The World Made Straight (2015)
For blood. For money. For a way out.

Synopsis:
The World Made Straight (2015)
=====================
ဒီ “The World Made Straight” ဆိုတာကတော့ 2015 တုန်းက ထွက်ရှိထားတဲ့ ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ဒုတိယကမ္ဘာစစ်တုန်းက သွေးမြေကျခဲ့တဲ့ အပါလာချီယန်နယ်မြေရဲ့ သမိုင်းကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဇာတ်ဆောင်ဖြစ်တဲ့ ထရာဗစ်ဆိုတဲ့လူငယ်လေးဟာ ငယ်စဉ်ကတည်းကအရမ်းဆိုးခဲ့တဲ့ အထက်တန်းကျောင်းထွက်တစ်ယောက်ဖြစ်ပါတယ်။ နယ်ခံဖြစ်တဲ့ ထရာဗစ်ဟာတစ်နေ့ မြို့နားကချောင်းငယ်လေးကိုသွားရင်း ဆေးခြောက်ပင်တွေကိုတွေ့သွားပါတယ်။ အဲဒီအခါမှာ သူငယ်ချင်းဖြစ်သူကိုပြောတော့ သူငယ်ချင်းဖြစ်သူက သူတို့နားတစ်ဝိုက်က ဆေးရောင်းဝယ်လုပ်သူဆီရောင်းဖို့အကြံပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဆေးရောင်းဝယ်လုပ်နေတဲ့ လီယွန်နက်ဆိုတဲ့သူနဲ့ သိသွားကြပါတယ်။ နောက်တစ်နေ့ ထရာဗစ်က အဖေနဲ့ပြဿနာတက်လို့ အိမ်ကထွက်လာပြီး ဆေးခြောက်ပင်တွေရှိတဲ့ ချောင်းငယ်နားကိုသွားတဲ့အခါ ဆေးခြောက်ပင်ပိုင်ရှင်ထောင်ထားတဲ့ ထောင်ချောက်မှာမိပြီး ဒဏ်ရာရသတိမေ့သွားခဲ့ပါတယ်။ ဆေးခြောက်ပင်ကို ပိုင်တဲ့လူမိုက်နှစ်ယောက်က ထရာဗစ်ကို ခြိမ်းခြောက်ပြီးပြန်လွှတ်ခဲ့ပါတယ်။ ဆေးရုံကအဆင်းမှာ ထရာဗစ်ရဲ့ အဖေက အိမ်ကိုမပြန်လာခိုင်းတာနဲ့ ထရာဗစ်က သူ့ရဲ့အသိဖြစ်တဲ့လီယွန်နက်ဆီကို ခြေဦးတည့်သွားဖို့ဖြစ်လာခဲ့ပါတယ်။ လီယွန်နက်အိမ်မှာနေခွင့်ရသွားတဲ့ ထရာဗစ်ဟာ တစ်နေ့ လီယွန်နက်ဖတ်နေတဲ့ စာအုပ်ကိုယူကြည့်လိုက်တဲ့အချိန် ဒုတိယကမ္ဘာစစ်တုန်းက ဆရာဝန်တစ်ယောက်ဖြစ်ခဲ့သူအကြောင်းရေးထားပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီဆရာဝန်ဟာ ထရာဗစ်ရဲ့ ဘိုးဘေးတွေ စစ်ပွဲမှာရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတဲ့အချိန်ရှိနေခဲ့တဲ့ ဆရာဝန်ဖြစ်နေပါတယ်။ ဒီလိုနဲ့ အတိတ်သံသရာကို စိတ်ဝင်စားတဲ့ထရာဗစ်ဟာ ဒီစာအုပ်ထဲနစ်မျောသွားပြီး စာအုပ်ထဲပါအကြောင်းအရာတွေကို လက်တွေ့မှာမျက်မြင်ကိုယ်တွေ့ရအောင် အစွမ်းကုန်ကြိုးစားပါတော့တယ်။ ထရာဗစ်တစ်ယောက် သူ့မျိုးရိုးရဲ့အတိတ်အကြောင်း ဘာတွေသိလာမလဲ၊ နောက်ဆုံးမှာ လီယွန်နဲ့ ထရာဗစ်တို့ကြားက ဆက်ဆံရေးဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုမြင်ရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားလေးဟာဆိုရင် ၂၀ ဝန်းကျင်လူငယ်တစ်ယောက်ရဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ မိသားစုပြဿနာ၊ လောကဓံပြဿနာတွေက အဲဒီလူငယ်အပေါ်ဘယ်လောက်ထိ လွှမ်းမိုးမှုရှိခဲ့လဲ၊ ဒါ့အပြင် ငယ်စဉ်အခါမှာကိုယ့်နောက်ခံက ဘယ်လောက်ဆိုးခဲ့ဆိုးခဲ့ ကိုယ် ကိုယ်တိုင်ကြိုးစားရင် ဘဝတစ်ဆစ်ချိုးပြောင်းလဲနိုင်တယ်ဆိုတာကို သမိုင်းဖြစ်စဉ်တချို့နဲ့ပေါင်းစပ်ပြီးရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအတွက် ရသမျိုးစုံပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ )
File size_(1.8GB)/(900MB)
Quality_Blu-Ray 1080p / 720p
Format_mp4
Duration_01:59:00
Genre_Action, Drama
Subtitle_Myanmar Subtitle (Hardsub)
Encoder_a hao
Translated by Mark
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။