ့ Best Popular literature ဆုကိုရရှိခဲ့ပါတယ်။

My drama list မှာ Rating 8.2 ၊ AsianWiki 93ရရှိထားပါတယ်။ ဒါရိုက်တာ Taro Hyugajiရိုက်ကူးဖန်တီးထားခဲ့ပြီး အဓီက သရုပ်ဆောင်တွေက ကလေးလေးနှစ်ယောက်ဖြစ်ပါတယ်။

ဆဲအီတ နေရာကသရုပ်ဆောင်တဲ့ ၁၉၉၁ဖွားReo Yoshitake နဲ့ ဆဲဆုကို နေရာက သရုပ်ဆောင်တဲ့ ကလေးမလေးက၂၀၀၂ဖွား Rina hatakeyama တို့ပါပဲ။နှစ်ယောက်လုံးကအသက်ငယ်ပေမယ့် ရုပ်ရှင်တွေ ရုပ်သံဇာတ်လမ်းတွေတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားပါ
တယ်။ အထူးသဖြင့် ကလေးမလေးက ပိုပြီးဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေ ရိုက်ရပါတယ်။

ဒီရုပ်ရှင်က Akiyuki Nosaka ဝတ္တုရဲ့ ပထမဆုံးရုပ်ရှင်ကားတော့မဟုတ်ပါဘူး။ သူ့ရှေ့မှာ နှစ်ကားရိုက်ထားပါသေးတယ်။ ပထမဆုံး ဝတ္တုကိုရုပ်ရှင် အနေနဲ့ဖန်တီးခဲ့တာမှာ anime ကာတွန်းကားအနေနဲ့ ဝတ္တုထွက်ပြီး နှစ် ၂၀ အကြာ၁၉၈၈ မှာ ဖန်တီးခဲ့တာပါ။ Grave of the Fireflies anime ကားက အကောင်းဆုံး ဇာတ်ကားဆုတွေ ထိပ်တန်းဇာတ်ကားစာရင်းတွေဝင်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှာroger Ebert ရဲ့အကောင်းနဲ့ လွှမ်းမိုးနိုင်မှု အရှိဆုံး ကားထဲကတစ်ကားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဒီကာတွန်းကားမှာ တော်တော်လေးပေါက်ခဲ့ပါတယ်။ ကာတွန်းကား က ကလေးတွေနဲ့ သာဆိုင်တယ်ဆိုတဲ့ စကားကို ချိုးဖျက်ပစ်ခဲ့ပါတယ်။
ပုံမှန်ကာတွန်းကား ထက် အဓိပ္ပယ် တော်တော်လေးနက်ခဲ့ပါတယ်။

ဒုတိယ ကားကတော့ ကာတွန်းကားမဟုတ်တော့ဘဲ live action အနေနဲ့ ပထဆုံးစပြီးရိုက်ကူး
ခဲ့ပြီး NTVကဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့ နှစ်၆၀ ပြည့် အထိန်းအမှတ်အနေနဲ့ နိုဝင်ဘာ ၁ရက်၂၀၀၅ ခုနှစ်မှာ ဂျပန်စံတော်ချိန် ည ၉ နာရီမှာစပြီး ထုတ်လွင့်ခဲ့ပါတယ် ။

ဒီကားမှာ အဓိကဇာတ်ဆောင်ကောင်လေးနဲ့ ကောင်မလေးက အသက်နည်းနည်းလေးကြီးနေကြပါတယ်။ သူကလဲ ကာတွန်းကားနဲ့မတူဘဲ သူဟန်သူပုံစံနဲ့ ချပြခဲ့ပါတယ်။ဒီကား ကိုခြုံပြောရရင် ကလေးမလေးနေရာမှာသရုပ်ဆောင်က နည်းနည်း သွက်သွက်လေးဖြစ်ပြီး ပိုပြီး ဇာတ်လမ်းကို ကြွအောင် သရုပ်ဆောင်ပါတယ်။

တတိယမြောက်အခုကားကို ၂၀၀၈ခုနှစ်မှာ ပြသခဲ့ပြီး ဇာတ်လမ်းပုံစံ ၊သရုပ်ဆောင်၊ ဇာတ်ဝင်တေးက အစ တစ်ကားနဲ့တစ်ကားကွဲပြားကြပါတယ်။ ဒါပေမယ့် ဇာတ်လမ်းကျောရိုးတော့ တူတူပါပဲ။ဒီဇာတ်မှာ ဇာတ်လမ်းကို လေးလေးပင်ပင်ပုံစံဘက်ရိုက်ကူးထားပြီး အဓီကကလေးသရုပ်ဆောင်
တွေဖြစ်တဲ့ ကလေးနှစ်ယောက်က အသက်ငယ်ငယ်လေးတွေသုံးထားပါတယ်။ကလေးမလေးကဒီကားမှာ ထုံထုံထိုင်းထိုင်းလေး
သိပ်မမလှုပ်ပဲ နဲ့ အေးအေးစက်စက်လေးသရုပ်ဆောင်ထားပါတယ်။အရင်ကားတွေနဲ့မတူဘဲ ဆင်ဒရဲလားဇာတ်လိုမျိုး ဇာတ်ပိုနာအောင်ရိုက်ထားပါတယ်။

ဒါပေမယ့် လဲ မြန်မာပြည်သိန်းတန်လို ပြောရရင်တစ်ချို့နေရာလေးတွေ မှာ သိပ်မရောက်ဘူးကွယ်၊ ဒီထက်ပိုလုပ်နိုင်ရင်ကောင်းမယ်၊အဖိအဖော့လေးတွေ နည်းနည်းထည့်လိုက်ရင်ကောင်းမယ်ပေါ့။

ဒီဇာတ်လမ်းထဲက ရေတပ်ကပ္ပတိန် တာဝန်ထမ်းဆောင်နေတဲ့ မာယ စစ်သဘောင်္က ဒုတိယ ၏ကမ္ဘာစစ်အတွင်းမှာ တိုက်ပွဲတော်တော်များများမှာ ပါဝင်ခဲ့ပြီး ၁၉၉၄ အောက်တိုဘာလ Lyete ၏ပင်လယ်ကွေ့စစ်ဆင်ရေးမှာ အမေရိကန်ရေငုတ်သဘောင်္ တော်ပိုဒို ထိမှန်နှစ်မြုပ်ပြီး ကပ္ပတိန်အပါ
သဘောင်္သား ၄၇၉ ယောက် ပျောက်ဆုံးခဲ့ပါတယ်။

…ကဲ ဒါကဇာတ်လမ်းသမိုင်းနောက်ခံတွေပါ…

ဇာတ်လမ်းပိုင်းမှာ…….

ဇာတ်လမ်းအမျိုးအသားက မျက်ရည်ချူမယ့် ကားမျိုးဖြစ်ပါတယ်။ ဇာတ်ကားတစ်ခုလုံး ကြည့်ရတဲ့ခံစားချက်က လေးပင်နေပါတယ်။ဒါပေမယ့် မျက်ရည်မကျပဲရင်ထဲ မှာခဲဆွဲထားသလိုအပြည့်ဖြစ်နေပြီးလေးလေးကြီးနဲ့ မငိုချင်တဲ့ခံစားချက်မျိုးပါ။ဒီကားမှာ အရင်ခေတ်က ဂျပန်တွေ ရဲ့ နေထိုင်
မှု ပုံစံ နဲ့ ရိုးရာ ယဉ်ကျေးမှုအပြင် စစ်အတွင်းပြည်သူတွေ နေထိုင်မှု ဘဝပုံစံ နဲ့ နိုင်ငံအပေါ်ထားတဲ့ ဂျပန်ပြည်သူတွေရဲ့ စိတ်အနေအထားကို
ပါတွေ့ရပါတယ်။

အရင်တုန်းက ကျွန်တော် သိချင်နေတာတစ်ခုက တစ်ကမ္ဘာလုံးက ဖက်စစ်ဂျပန်ဆိုပြီး လူမိုက်လူဆိုးကြီးအနေနဲ့ မြင်နေကြတဲ့ ဂျပန်ပြည်
အတွင်းက ပြည်သူတွေ ဘယ်လိုများနေကြါလိမ့် သူတို့ စိတ်ထားတွေ ကရေကျွန်တော်တို့ ပေါလိဝုတ် ကားတွေ မှာလိုထမိန် မြင်တာနဲ့ မုဒိန်းကျင့် ၊ တွေ့တဲ့ကွတတ လျောက်လာပြီး တွေ့သမျှလူကို ပိတ်ရိုက် အဲ့လိုကြီးမားလားလို့ ။ဒါကဟာသအနေနဲ့ပြောတာပါ။

ဒီဇာတ်လမ်းထဲက သဘောကျမိတဲ့ ဇာတ်ဝင်ခန်းလေးတွေ တစ်ချိ့ မဟုတ်ဘူး(တော်တော်များများ)ကိုပြောပြသွားပါမယ်။ငိငိ…

ဗုံးကြဲတဲ့အထဲ အိမ်ပါ သွားပြီး အဒေါ်အိပ်မှာသွားနေကြတဲ့ သိတက်စအရွှယ် နဲ့ မသိတက်သေးတဲ့ အရွှယ်ကလေးလေး နှစ် ယောက် စစ်ပွဲ
အတွင်း အသက်ရှင်နိုင်ဖို့ ရုန်းကန်နေထိုင် ကြပါတယ်။သိတဲ့အတိုင်း ဆွေမျိုးဆိုတာ အထုပ်ပါမှာလက်ခံတာဆိုတော့ မောင်နှမနှစ်ယောက်ကို မသိ
မသာတစ်မျိုး သိသိသာသာတစ်မျိုး ပညာပြပါတယ်။ကလေးမလေး ကသူ့အစ်ကို ကျိုပေးတဲ့ ဆန်ပြုတ်
မကျက်တစ်ကျက်ကို သောက်ပြီး ညဘက် အိပ်မပျော် တော့ ငိုတော့ သူ့အဒေါ်ကအော်ပါလေရော…အစ်ကိုက သူညီမလေး အိပ်ပျော်အောင် ညီမလေး
ကို ကုန်းပိုးပြီး အပြင်ထွက် လာ ရင်းချော့သိပ်ရင်း”ဆဲဆုကို ကြည့်လိုက်စမ်း ပိုးစုန်းကြူးလေးတွေ ”

လို့ပြောပြီး ကလေးမလေး သူ့အစ်ကို ကျောပေါ်အိပ်ပျော်နေပြီး ပိုစုန်းကြုးလေးတွေ ကို ငေးကြည့်နေတဲ့အခန်းက မောင်နှစ်မ သံယောဇဉ်
အကို တွေရဲ့ ညီမအပေါ်ထားတဲ့ မေတ္တာကို နည်းနည်းလောက်တွေ့ရပြီး နှာခေါင်းထဲက လေကိုဖြည်းဖြည်းလေးထုတ်ပြီး လူကို နည်းနည်း
၃ စက္ကန့်လောက် ပြုံးမိသွားပါတယ်။

ဒီပြကွက်ကိုရီးယားတွေ ရိုက်မယ်ဆိုရင် လေကို့ဖြည်းဖြည်းခြင်းမဟုတ်ဘဲ ဟင်းက သက်ပြင်းကိုခေါင်းကနေ ခြေဖျားအထိ ချမိမယ်လို့တွေးမိပါတယ်။

မောင်နှစ်မနှစ်ယောက် အဒေါ်အိပ်က နှင်ချခံရပြီးတောထဲက ဗုံးခိုကျင်းဟောင်းထဲမှာ သွားနေကြပြီး ရှိတဲ့ ပဲလေးပြုတ်ပြီး ညဘက်ထွက်လာတဲ့
ပိုးစုန်းကြူးလေးကို သူတို့ ဂူလေးထဲ ဖမ်းသွားပြီးအထဲမှာ လွတ်ပေးလိုက်ပြီး ဆော့နေကြတဲ့ မောင်နှစ်မ နှစ်ယောက် လောကဓံ ခဏလောက်မေ့ပြီး သူတို့ ရဲ့ လူသူမရှိတဲ့ ကမ္ဘာလေးထဲမှာ ပျော်နေကြတဲ့ အခန်းက ဟိုလွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ညဘက် ရပ်ကွက်ထဲ ပိုးစုန်းကြူတွေ
လျောက်ဖမ်းနေတဲ့ အချိန်ကို ခဏလောက်သတိရသွားမိတယ်။ ပျော်ရွှင်မှုဆိုတာထရံလေးဘက်ကာပြီး နေရတဲ့ သူနဲ့ သိန်း ၆ သောင်းတန်အိမ်မှာနေရတဲ့သူ မတူပေမယ့်နှစ်ယောက်လုံး သူနည်းသူ့ဟန်နဲ့ ခံစားနိုင်ကြပါတယ်။

မောင်နှမနှစ်ယောက် မြက်ဖျာပေါ်မှာလှဲပြီး ဟိုအရင်က အဖေနဲ့ အမေ နဲ့ပျော်စရာကောင်းခဲ့တဲ့သူတို့ အချိန်လေးတွေ ကို သတိရပြီး
အဲ့တုန်းက ဘယ်လိုစားခဲ့တာအရမ်းစားလို့ကောင်းတာဘာတွေ စားခဲ့ တာနင်ရောအခုဘာစားချင်လဲ ပြောနေကြပုံကကိုယ်ကလေးဘဝတုန်းက အကြောင်းလေးပြန်
သတိရမိသွားတယ်။ လူတော်တော်များများမှာလဲအဲ့လို အချိန်မျိုး အမှတ်တရမျိုးလေးရှိတက်ကြပါတယ်။

ရေစက်လေး တစ်တောက်တောက်မြေကြီးပေါ်ကို ကြတာ ကြည့်ရင်း မျက်လုံးထဲမှာ အစ်ကိုပြန်လာတာစောင့်နေတာလား၊ အမေကိုအရမ်း
တွေ့ချင်နေတာလား၊ အရင်အချိန်တွေကို ပြန်သတိရနေတာလား၊ ဝမ်းနည်းနေတာလားမသဲကွဲတဲ့ မျက်လုံးလေးနဲ့ မြက်ဖျာလေးပေါ်မှာ
ညိုညစ်ညစ် အဖြူရောင်အကျီ င်္ လေးနဲ့ ဘောင်းဘီရှည်လေးဝတ်ပြီး ဗိုက်လေးဖောင်းလိုက်ပိန်လိုက် နဲ့ ငေးကြည့်နေတာ ထမင်းတော်မစား
နိုင်တော့ဘူး ရင်ထဲပြည့်သွားတယ်။

မြေကျင်းလေးထဲကမြက်ဖျာလေးထဲမှာ မျက်နှာမှာညစ်ပေမနေတော့ဘဲ နှစ်နှစ်ခြိုက်ခြိုက်ကလေးမလေး ၊ဘေးမှာ သူအမြဲတမ်းကိုင်ထားနေတဲ့ အရုပ်လေးနဲ့ သကြားလုံးဗူးလေးနဲ့အိပ်ပျော်နေတဲ့ ကလေးမလေး။ နောက်ခံ တီးလုံးက တစ်လုံးခြင်းသံစဉ်တွေထုတ်လွှင့်နေတယ်။

ဆဲဆုကို နင်ဘေးမှာ ပိုးစုန်းကြူးလေးတွေ အဖော်လုပ်ပေးနေပါတယ်။မြေကြီးအောက်မှာ အေးစက်နေပေမယ့် မေကြီးနဲ့တွေ့ရင် နင်နွေးသွားမှာ
မေကြီးနဲ့ တွေ့ရင် ကိုကြီးကို မမေ့နဲ့ နော်…………………….

မောင်နှမ ရှိတဲ့ သူတွေ ကိုယ့်ညီမ အစ်ကိုကိုဒီကားနဲ့ သတိလေးရပြီး ကျေးဇူးတင်နိုင်ကြပါစေ။

ဇာတ်ကားသုံးကားထဲမှာ ပိုသဘောကျမိတာကာတွန်း version ပါပဲ။ ဒီကားထဲမှာ ကလေးမလေးကိုတွေ့ရတာ သရုပ်ဆောင်တစ်ယောက်
လိုမဟုတ်ဘဲ ကျွန်တော်တို့ ရပ်ကွက်ထဲမှာတွေ့နေကြ ကလေးမလေးလိုမျိုးဖြစ်နေတယ်။
တစ်ချို့နေရာတွေမှာ ပြောင်းလဲလိုက်ရင်ဇာတ်လမ်းက မျက်ရည်ခွက်နဲ့ ခံရမဲ့ ဇာတ်ကားဖြစ်သွားမှာပါ။
ဒီကားကို ကိုးရီးယားတွေ ရိုက်ရင် ကောင်းမှာပဲလို့ တောင်စဉ်းစားမိပါတယ်။ ဇာတ်ညွှန်းဆိုတာကိုသူများတွေတော့ ဘယ်လိုမြင်လဲမသိပေမယ့်
ကျွန်တော်ကတော့ ရုပ်ရှင်ကြည့်ဖို့ လမ်းညွှန်လို့မြင်ပါတယ်၊ သူကဒီနေရာမှာ ဒီလိုပြောထားတယ် ဒီနေရာလေးမှာ ဘယ်လိုရှိမလဲ ဆိုတာ
ကြည့့်ရတာ ကိုယ် အရင်မခံစားမိတဲ့ဇာတ်ကွက်က ပိုပြီး ခံစားလို့ရတယ်ပေါ့။
ကျွန်တော် HLK ပါ။

Qty – 720p DvD rip

Duration – 1hr 54min

Gern – Drama/War

Translator – Htet Lin Kyaw

Encoder – Kyaw Ye Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies