Thirteen Generals of Han Dynasty ( 2019 )


Synopsis:
CMကနေ ယခုတစ်ခေါက် တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့
သမိုင်းဖြစ်ရပ်ကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့ ရှေးခတ်စစ်ကားပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်တော့ အေဒီ၇၄ခုနှစ်ဝန်းကျင်က
ဟန့်မင်းဆက်ကို ပြန်လည်ထူထောင်ပြီးကာလအတွင်း
အနောက်ဘက်မြို့လေးဖြစ်တဲ့ စူးလဲမြို့လေးကို တပ်အင်အားကြီးမားတဲ့
မော့ပေစစ်တပ်က ဝိုင်းထားခဲ့တာ လအတော်ချီနေခဲ့ပါပြီ
တပ်အင်အားနှစ်သောင်းကျော်ရှိတဲ့ မော့ပေတပ်ကြီးက
တပ်အင်အား၃၀၀ပဲရှိတဲ့ ဟန့်ပြည်ရဲ့တပ်လေးကို
အနိုင်မတိုက်နိုင်ရတဲ့အကြောင်းအရင်းကတော့
လက်ရုံးရည်ရော နှလုံးရည်ရောပြည့်စုံတဲ့ စစ်သူကြီး ကန်ကုန်းကြောင့်ပါပဲ
ဟန့်မင်းဆက်ရဲ့ နန်းတွင်းမှာလည်း တိုင်းပြည်ရေးရာတွေ
ရှုပ်ထွေးနေချိန်နဲ့ သွားတိုက်တဲ့အချိန်မှာတော့
လော့ယန်မြို့ကနေ တပ်ကူလွှတ်ဖို့အချိန်ကြန့်ကြာနေခဲ့ပါတယ်
ဒီလိုနဲ့ တိုက်ပွဲတိုင်း ရှုံးပွဲမရှိတဲ့ မော့ပေတပ်ကြီးနဲ့ ဗျူဟာကောင်းတွေကို
ပိုင်ဆိုင်ထားတဲ့ ကန်ကုန်းရဲ့ တဖြေးဖြေးနဲ့
လူအင်အားလျော့နည်းလာတဲ့ ဟန့်ပြည်တပ်လေး
လာတိုက်လိုက် တပ်ဆုတ်လိုက်နဲ့နေရင်း
အချိန်တစ်နှစ်ပြည့်လုနီးပါးဖြစ်လာတဲ့အချိန်မှာတော့
မော့ပေတပ်ကြီးက နောက်ဆုံးအနေနဲ့ စစ်ပွဲကို အပြီးသတ်ဖို့
စစ်ချီလာခဲ့ချိန်မှာတော့ တပ်သား၁၃ ယောက်နဲ့ စူးလဲမြို့ကို
မော့ပေတပ်ရန်ကနေခုခံကာကွယ်နေတဲ့ ကန်ကုန်းတို့ လက်နက်ချလိုက်ရပါတော့တယ်
ကံကောင်းစွာနဲ့ပဲ လော့ယန်က တပ်ကူတွေရောက်ရှိလာချိန်မှာတော့
ဟန့်ပြည်ရဲ့မြေပေါ်ကနေ ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့ပါတော့တယ်
သမိုင်းဖြစ်ရပ်မှန်ကို နောက်ခံရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့လို့
စစ်ကားကြိုက်နှစ်သက်သူတွေနဲ့ သမိုင်းနောက်ခံကားတွေကို
ကြိုက်နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရှုဖို့ ညွှန်းပေးချင်ပါတယ်နော်
Filesize : 1.03 GB / 636 MB
Quality : WEB-DL 1080p , 720p
Format : mp4
Genres : Drama , Action , War
Runtime : 1h 25 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Kyawt
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။