Exit print mode Print Data A+ A- Undo all

The White Crow (2018)

To dance you must be free
The White Crow (2018)The White Crow (2018)

Synopsis:

White Crow ကျီးဖြူတဲ့ ဇာတ်လမ်းနာမည်ကတော့ ဆန်းနေပါတယ်။

ရုရှားလို belaya vorona လို့ခေါ်တဲ့ ကျီးဖြူဆိုတာ

442

သမားရိုးကျမဟုတ်သော အံ့မခန်းလောက်သော

သူမတူသော လူထူးဆန်း တစိမ်းတစ်ယောက်ကို ရည်ညွှန်းပါသတဲ့။

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ရူုဒေါ့ဖ် နျူးရိယက်ဗ် လို့ခေါ်တဲ့

ရုရှားဘဲလေးကချေသည် ကောင်လေး တစ်ယောက်အကြောင်းပါ။

ရူဒေါ့ဖ် ဟာ သူ့ခေတ်သူ့အခါတုန်းက

အကောင်းဆုံး အမျိုးသားဘဲလေးကချေသည်တွေထဲက

တစ်ယောက်အဖြစ် ကမ္ဘာက အသိအမှတ်ပြုခံခဲ့ရသူလည်းဖြစ်ပါတယ်။

မိခင်ဖြစ်သူဟာ ဆိုဗီယက် နိုင်ငံရေးဆရာဖြစ်သူ

လင်ယောက်ျားဆီကိုအသွား ရူဒေါ့ဖ် ကို

ဆိုက်ဘေးရီးယားနယ်စပ်က ရထားတစ်စင်းပေါ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး

မွေးချင်းမောင်နှမ လေးယောက်အနက် တစ်ဦးတည်းသော သားထွေးဖြစ်ပါတယ်။

ရူဒေါ့ဖ်ရဲ့ မိသားစုဟာ ဆင်းရဲငတ်ပြတ်တဲ့ ဘဝပေးအခြေအနေတွေကြောင့်

သူ့အစ်မတွေနဲ့အတူ အခြားမိသားစုတွေဆီမှာ ကပ်နေရင်း ကြီးပြင်းခဲ့ရတာပါ။

ဆင်းရဲနုံချာလွန်းလို့ ကျောင်းမှာလည်း အမြဲအနိုင်ကျင့်ခံရရှာတဲ့

အထီးကျန်ကောင်လေး ရူဒေါ့ဖ်မှာ ပျော်စရာလေးတစ်ခုတော့ ရှိပါတယ်။

အဲဒါကတော့ သံစဉ်တွေကြားမှာ ကခုန်ရခြင်းပါပဲ။

ဒီလိုနဲ့ အကပါရမီထူးချွန်တဲ့ ရူဒေါ့ဖ်လေးဟာ အရွယ်အရောက်လာတာနဲ့အမျှ

အကပညာရပ်ကို လေ့လာလိုက်စားရင်း ဆိုဗီယက်အကသင်တန်းကျောင်းတွေကို

တက်ရောက်ပြီး ရုရှားတစ်ခွင်မှာ အောင်မြင်စပြုလာပါတယ်။

အဲဒီနောက် သူက ပဲရစ်ကိုသွားရောက်ပြီး သူ့ရဲ့ အကနယ်မြေသစ်တွေကို

ရှာဖွေတဲ့အခါမှာတော့ ဆိုဗီယက်အစိုးရရဲ့ “ယဉ်ကျေးမှု အနုပညာဆိုင်ရာ ထိန်းချုပ်မှု မူဝါဒ”တွေအောက်မှာ

ထောက်လှမ်းရေးတွေနဲ့ ရင်ဆိုင်ပတ်သတ်ရပါတော့တယ်။

ဘဲလေးအကရဲ့ သိမ်မွေ့မှုတွေနဲ့ ကချေသည်တစ်ယောက်ရဲ့

အနုပညာအပေါ်ထားရှိတဲ့ သစ္စာတရားဟာ နိုင်ငံရေးသဘောတရားတွေအောက်မှာ

ဆက်လက်ရှင်သန်နိုင်ပါဦးမလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားနိုင်ပြီဖြစ်ပါကြောင်း..

ဘာသာပြန်နဲ့ အညွှန်းကတော့ Thaw ဖြစ်ပါတယ်။



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
The White Crow
Director
Ralph Fiennes
Stars
Adèle Exarchopoulos, Chulpan Khamatova, Louis Hofmann, Oleg Ivenko, Olivier Rabourdin, Ralph Fiennes, Raphaël Personnaz, Sergei Polunin, Yves Heck, Zach Avery
Release Date
22 Mar 2019
Rated
R
Runtime
127 min
Awards
N/A
Country
UK, France, Serbia
Popularity
9.09
Status
Released
ID IMDb.com
tt5460858
IMDB Rating
6.5
IMDB votes
2,055
ID Themoviedb.org
477887
TMDb Rating
6.5
TMDb votes
45