Tik Tok (2016)


Synopsis:
Tik Tok (2016)_____IMDb – 5.5/10
IMDb 5.5 ရထားတဲ့ တရုတ် – ကိုရီးယားဖက်စပ်အက်ရှင်ဇာတ်ကားအလန်းလေးကို
ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
လူဆိုတာမျိုးကယုံကြည်ချက်သန်ရာသန်ရာကိုလိုက်တတ်တဲ့သူမျိုးပါ
ဒါပေမယ့်ဘယ်ကိစ္စမဆို ယုံကြည်ချက်အစွန်းရောက်သွားပြီး
နာကျင်မှုတွေပါပေါင်းစပ်လိုက်တဲ့အခါ ရလဒ်မကောင်းတတ်တာကို
ဒီကားလေးထဲမှာတွေ့မြင်နိုင်မှာဖြစ်ပါတယ်
ဇာတ်လမ်းကျဉ်းကဆိုရင်ဖြင့် ကိုးတစ်တနဲ့ကိုးကျစ်ဟွားတို့က
ညီအစ်ကို ၂ယောက်ထဲက အစ်ကိုဖြစ်သူ ကိုးကျစ်တ က
လောင်းကစားအလုပ်ကိုစွဲလမ်းရူးသွပ်သူပါ ဘယ်လောက်တောင်ရူးသွပ်သလဲဆို
လူကသာစိတ်ကစဉ့့်ကလျားဖြစ်သွားတယ်
လောင်းကစားစိတ်ကပျောက်မသွားပါဘူးတစ်ခုရှိတာက
သူ့မှာငယ်ငယ်လေးထဲက အနိုင်ရလိုမှု ဆိုက်ကိုပါ ရှိနေလေတော့
သူ့ရဲ့စိတ်ဝေဒနာဟာတစ်နေ့တစ်ခြားဆိုးရွားလာပါတော့တယ်
“ကံဆိုးမသွားရာမိုးလိုက်လို့ရွာ”ဆိုသလိုပဲ
ကုမ္ပဏီပျက်စီးပြီးကြွေးတွေပိ လူကလဲစိတ်ဝေဒနာရသွားလေတော့
ညီဖြစ်သူကလည်း ရွာလည်တော့တာပေါ့
ဒီလိုဒုက္ခတွေကြားထဲကရုန်းထွက်နိုင်အောင်လို့
အစ်ကိုဖြစ်သူကိုးကျစ်တကအကြံကြီးကြီးမားမားတစ်ခုအကောင်အထည်ဖော်ခဲ့ပါတယ်
လက်တလုံးခြားလှည့်ကွက်တွေနဲ့ ကိုရီးယားရဲတွေဒုက္ခပေးပါတော့တယ်
နောက်ပိုင်းကော ကိုးကျစ်တနဲ့ ကိုးကျစ်ဟွားတို့ဘာဆက်ဖြစ်ကြမလဲ
ပဲလှော်ကြားဆားညှပ်ခဲ့ရတဲ့သူတွေကကောဘယ်သူတွေဖြစ်မလဲ
ကိုရီးယားရဲတွေကကောဘယ်လို ဖြေရှင်းကြမလဲ ပီပြင်လှတဲ့
နောက်ဆုံးလှည့်ကွက်ကြီးကိုကော ဘယ်လိုတောင်တအံ့တသြခံစားကြရမလဲဆိုတာကတော့
ပြီးခါနီးလေးအထိသေချာစောင့်ကြည့်ကြပါစို့ဗျာ
တစ်ခုတော့ရှိတယ်ဒေါက်တာမလေးကိုတော့မကြွေမိကြအောင်ထိန်းကြပေါ့ဗျာ….:P
Qty – 720p Web dl
Type – Mp4
Duration – 1hr 45min
Gern – Crime / Mystery
Subtitle – Myanmar Hardsub
Translator – Pyae Xein Sett
Review – Pyae Xein Sett
Encoder – Kyaw Ye Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။