The Witness(2018)
The killer is out there

Synopsis:
The Witness(2018)
IMDb….5.5
ဟန်ဆောင်းဟွန်းတစ်ယောက် အလုပ်တစ်ခု အောင်မြင်တာနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို အရက်တိုက်ရ
ပြုစုရဆိုတော့ အိမ်ပြန်နောက်ကျနေတယ်… အိမ်ပြန်ရောက်တော့ မနက် ၁ နာရီပတ်ဝန်းကျင်ဆိုတော့ မိန်းမနဲ့ သမီးလေးကလည်း အိပ်နှင့်နေပြီ…
ထုံးစံအတိုင်း ချက်ချင်းမအိပ်သေးဘဲ ဘီယာလေးကိုမြုံနေလိုက်သေးတယ်…အဲ့ဒီအချိန်မှာပဲ တိတ်ဆိတ်တဲ့မနက်ခင်း တစ်နာရီကို ထွင်းဖောက်ပြီး မိန်းကလေးတစ်ယောက်ရဲ့ ကြောက်လန့်တကြားအော်သံကို
သူကြားလိုက်ရတယ်…. ဒါကြောင့် ပြတင်းပေါက်ကနေ အသံကြားရာဆီကို သူလှမ်းကြည့်တော့ တစ်ကိုယ်လုံးအနက်ရောင် ၀တ်ဆင်ထားတဲ့ လူတစ်ဦးက မိန်းကလေးတစ်ယောက်ကို မသေမချင်းခေါင်းကို
ထုရိုက်သတ်နေတာသူတွေ့လိုက်ရတယ်… ရဲကိုဖုန်းခေါ်မလို့ပြင်ပြန်တော့ ကြောက်လွန်းလို့တုန်နေတဲ့သူ့လက်ကြောင့် ဖုန်းလည်း လွတ်ကျတဲ့အပြင် မိန်းမကတစ်ရေးနိုးတော့ မီးဖွင့်တာကြောင့် လူသတ်သမားက
သူတို့တိုက်ခန်းကို သတိထားမိသွားလေရဲ့……..
စိတ္တဇ ဆန်ဆန် လူသတ်သမား..မျက်မြင်သက်သေတစ်ဦး….လူနေအဆောက်အဦးရှေ့မှာရက်ရက်စက်စက်အသတ်ခံရတဲ့ အလောင်းတစ်လောင်း..
အမှုလိုက်ရဲအရာရှိတွေ…..
ကိုင်းရှေ့ဆက်ဖြစ်မယ်ဟာတွေကိုတော့ ဇာတ်ကားကြည့်ရင်းသာခံစားကြပေရော….
ဒီကားက IMDb 5.5ကို သံသယဖြစ်နေရင် သို့မဟုတ် တခြားတစ်ယောက်က မကောင်းလောက်ဘူး ထင်တယ်လို့ပြောလာခဲ့ရင်
ခင်ဗျားသာ Crime ဇာတ်ကားကောင်းကောင်းနှစ်သက်တတ်တဲ့သူတစ်ယောက်ဖြစ်နေပါက လာပြောတဲ့သူကို ဒိုးလိုက်တော့လို့ ခွန်းတုံပြန်ပြီး
နင်းကန်သာဒါင်းကြည့်လိုက်ပါ…
ပြီးတော့ ဒီကားက hero ဆန်ဆန်ကြီးမပါတဲ့အပြင် တကယ့် Realism ဆန်ဆန်လေးရိုက်ထားတာတွေ့ရလိမ့်မယ်..
လူအချို့ရဲ့ စိတ်သဘောထားတွေ ကျဉ်းထဲကြတ်ထဲရောက်ရင်ရင် ရင်ဆိုင်ဖြေရှင်းပုံတွေကို ပုံစံအမျိုးမျိုးတွေ့ရလိမ့်မယ်..အကယ်၍များ ဟန်ဆောင်းဟွန်း နေရာမှာ ခင်ဗျားသာဆိုရင်
ဘယ်လိုလုပ်မလဲ………လူသတ်သမားဆိုရင်ရော ဘယ်လို လက်စဖျောက်မလဲ…
ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့
File Size : (950 MB) and (393 MB)
Quality : HD-Rip 720p,
Format…mp4
Duration…01:51:00
Genre : Thriller ,Crime
Subtitle : Myanmar Subtitle (Hard Sub)
Translated by May Phyu Zaw
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။