The War of Loong ( 2017 )


Synopsis:
IMDb 6.5 ရရှိထားတဲ့ဒီဇာတ်ကားလေးကတော့ ၁၈၈၅ခုနှစ်…..
ချင်မင်းဆက်လက်ထက် ချင်စစ်တပ်နှင့်ပြင်သစ်စစ်တပ်တို့ရဲ့
စစ်ပွဲအကြောင်းကိုရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။
၁၈၈၅ ခုနှစ်မှာ ပြင်သစ်တပ်ဖွဲ့ကတရုတ်ပြည်ကိုကျူးကျော်ပြီး
ဂွမ်ရှီးပြည်နယ်မှာရှိတဲ့ ကျန့်နန်ကွမ်းမြို့ကို သိမ်းပိုက်ခဲ့ပါတယ်…..
တိုင်းပြည်ချစ်တဲ့မျိုးချစ်စိတ်အပြည့်ရှိတဲ့ တပ်မှူးကြီးဖုန်ကျီချိုင်ဟာ
သူ့ရဲ့သားနှစ်ဦးနှင့်အတူအမိမြေကာကွယ်ဖို့ရန်အတွက် စစ်တပ်ထဲသို့ဝင်ရောက်လာခဲ့ပါတယ်
စစ်လက်နက်ပစ္စည်း အစစအရာရာ သာလွန်တဲ့
ပြင်သစ်တပ်ကြီးကိုပြန်လည်တိုက်ထုတ်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဖူး
သို့သော်တပ်မှူးကြီးဖုန်ကျီချိုင်က သူ့ရဲ့နိုင်ငံ့ချစ်စိတ်ကို ပြသဖို့ရန် ပြတ်သားတဲ့ဆုံးဖြတ်ချက်နှင့်အတူ
သူ့အခေါင်းကိုပါသူ့နှင့်အတူ စစ်ပွဲထဲကိုယူဆောင်လာခဲ့ပါတယ်
ဒီဇာတ်ကားလေးကဆိုရင်လက်နက်အင်အားလူအင်အားလုံးဝကွာခြားလွန်းလှတဲ့
ပြင်သစ်စစ်တပ်ကို တော်လှန်တိုက်ထုတ်နိုင်ခဲ့တဲ့ ချင်လူမျိုးတို့ရဲ့
ရဲရင့်သောစိတ် မျိုးချစ်စိတ်ဓာတ်တို့ကို ကွက်ကွက်ကွင်းကွင်း
ပီပီပြင်ပြင် ရိုက်ကူးဖော်ကျူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တာကြောင့်
ကြည့်ဖြစ်အောင်ကြည့်ကြပါလို့တိုက်တွန်းရင်း နိဂုံချုပ်အပ်ပါရစေ..
Translated & Review By Xiao
Encoded By LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။