Channel Myanmar

To My 19-Year-Old (2018)

N/A 1h 39min DramaRomance

7.5
IMDB: 7.5/10 1,784 votes

N/A

China, Hong Kong

770814

Report error

ကျွန်​မတို့အတိတ်​မှာ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ စွန့်​လွှတ်​ခဲ့ရ​ပေမယ့်​ ရင်​ထဲ ​မေ့လို့မရနိုင်​ခဲ့တဲ့ ချစ်​ရသူ​တွေ ရှိကြမှာပါ။

တကယ်​လို့သာ အချိန်​စက်​ဝန်းကိုပြန်​လှည့်​ခွင့်​ကြုံခဲ့ရင်​ သူ့ဆီပြန်​သွားမှာလား ?

442

ဒါမှမဟုတ်​ စွန့်​လွှတ်​ဖို့အတွက်​ ​ရွေးချယ်​မှာလား ?

အချစ်​ဦးကိုပဲ တမ်းတသတိရ​နေတဲ့ စွန့်​စားခရီးထွက်​​နေသူ မို့​ရှောင်​ဖုန်းတစ်​​ယောက်​ လမ်းခရီးမှာ မ​တော်​တဆဖြစ်​ပြီး ဆုံးပါးသွားတဲ့အခါ သူ​အချစ်​ဦးအတွက်​ ​နေ့စဉ်​​ရေး​နေခဲ့တဲ့ စာ​သေတ္တာ​လေးဟာ သူချစ်​ရသူ ရန်​ယိရွှယ်​ဆီ​ရောက်​လာခဲ့ပါတယ်​။

မို့​ရှောင်​ဖုန်းကိုချစ်​​ပေမယ့်​ သူငယ်​ချင်းသံ​ယောဇဉ်​​တွေ အတင်းအဖျင်း​တွေကို ​ကြောက်​လို့ စွန့်​လွှတ်​ခဲ့တဲ့ ရန်​ယိရွှယ်​တစ်​​ယောက်​ ​နောင်​တ​တွေနဲ့ ငို​ကြွေးရင်း မို့ရှောင်​ဖုန်း​ပေးခဲ့တဲ့ ​သေတ္တာ​လေးဟာ အတိတ်​ကာလကို ဆက်​သွယ်​လို့ရတဲ့ ဆန်းကြယ်​တဲ့အရာဖြစ်​​နေမှန်း သိသွားတဲ့အခါ…..

သူ​နောင်​တရခဲ့တဲ့ အခိုက်​အတန့်​​တွေကိုပြန်​လည်​ပြုပြင်​ရင်း ဒီ​သေတ္တာ​လေးရဲ့အကူအညီနဲ့ သူ့ရဲ့ ၁၉နှစ်​အရွယ်​ဘဝကို ပြန်​သွားခဲ့တဲ့ ရန်​ယိရွှယ်​တစ်​​ယောက်​ ဒီတစ်​ခါ​ရော မို့​ရှောင်​ဖုန်းနဲ့ အတူရှိဖို့ကို ​ရွေးချယ်​မှာလား…..

ဒါမှမဟုတ်​ သူ့အ​ပေါ် အနစ်​နာခံကူညီပြီးကြင်​နာတဲ့ လက်​ရှိချစ်​သူ ကျီယုအနားမှာပဲ ဆက်​ရှိ​နေမှာလား…..ဆိုတာ​လေးကို​တော့ ဒီဇာတ်​ကား​လေးကို အဆုံးအထိကြည့်​ရှုပြီး ခံစားကြည့်​လိုက်​ကြပါ​နော်​။

အဓိပ္ပာယ်​ရှိတဲ့စာသား​လေး​တွေနဲ့ ကိုယ့်​ရဲ့ဆယ်​​ကျော်​သက်​ဘဝကို ပြန်​လည်​အမှတ်​ရမိ​စေမယ့်​ ဇာတ်​လမ်း​ကောင်း​လေးမို့ လက်​မလွှတ်​တမ်းကြည့်​ရှုဖို့ ​ညွှန်းဆိုလိုက်​ပါတယ်​​နော်​။

မို့​ရှောင်​ဖုန်း အဖြစ်​Po-Hung Lin

ရန်​ယိရွှယ်​အဖြစ်​ Anni Shi

ရန်​ယိရွှယ်​ရဲ့ လက်​ရှိချစ်​သူ ဝန်​ကျီယုအဖြစ်​ Minghan He

မို့​ရှောင်​ဖုန်းကို တစ်​ဖက်​သတ်​ချစ်​​နေသူ ရန်​ယိရွှယ်​သူငယ်​ချငိး လီချန်​အဖြစ်​ Wendy Wang တို့ကပါဝင်​သရုပ်​​ဆောင်​ထားပြီး Rating 7.5/10ရထားတဲ့ ဇာတ်​ကား​လေးပဲဖြစ်​ပါတယ်​။

 

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကြာဖြူလွင်ပါ)

 

File Size : (850 MB) and (380 MB)
Quality : WEB-DL 720p
Running Time : 1hr 39min
Format : Mp4
Genre : Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080P WEB-DL AVC AAC-HQC
Translated by Kyar Phyu Lwin
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies