Channel Myanmar

To Be Killed by a High School Girl (2022)

1h 50min DramaHorrorThriller

5.5
IMDB: 5.5/10 47 votes

Japan

60522

Report error

To be killed by a High School Girl (2022)

ဒီဂျပန်ကားက တော်တော်လေးစားတယ်။ ဇာတ်အိမ်တည်ထားက သူ့နာမည်အတိုင်းပဲ အထက်တန်းကျောင်းတစ်ကျောင်းမှာ။
ဒါပေမဲ့ သူက စိတ်ပညာနဲ့ သဘာဝလွန်ကို သမပြီး မှုခင်းဒရာမာလိုလို ပြသွားတယ်။
ဒီကားရဲ့ အဓိကဇာတ်လိုက်က အထက်တန်းကျောင်းတစ်ကျောင်းက သမိုင်းဆရာ။
သူက သမိုင်းဆရာဆိုပေမဲ့ အစက စိတ်ပညာသင်ယူနေရင်းကနေ အကြောင်းတစ်ခုကြောင့် အထက်တန်းကျောင်းမှာ ဆရာဝန်လုပ်တဲ့လူ။

442

ဆန်းတာက သူ့ရဲ့ စိတ္တဇပဲ။ ထူးထူးဆန်းဆန်းပဲ သူက သူ့ကို သတ်တာခံချင်တဲ့ရောဂါရှိနေတယ်။
ဒါပေမဲ့ တွေ့ကရာလူသတ်တာခံချင်တာမျိုးတော့မဟုတ်ဘူး။ အတိအကျဆို ၁၇နှစ်အရွယ် အထက်တန်းကျောင်းသူလေး သတ်တာ ခံချင်တာ။
ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ဒီလိုသတ်တာမှာ ပလိန်းကြီးသတ်တာလည်းမခံချင်ဘူး။ သူက ပြန်ရုန်းကန် ပြန်လွတ်အောင်လုပ်ဦးမယ်။
ဒါကိုမှ ဟိုကမရမကသတ်ရမယ့် အခြေအနေကို လိုချင်တာ။ သူ့လို လူကြီးကို ကလေးမလေးက သတ်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။

ဒါကြောင့်မို့ သူရွေးထားတဲ့ပစ်မှတ်က Personality တွေ ကွဲနေတဲ့ အထက်တန်းကျောင်းသူလေး။
သူ့ချည်းဆိုရင်တော့ ဒီကောင်မလေးက သာမန်ကောင်မလေး အားပဲ။
ဒါပေမဲ့ ဒီကောင်မလေးက အသက်၈နှစ်မှာတင် အသက်၃၀ကျော် လူကြီးတစ်ယောက်ကို သတ်ဖူးတယ်။
ဒါပေမဲ့သူ ဘာမှမမှတ်မိဘူး။ သူ့ရဲ့တခြား Personalityတွေကလည်း သူ့ကိုမမှတ်မိစေချင်ဘူးကိုး။ သူဒီလိုကွဲနေမှန်းလည်း သူလည်းမသိဘူး။

ဒီတော့ ကျောင်းဆရာဟာ Personalityကွဲနေတဲ့ ကောင်မလေးရဲ့ တခြားစိတ်တွေကို အသုံးချပြီး သူ့ဆန္ဒပြည့်ဝအောင်ကြံတယ်။
ဒါပေမဲ့ ကောင်မလေးဘက်မှာ သူ့သူငယ်ချင်း သဘာဝလွန်စွမ်းအားတွေရှိနေတဲ့ ကလေးမလေးက
တစ်ချို့အဖြစ်တွေကို ကြိုမြင်နေတော့ သူနည်းနည်းတော့ တိုင်ပတ်လာတယ်။
ဘာတွေဆက်ဖြစ်မလဲ ကျောင်းဆရာပဲ အောင်မြင်သွားမလား။ ကောင်မလေးပဲ လွတ်မြောက်သွားမလား။
ကောင်မလေးထဲက Personalityတွေ နိုးထလာအောင် ကျောင်းဆရာက ဘယ်လိုတွေကြံပြီ
ကောင်မလေး သူငယ်ချင်းက ဘယ်လိုတွေတားမလဲတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ပါ။
တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ရှုပ်ထွေးတဲ့ဇာတ်လမ်းပါပဲ။

အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။

Genre….. Drama, Horror, Thriller
Quality…. 1080p | 720p | 480p
File size… 1.44GB | 693MB | 336MB
Format… mp4
Duration…. 1h 50min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. W
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

To Be Killed by a High School Girl (2022)
To Be Killed by a High School Girl (2022)
To Be Killed by a High School Girl (2022)


No downloads available

Genres



Related movies