Tokyo Ghoul ‘S’ (2019)
To Eat Or To Be Eaten

Synopsis:
Tokyo Ghoul S (2019)
————————————–
Tokyo Ghoul anime Manga တို့ကနေ ပြန်ရိုက်ထားတဲ့ Tokyo Ghoul 2017 အပြီးမှာ
ဆက်ထွက်လာတဲ့ Tokyo Ghoul ဇတ်ကားဖြစ်ပါတယ်။
ကာနဲကီ လို့ခေါ်တဲ့အထက်တန်းကျောင်းသားလေးဟာ မကြောင်သင့်တဲ့မမကြီးတစ်ယောက်ကို
ဖွန်ကြောင်မိရာနေ စလို့ လူသားစား ဂူးလ်ဘဝကိုရောက်ခဲ့ရပါတယ်။
ဂူးလ်တွေကို ထောက်လှမ်းသတ်ဖြတ်တဲ့ ထောက်လှန်းရေးရန်ကနေ
ဂူးလ်ကလေးမတစ်ယောက်ကိုကာကွယ်ပေးရင်း ဂူးလ်တွေဖွင့်တဲ့ ကော်ဖီဆိုင်လေးမှာ စားပွဲထိုးဘဝနဲ့
နေထိုင်နေတဲ့ ကာနဲကီဟာ အေးချမ်းမယ်ထင်တုန်းလေး ဘူးလေရာဖရုံဆင့်ခဲ့ရပါတယ်
အစားကျူးသူတစ်ယောက်က နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ကိုသတ်စားရာကနေစလို့
CCG တွေရဲ့ မျက်စောင်းထိုးခံလာရတဲ့ ဂူးလ်တွေအများဆုံးနေထိုင်ရာ ၂၀ ရပ်ကွက်။
၂၀ ရပ်ကွက်ထဲမှာ လူသားကို စိတ်ကြိုက်ရွေးချယ်စားသောက်တတ်တဲ့ ဂူးလ်တစ်ကောင်ရှိပါတယ်။
သူက ကာနဲကီတို့ ကော်ဖီဆိုင်လေးကိုရောက်လာပြီး ကာနဲကီကို တွေ့ရာကနေ မစားရမနေနိုင်အောင် ကာနဲကီကို
စွဲလမ်းသွားခဲ့ရပါတယ်။ နောက်ဆုံး ကာနဲကီကို စားသောက်ဆိုင်တစ်ခုကို ညစာကျွေးဖို့ခေါ်ပြီး ကာနဲကီကို အမဲဖျက်ဖို့ကြံပါတယ်။
ကာနဲကီ ဒီအစားကျူးသူ ဆုကီယာမ လက်ကဘယ်လိုလွတ်အောင်လုပ်ရမလဲဆိုတာနဲ့
လူသားတွေနဲ့ သူတို့အသက်ဆက်ရှင်နိုင်ဖို့ လူသားကိုပဲမဖြစ်မနေစားရင်း အသက်ရှင်နေရတဲ့ ဂူးလ်တို့ကြားမှာ
လူတစ်ပိုင်း ဂူးလ်တစ်ပိုင်း ဘယ်ဘက်ရောက်ရောက်အစားခံနေရတဲ့ ကာနဲကီ ဘာကိုရွေးမလဲ
ကိုယ့်အသားကိုတောင် သူအသက်ရှင်ဖို့ လိုလိုချင်ချင်အစားခံရလောက်အောင် ချစ်မိသွားတဲ့ လူသားမလေးအကြောင်းတို့ ဒီထဲမှာကြည့်ဗျာ…
လေကြောရှည်ရရင် CGI မဆိုးဘူးပြောရမယ်။ Overacting ကတော့ ၂၅ % လောက်ပါသေးပေမဲ့
ဂျပန်ကားနှုန်းနဲ့ပြန်ကြည့်ရင်တော့ တော်တော်ကြီးလျော့သွားတယ်ပေါ့။
မင်းသားကတော့ ၂၀၁၅ တုန်းက Death note တီဗွီစီးရီးက Yagami Light နေရာကသရုပ်ဆောင်ပေါ့ မဆိုးဘူးပေါ့ဗျာ။
နောက် Tokyo Ghoul ဖန်မဟုတ်ဘဲ ကြည့်မဲ့သူဆိုရင် ၂၀၁၇ ကြည့်ပြီးသားဆို အဆင်ပြေမယ်ဗျ။
ဇတ်လမ်းသွားလေးက မိုက်တယ်။
Translated and Reviewed by : Myo Myint Mg
Encoded by : YK
Quality : 1080p Blu-Ray and 720p
File Size : 1.8GB and 884MB
Duration : 1h 41mins
Subtitles : Myanmar (hardsub)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။