Channel Myanmar

Theatre: A Love Story (2020)

N/A    

R 2h 16min DramaRomance

7.3
IMDB: 7.3/10 1,656 votes

, , , , , , , ,

N/A

Japan

469172

Report error

ဒီတခါတော့ ၂၀၂၀ထွက် ဂျပန်romance/dramaဇာတ်လမ်းလေး

တင်ဆက်ပေးလိုက်ပါတယ်.

442

တကယ်ကို ရင်ထဲမှာ ခံစားသွားရစေမယ့်

အချစ်ဇာတ်လမ်းလေးတပုဒ်ဆိုလဲ မမှားပါဘူး.

ဇာတ်လမ်းအကျဉ်းလေးကတော့ Nagataဟာ သိပ်ကို

အနုပညာဘက်မှာ ထူးချွန်ချင်တဲ့ လူတစ်ယောက်ပါ.

သူဟာ ပြဇာတ်တွေအတွက် ဇာတ်ညွှန်းရေးတဲ့

စာရေးဆရာဖြစ်ပြီး အဲ့ဒီအလုပ်ကလွဲရင် တခြားဘယ်အလုပ်ကိုမှ

မလုပ်ချင်တဲ့ခေါင်းမာတက်တဲ့ လူလဲဖြစ်ပါတယ်.

တနေ့မှာတော့ သူ့ဘဝထဲကို သိပ်ကိုဖြူစင်ပြီး လှပတဲ့

နတ်သမီးလေး Sakiဝင်ရောက်လာခဲ့ပါတယ်.

Nagataဟာ ပြဇာတ်တွေရေးရတာကို ဝါသနာပါပေမယ့်

ပါရမီတော့ မပါခဲ့ပါဘူး.

ဒီတော့ လူတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး သူ့အဖွဲ့ဟာလဲ ပျက်သွားခဲ့ပါတယ်.

အဲ့ဒီအချိန်မှာ Sakiကို သူက သရုပ်ဆောင်ခိုင်းကြည့်ခဲ့ပါတယ်,

သွက်သွက်လက်လက်နဲ့ ပါရမီရှိတဲ့ Sakiလေးပါတော့

ပရိတ်သတ်တော်တော်များများက သဘောကျကျပြီး သူ့ဇာတ်လမ်းလဲ

ပေါက်သွားခဲ့ပါတယ်.

ဒါပေမယ့် သူကတော့ နောက်ပြဇာတ်တွေမှာ Sakiကိုထပ်မသုံးတော့ပါဘူး

ဘာလို့လဲဆိုတော့ သူ့ကောင်မလေးဖြစ်တဲ့ Sakiကပါရမီရှိတာသိသာလေလေ

သူကအရှုံးသမားဆိုတာ ပိုပြီးသိသာလာလေလေလို့

သူတွေးမိခဲ့လို့ပါပဲ.

အပြစ်ကင်းတဲ့ Sakiလေးကတော့ ဒါတွေကို နားမလည်ခဲ့ပါဘူး.

သူတို့နေတဲ့ တိုက်ခန်းခတွေ အသုံးစရိတ်တွေကို ပေးနိုင်ဖို့

အလုပ်ကိုနေ့ရောညရော လုပ်နေခဲ့ပါတယ်.

Sakiက ပိုပြီးဖြူစင်တာကို သိလာလေလေ Nagataဟာ

ပိုပြီး အပြစ်ရှိခံစားစိတ်ဖြစ်လာလေလေပါပဲ.

သူတို့နှစ်ဦးရဲ့ဇာတ်သိမ်းက ဘယ်လိုများဖြစ်မလဲ?

Sakiနဲ့Nagataပေါင်းဖက်နိုင်ရဲ့လားဆိုတာကို

ဇာတ်သိမ်းပိုင်းထိ ဆွဲဆောင်နိုင်ပြီး ရင်ထဲမှာ

ခံစားချက်တစ်ခု ထည့်ပေးနိုင်တဲ့ ဂျပန်ဒရာမာ

ဇာတ်လမ်းလေးဖို့ ကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ.

 

File Size – 1.4 gb

Quality – web-dl 1080p

Subtitle –  burmese

Translator – YK

Encoder – XCode



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Theatre: A Love Story (2020)


No downloads available

Genres



Related movies