The Zone of Interest (2023)


Synopsis:
၂၀၂၄ အကောင်းဆုံး နိုင်ငံခြား ရုပ်ရှင် အော်စကာဆု၊ အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊ အသံဆု နဲ့ ဇာတ်ညွှန်းဆုတို့ ဆန်ကာတင်ထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ သမိုင်း ဒရာမာ ရုပ်ရှင်ကောင်းတစ်ကားလာပါပြီ။
ဒီဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။
နာဇီအရာရှိမိသားစုဖြစ်တဲ့ ဟို့စ် နဲ့ သူ့မိန်းမ ဟက်ဝစ်တို့ ရဲ့ အေးချမ်းတဲ့ မိသားစုဘဝလေးအကြောင်းပါ။ သားသမီးတွေနဲ့ ဥယျာဉ်တွေနဲ့ ပျော်စရာအိမ်လေးတစ်အိမ်မှာ သူတို့နေကြတယ်။ သူတို့အိမ်နဲ့ကပ်ရပ်မှာတော့ ချွေးတပ်စခန်းကြီးတစ်ခုရှိတယ်။ သေနတ်သံတွေအော်သံတွေ အမြဲလိုလိုကြားရတယ်။ သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာဆိုလို့ အိမ်ဘေးက ရေကန်ထဲကို မီးရှို့သတ်ထားတဲ့ ဂျူးအလောင်းအပိုင်းအစတွေ မျောလာတတ်တာလေးပါပဲ။
ဟို့စ်ရဲ့အဓိက တာဝန်က ချွေးတပ်စခန်းက အလုပ်သမားတွေ ရွေးထုတ်ဖို့နဲ့ ပိုနေတဲ့ ဟန်ဂေရီထဲက ဂျူး ၆ သိန်းလောက်ကို အဆိပ်ငွေ့ပေးပြီး သတ်ပေးဖို့ပါပဲ။ ဒီအလုပ်က သူ့အတွက်ခက်ခဲပါတယ်။ ခံစားရလို့တော့မဟုတ်ပါဘူး။ အရိုးပြာတွေရှင်းဖို့၊ နေ့စဉ် မီးရှို့တဲ့အလောင်းအရေအတွက် ပြည့်ဖို့၊ အဆိပ်ငွေ့ပေးရတာ အဆင်ပြေဖို့တွေ စီမံရတာပါပဲ။ သူရာထူးတိုးနဲ့ နယ်ပြောင်းရတဲ့အခါ သူ့မိန်းမ ဝမ်းနည်းရပေမဲ့၊ ဂျူးတွေကို သတ်ဖို့အတွက် သူတို့အိမ်နေရာလေးကို ပြန်ပြောင်းရွှေ့ခံရတော့ မိသားစုတွေ အရမ်းကို ပျော်နေကြပုံကို ကြည်နူးစရာလေး ရိုက်ကူးပြထားတာပါ။
နာဇီမိသားစုလေးရဲ့ ရိုးရှင်းတဲ့ အိပ်မက်လေးကို ဂျူးတွေရဲ့အလောင်းပုံကို တစ်ချက်တောင် စိတ်ကူးထဲမထားဘဲ တည်ဆောက်သွားပုံလေးကို ရိုက်ပြထားတာမို့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စကားပုံမျိုးကို အပီပြင်ဆုံးတွေ့ရမှာပါ။ ဒီရုပ်ရှင်ရဲ့ ရက်ရက်စက်စက်လှပတဲ့ ပြကွက်ကတော့ ဒီရက်စက်တဲ့လုပ်ရက်တွေကို အားတင်းပြီးလုပ်နေရတဲ့ပုံမပြဘဲ သာမန်ရုံးအလုပ်လေးလို လုပ်နေရင်း သာမန်ဘဝအဖြစ် ပေါ့ပေါ့ပါးပါးနေနေတဲ့ မိသားစုရဲ့ပုံကို တင်ပြတဲ့ဟန်ပါပဲ။
ကြည့်ရင်းနဲ့ ဘာကိုပြချင်တာလဲ ခံစားမိပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။
File size…(1.8 GB)/(799 Mb)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:45:00
Genre…Drama, History, War
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Mr. Anderson
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။