Ticket to Paradise (2022)
They’re in this together for better or worse.

Synopsis:
Ticket to Paradise (2022)
ဟောလိဝုဒ်ရဲ့ ရွှေခေတ်နှောင်းကာလလောက်မှာမှ ဒီကို ဟောလိဝုဒ်ရွှေခေတ်လောက်ကကားတွေ ရောက်လာပြီးနောက် ကြည့်ခဲ့ကြတဲ့သူတွေကတော့ ဂျော့ကလူးနေးနဲ့ ဂျူလီယာရောဘတ်တို့ကို ကောင်းကောင်းကြီး ရင်းနှီးကြမှာပါ။ ကလူနေးကတော့ သူ့ခေတ်က ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့သလို လူကြိုက်များတဲ့ကားကောင်းတွေ ရိုက်ခဲ့တာလည်း မနည်းမနောပါပဲ။ Batman & Robin နားဝန်းကျင်မှာ စချာလာခဲ့ပေမဲ့လည်း အစဉ်အလာကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက် မင်းသားကြီးအဖြစ်ကနေတော့ မရွေ့လျောသွားဘူးဆိုရမှာပါပဲ။ ဒီကားကတော့ သူနဲ့ သူ့လိုပဲ အစဉ်အလာကြီးတဲ့ မင်းသမီးကြီးဖြစ်တဲ့ ငယ်ဘဝရဲ့ Celebrity Crush မမစာရင်းထဲအပါအဝင်ဖြစ်တဲ့ ဂျူလီယာရောဘတ်နဲ့အတူ တွဲဖက်ပါဝင်ထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပါပဲ။
ဒေးဗစ်နဲ့ ဂျော်ဂျီယာက ကောလိပ်အပြီးမှာပဲ လက်ထပ်ယူခဲ့ကြတဲ့ ငယ်ချစ်တွေပေမဲ့ ကံမပါခဲ့တော့ သမီးလေးလီလီကိုမွေးပြီး အိမ်ထောင်သက်ငါးနှစ် အရောက်မှာပဲ ခွာပြဲခဲ့ကြတယ်။ အဲဒီကနေ ၁၄ နှစ်အကြာမှာတော့ ဆုံလိုက်တိုင်း တဗျစ်တောက်တောက် ဖြစ်တတ်ကြတဲ့ အဖေနဲ့အမေရဲ့ အုပ်ထိန်းမှုကြားမှာ လီလီတစ်ယောက် ဥပဒေဘွဲ့နဲ့ ကျောင်းပြီးသွားခဲ့တယ်။ ဒါပေမဲ့ သူအလုပ်မဝင်ခင်မှာ ဘာလီကို အပန်းဖြေခရီးထွက်ရာကနေ သူ့ဘဝဆုံးဖြတ်ချက်တွေကို ပြန်ဒွိဟဖြစ်လာစေတဲ့ အချစ်မျိုးနဲ့ ကြုံလိုက်ရပြီးတော့ ရှေ့နေဘဝကိုစွန့်ပြီး အဲဒီမှာပဲအခြေချဖို့ လုပ်ချိန်မှာတော့ သမီးဖြစ်သူကို ဆုံးမပြီးတော့ အိမ်ပြန်ခေါ်သွားဖို့ မောင်းတင်ပြီးတော့ ကျွန်းကိုလိုက်လာကြတဲ့ ဒေးဗစ်နဲ့ ဂျော်ဂျီယာတို့ပါ အတိတ်ကရွေးချယ်မှုတွေကို ပြန်သုံးသပ်ရင်း သူတို့ရဲ့နှလုံးသားအဟောင်းတွေကို အသစ်ပြန်မွေးဖွားစေဖို့ ဖြစ်လာကြတော့တယ်။
ရိုမန့်ဟာသ အမျိုးအစားကားပေမဲ့ ဂျော့ကလူးနေးနဲ့ ဂျူလီယာရောဘတ်တို့ကို သူတို့အသက်အရွယ်နဲ့လည်း လိုက်ဖက်ပြီး သူတို့ သရုပ်ဆောင်စကေးကို ပြန်မြင်ရစေမယ့် ရုပ်ရှင်ဆိုတော့ ပရိသတ်ဟောင်းတွေလည်း ကြည့်သင့်သလို သူတို့ကို သိပ်မရင်းနှီးသေးတဲ့သူတွေ ရှိများရှိခဲ့ရင်လည်း ကြည့်ကြဖို့သင့်တဲ့ကားကောင်းတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်)
Size – 1.9GB, 845MB
Quality – 1080p, 720p
IMDb Rating – 6.2/10
Format – mp4
Duration – 1H 44Min
Genre – Comedy, Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by Costanza
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။