Them That Follow (2019)


Synopsis:
Drama/Thriller ကားတစ်ကားပါ။
ဝေးလံခေါင်ပါးတဲ့ တောင်ပေါ်ဒေသလေးတစ်ခုမှာပေါ့
အရမ်းဘာသာရေးကိုယုံကြည်အစွန်းရောက်နေတဲ့သူတွေနေကြတာပေါ့။
ဘယ်လိုမျိုးလဲဆိုရင် သူတို့ဘုရားကျောင်းမှာ
နှစ်ခြင်းဖျန်းခြင်းတွေလုပ်တာမျိုးမဟုတ်ဘဲ
မြွေတွေကိုလည်ပင်းမှာပတ်ခိုင်းပြီး
ဘုရားသခင်အပေါ်ယုံကြည်မှုကိုစမ်းသပ်တာပေါ့။
မြွေကလည်းရိုးရိုးမြွေမဟုတ်ဘဲ
အဆိပ်အင်မတန်ပြင်းလှပါတယ်ဆိုတဲ့ ခလောက်မြွေတွေပေါ့။
(မြွေကိုသုံးရတဲ့အကြောင်းအရင်းက
စေတန်ကအိဗ်ကိုပန်းသီးစားဖို့ မြူဆွယ်တုန်းက
မြွေယောင်ဆောင်ခဲ့လို့
ဒါကိုစမ်းသပ်ချက်တစ်ခုအဖြစ်လုပ်ဆောင်တာလို့ ကျွန်မယူဆမိပါတယ်။)
အဲ့လိုမျိုးတင်းကြပ်တဲ့ဒေသမှာ သင်းအုပ်ဆရာရဲ့သမီးမှာ
စစ်စတာတစ်ယောက်ရဲ့သားနဲ့ရတဲ့ကိုယ်ဝန်ရှိလာပါလေရော။
စစ်စတာရဲ့သားက အဲ့တောင်ပေါ်မှာဘာသာရေးကိုမယုံကြည်တဲ့
တစ်ယောက်တည်းသောသူ။
ဒါနဲ့ကောင်မလေးက သူတို့နှစ်ယောက်မဖြစ်နိုင်ဘူးဆိုတာလည်းသိပြန်၊
သူ့ကိုကြွေနေပြီး သူ့အဖေကလည်းသဘောတူထားတဲ့ကောင်ကလည်းရှိဆိုတော့
အဲ့ကောင်ကိုပဲ ဂျိုတပ်ဖို့လုပ်တာပေါ့။
ဒါပေမယ့် အဲ့အကြောင်းကို စစ်စတာသိသွားပြီး
သူ့သားကိုပြောလိုက်တဲ့အခါမှာတော့
ဘာသာရေးကိစ္စတွေပါရောထွေးပြီး ဗြောင်းဆန်ကုန်တော့တာပါပဲ။
အစပိုင်းမှာပျင်းစရာကောင်းပေမယ့်
နောက်ကြအရှိန်တက်လာပါတယ်။ ခံစားကြည့်ရှုလိုက်ပါအုံး။
File Size : ( 918 MB , 341 MB)
Quality : WEB-DL 720p
Running Time : 1 hr 38 min
Format : Mp4
Genre : Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Moe Lay
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။