Channel Myanmar

The Water Man (2021)

1h 31min AdventureDramaFamily

4.9
IMDB: 4.9/10 707 votes

1 win

681879

Report error

The Water Man (2021)

“မျှော်လင့်ချက်”

442

စကားလုံးသေးသေးလေးပါပဲ။
ဒါပေမဲ့ အင်အားကြီးမားလွန်းတဲ့အရာပေါ့…

မျှော်လင့်ချက် ဆိုတာမရှိရင် ဘာမှမအောင်မြင်နိုင်သလို
မျှော်လင့်ချက် ပြင်းထန်ရင်လည်း အံ့ဩစရာကောင်းလောက်အောင်ကို မထင်ထားမိတာတွေ ဖြစ်တတ်ပါတယ်။

Water Man (ရေလူသား ) လို့ခေါ်ဆိုကြပါတယ်…
“မသေနိုင်တဲ့လူသား” ဆိုပြီး နာမည်ကြီးနေတဲ့ ဒဏ္ဍာရီလူသားတစ်ဉီးပါ။

သူကတော့ အခုချိန်ထိ သေဆုံးသွားပြီဖြစ်တဲ့ သူ့မိန်းမရဲ့အလောင်းကို မရမက လိုက်ရှာနေတဲ့သူပေါ့..
သူ့မှာရှိတဲ့ ကျောက်တုံးလေးက သေရာကနေပြန်ရှင်လာအောင် လုပ်နိုင်တဲ့အစွမ်းရှိလို့တဲ့။ အဲ့ဒါကြောင့်ပဲ သူတောင် သေရာကနေ ပြန်ရှင်လာခဲ့တာပါ။

ရေလူသားရှိတဲ့ မြို့ထဲကို ဂန်းနားတို့မိသားစု ပြောင်းလာတာမကြာသေးပါဘူး။
ဂန်းနားအမေက တကယ်တော့ နောက်ဆုံးအဆင့်ကင်ဆာကုထုံး ခံယူနေရတဲ့သူပါ။
မကြာခင်သေတော့မယ့်သူပေါ့။
အမေဖြစ်သူ သေဆုံးမှာကို လက်မခံနိုင်တဲ့ ဆယ်ကျော်သက်ဂန်းနား တစ်ယောက်
လမ်းသရဲမလေး ဂျို နဲ့ပေါင်းမိပြီး ရေလူသား ကိုရှာဖွေမယ့် အစီအစဉ်ဆွဲပါတော့တယ်။

ဆယ်ကျော်သက်တွေရဲ့ စွန့်စားချင်စိတ်၊ စိတ်ကူးယဉ်စိတ်၊ ဖြူစင်တဲ့စိတ်ဓါတ်အပြည့်နဲ့
တောထဲဝင်သွားကြတဲ့ ဂန်းနား နဲ့ ဂျို နှစ်ယောက် ရေလူသားနဲ့ဘယ်လိုမျိုးတွေ့ဆုံကြမလဲ?
ဘယ်လိုမျိုးအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာကို
မျှော်လင့်ချက်အပြည့်နဲ့ကြည့်ရှုရမယ့် ကားကောင်းလေးမို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ ။

File size…1.8 GB and 1 GB
Quality….WEB-DL 1080p and 720p
Format…mp4
Duration….1h 31min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. JoJOVa
Encoder …..August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies