The Way He Looks ဟာ ဒါရိုက်တာ Daniel Ribeiro ရဲ့ရုပ်ရှင်ကားတိုဖြစ်တဲ့ I Don’t Want to Go Back Alone ကို မူရင်းသရုပ်ဆောင်တွေနဲ့ပဲ သူကိုယ်တိုင်ပြန်အသက်သွင်းထားတာဖြစ်ပါတယ်။
64th Berlin International Film မှာ စတင်မိတ်ဆက်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားနေရာအတွက် FIPRESCI Prize နဲ့best LGBT-themed feature အတွက် Teddy Award တွေအပါအဝင်ရုပ်ရှင်ပွဲတော်တွေအများကြီးမှာ ဆုပေါင်း ၂၇ ဆုအထိရရှိထားတဲ့ကားကောင်းတစ်ကားပါ။
ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လီယိုနာဒိုဆိုတဲ့ မွေးရာပါမျက်မမြင်ကောင်လေးတစ်ယောက်၊ သူ့မှာ ဂျီယိုဗနာဆိုတဲ့ အချစ်ဆုံး သူငယ်ချင်းကောင်မလေးရှိတယ်။ အဲ့ဒီကောင်မလေးကပဲ သူ့ရဲ့နေ့စဉ်လူမှုဘ၀တွေမှာအမြဲတမ်းကူညီဖြည့်ဆည်းရင်းဖြတ်သန်းနေကြတာပါ။
တစ်နေ့တော့ သူတို့ကျောင်းကို ဂါဘရီယယ်ဆိုတဲ့ လူချောလေးတစ်ယောက်ပြောင်းလာပါတယ်။ဂါဘရီယယ် ချောမချောဆိုတာ ဂျီယိုဗနာရဲ့အပြောနဲ့ပဲမြင်ရတာဖြစ်ပြီး လီယိုနာဒိုက သူ့ကိုမှန်းကြည့်ရုံသာတတ်နိုင်ပါတယ်။တစ်ဖြည်းဖြည်းနဲ့ ဂါဘရီယယ်ဟာ ဂျီယိုဗနာရဲ့နေရာကို အစားထိုးဝင်ယူလာခဲ့ပြီး လီယိုနာဒိုရဲ့စိတ်တွေပါ သူ့အပေါ်တိမ်းညွတ်လာခဲ့ပါတယ်။ ဒါတွေကိုထင်ထင်ရှားရှားမြင်တွေ့နေရတဲ့ ဂျီယိုဗနာတစ်ယောက် ဝမ်းနည်းစိတ်ဝန်တိုစိတ်တွေနဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ကြားဆက်ဆံရေးမှာ အက်ကြောင်းတွေထင်လာတဲ့နောက်မှတော့..။
ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ဝါဒဖြန့်တာတွေ လိုရာဆွဲထားတာတွေတင်မက ဗီလိန်တွေပါမပါပဲ ချစ်စရာကောင်းအောင်ရိုးရှင်းလှပစွာတင်ဆက်ထားတဲ့
ဇာတ်ကားကောင်းလေးတစ်ကားပါ။နာမည်ကျော်သရုပ်ဆောင်ကြီးတွေမပါဝင်တာကြောင့် နိုင်ငံတကာမှာပေါက်သင့်သလောက်မပေါက်ခဲ့ပေမယ့်
The Way He Looks ဟာ Love Simon, Call me by your name တို့လို LGBT Coming-of-Age ရုပ်ရှင်တွေထဲမှာ နေရာတစ်ခုရှိသင့်အောင်ကောင်းတယ်လို့ညွှန်းပါရစေ။
( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပါ )
File size_(1.3 GB)/( 680 MB)
Quality_Blu-Ray 1080p / 720p
Format_mp4
Duration_01:37:00
Genre_Drama, Romance
Subtitle_Myanmar Subtitle (Hardsub)
Encoder_a hao
Translated by alias
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။