The Yellow Birds (2017)
There Are Moments That Test Us And Choices That Define Us

Synopsis:
The Yellow Birds (2017)
IMDb – 5.7/10_____Rotten – 44%
ဒီရုပ်ရှင်ဟာ အမေရိကန်စာရေးဆရာ Kevin Powers ရဲ့နာမည်ကျော်စာအုပ်ဖြစ်တဲ့ The Yellow Birds ကိုရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတာပဲဖြစ်ပါတယ်။
ပြင်သစ်ဒါရိုက်တာ Alexandre Moors ကရိုက်ကူးထားပြီးတော့ Ready Player One နဲ့ ပရိသတ်တွေ တော်တော်များများသတိထားမိခဲ့တဲ့ မင်းသား Tye Sheridan က အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားကိုတော့ 2017 ခုနှစ်ကကျင်းပခဲ့တဲ့ Sundance Film Festival မှာ Premiere အဖြစ်ပြသခဲ့ပြီး 2018 မေလ ကမှ ဖြန့်ချိခဲ့တာပါ။
War, Drama အမျိုးအစား ဇာတ်ကားဖြစ်ပြီးတော့ IMDb rating 6 တောင်ရရှိထားတဲ့အတွက် ပရိသတ်အများစုအကြိုက်တွေ့တယ်လို့လည်းဆိုရမှာပါ။
ဇာတ်လမ်းအကျဉ်း
==========
Daniel Murphy ဟာ 18နှစ်သာရှိသေးတဲ့လူငယ်တစ်ဦးဖြစ်ပါတယ်။
အထက်တန်းကျောင်းအောင်ထားတာသိပ်မကြာသေးဘဲ သူ့ဘဝရဲ့အသက်မွေးဝမ်းကြောင်းကို မရွေးချယ်ခင်မှာ ကောင်းရာမွန်ရာ အလုပ်တစ်ခုခုကို လုပ်ချင်တယ်ဆိုတဲ့ စိတ်ဆန္ဒအရ စစ်မှုထမ်းဖို့ဆုံးဖြတ်ပြီးစစ်တပ်ထဲဝင်ခဲ့သူပါ။
Brandon Bartle ကတော့ အသက်၂၀ အရွယ်ရှိပြီး ကျောင်းတောင်ကောင်းကောင်းမတက်ဘဲ ဝေလေလေလုပ်ပြီးမှ နောင်တရပြီး ဘဝမှာတစ်ခုခုတော့ ဖြစ်မြောက်အောင်လုပ်မယ်ဆိုပြီး စစ်တပ်ထဲဝင်လာခဲ့သူပဲဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ တပ်ထဲရောက်ပြီး အချိန်အနည်းငယ်ကြာတဲ့အခါမှာတော့ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးသွားပါတော့တယ်။
တစ်ရက်မှာတော့ အရေးပေါ်စစ်ဆင်ရေးတာဝန်တစ်ခုကို ဆောင်ရွက်ဖို့အတွက် အထက်မှတာဝန်ပေးတာကြောင့် Murphy နဲ့ Bartle တို့နှစ်ယောက်ဟာ ပထမဆုံးအကြိမ်အဖြစ် စစ်မြေပြင်ကို ချီတက်ဖို့အကြောင်းဖန်လာခဲ့ပါတော့တယ်…..။
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးသန့်ပါ)
File Size : (763 MB)
Quality : WEB-DL 720p
Running Time : 1hr 34Min
Format : Mp4
Genre : Drama, War
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.WEB-DL.XviD.AC3-FGT
Translated by Myo Thant Kyaw
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။