Channel Myanmar

4K HEVCHDR The Wolf of Wall Street (2013)
Report error

The Wolf of Wall Street (2013)

R 3h BiographyCrimeDrama

8.2
IMDB: 8.2/10 1,115,674 votes

, ,

2683120

Report error

442

The Wolf of Wall Street (2013)

IMDb Rating (8.2) / Rotten Tomatoes (80%)

The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ…

အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ…

အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ…

ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ…

မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။

မင်းသမီးက Margot Robbie …သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။

သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။

မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့…သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ..

Jordan Belfort တောင် သူ့လောက် Jordan Belfort  မဖြစ်လောက်ဘူး…

လီယိုနာဒိုကမှ တကယ့်လူလည်ပတ်ကား ကျရာပျော် ငွေသမား ဆေးသမား ဆော်သမား အကုန်ကြမ်းတဲ့ တကယ့် Jordan Belfort ။

မူးယစ်ဆေးအမျိုးမျိုးကို နှစ်သက်တဲ့ Jordan Belfort မှာ မူးယစ်ဆေးတွေထက် ပိုယစ်မူးတဲ့ အရာတစ်ခုရှိတယ်…

အဲ့ဒါပိုက်ဆံပဲ။

” ပိုက်ဆံသာ အလုံအလောက်ရှိလာရင် မင်း ဘာမဆိုလုပ်နိုင်လိမ့်မယ်
ကမ္ဘာကြီးကိုလည်းသိမ်းပိုက်နိုင်လိမ့်မယ်..မင်းရန်သူတွေကိုလည်းဖျက်ဆီးပစ်နိုင်လိမ့်မယ်
ပိုက်ဆံက မင်းကိုဘဝကောင်းကောင်းတစ်ခု ဝယ်ပေးရုံမဟုတ်ဘူး
အစားကောင်းကောင်းရော ကားကောင်းကောင်းရော မိန်းမကောင်းကောင်းရောဝယ်ပေးတာ
မင်းကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာစေတယ်
မင်းကြိုက်တဲ့ဘုရားကျောင်း၊နိုင်ငံရေးပါတီ ကြိုက်တာကိုမင်းလှူလို့ရတယ်
စိတ်ပါရင် ဇီးကွက်မျိူးစိတ်တစ်ခုလုံးကိုတောင် ပိုက်ဆံပေးပြီးကာကွယ်ထားလို့ရသေးတယ်။”

ဒီလိုခံယူချက်တွေနဲ့ Jordan Belfort ဟာ ဘာမှမရှိတဲ့သာမန်အရောင်းစာရေးဘဝကနေ အချိန်တိုအတွင်း သန်းကြွယ်သူဌေးဖြစ်လာဖို့ အားထုတ်ပါတော့တယ်…

ပွဲစားတစ်ယောက် ဈေးရောင်းသူတစ်ယောက် Marketing သမားတစ်ယောက် ဈေးဘယ်လိုရောင်းရမယ်ဆိုတာ Jordan Belfort က ဒီရုပ်ရှင်မှာပြလိမ့်မယ်…

လီယိုနာဒိုရဲ့တွဲဖက်က ဟာသမင်းသား Jonah Hill  တဲ့…ပွဲကိုသိမ်းရော…နှစ်ယောက်သား တစ်ကားလုံး ဆဲလိုက် မူးလိုက် ပေါက်ကရတွေချည်းဆော်တာ။

မိသားစုနဲ့ကြည့်လို့မပြေအောင်ထိ ဇာတ်ကကြမ်းတယ်…ဒါရိုက်တာက နာမည်ကျော် Martin Scorsese ။

တခါတလေ စိတ်ညစ်လို့ Moti ပျောက်နေပြီဆိုရင် ဒီရုပ်ရှင်ကားက အမြင်တစ်မျိုးနဲ့ Moti ပေးနေပါလိမ့်မယ်။

၃ နာရီကျော်ကြာပေမယ့် လုံးဝစွဲသွားမှာမလို့ ကြည့်ကြည့်ပါ။

(4K ကိုတော့ HDR Version နဲ့ လုပ်ထားတာမလို့ ခေတ်ပေါ် ဖုန်း pc tv တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်…1080p နဲ့ 720p ကတော့ ပုံမှန်အတိုင်းကြည့်လို့ရပါတယ်။)

File size…(6.6 GB)/ (3.2 GB )/(1.6 GB)
Quality….BluRay 4K HDR/1080p /720p
Format…mkv/mp4
Duration….02:59:53
Subtitle….Myanmar Subtitle(Hardsub)
Encoder….Ka Naung
Translated by KoYe



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies