Exit print mode Print Data A+ A- Undo all

The Wailing(2016)

Never be tempted.
The Wailing(2016)The Wailing(2016)

Synopsis:

The Wailing(2016)

*****************

442

Exhuma 2024  သရဲကားထွက်ရှိပြီးနောက်မှာ The Wailing က ပိုကောင်းတယ် …

တစ်မျိုးစီကောင်းကြတယ် စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက်ပေးလာကြတဲ့အခါမှာ

တစ်ချို့ကလည်း The Wailing ကိုပြန်ကြည့်ချင်ကြသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း

အဆင်ပြေစေရန်အလို့ငှါ BluRay အကောင်းစားဖြင့် ပြန်ကုတ်ပေးထားပြီး အခြားလိုအပ်ချက်များလည်း

ပြည့်စုံစေရန်ဖြည့်ဆည်းပေးထားပါတယ်…Horror ကားကြိုက်သူများခံစားကြပါကုန်….

တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။

ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့လေးဟာ အတော်အတန်သင့်

သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်း

အင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက်

ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။

 

 

မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့

စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီး

သူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။

သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့

မိသားစုဝင် လူသတ်သမားတစ်ယောက်။ အလားတူဖြစ်ရပ်မျိုးတွေဟာ သူတို့ရွာမှာ

ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပါတော့တယ်။ ဆေးစစ်ချက်တွေအရနဲ့ဆရာဝန်တွေရဲ့ပြောကြားချက်အရဆိုရင်တော့

သူတို့ရွာမှာ အလေ့ကျပေါက်လေ့ရှိတဲ့ မှိုအမျိုးအစားတစ်ချို့ကို လူတစ်ချို့စားသုံးမိပြီး

စိတ်ဖောက်ပြန်ကာ မိမိရဲ့မိသားစုဝင်တွေကို ရက်ရက်စက်စက်သတ်ဖြတ်ပစ်တယ်လို့ကောက်ချက်ချပစ်လိုက်ကြတယ်။

ရှေးဆန်တဲ့ လူတစ်ချို့ကတော့ မယုံကြည်ကြဘူးပေါ့။ ဒီကြားထဲ ရွာထဲက မုဆိုးတစ်ယောက်က

သူတောထဲမှာ ထို Japanese အဖိုးကြီးက ကိုယ်တီးလုံးနဲ့သမင်တစ်ကောင်ရဲ့အသားကို

အစိမ်းလိုက်စားနေတာကို တွေ့လိုက်ရတယ်လို့ပြောလာတဲ့ သတင်းတစ်ခုကလည်း ထွက်လာတယ်။

တစ်ချို့ကလည်း ပြောကြတယ်။ မြစ်ကမ်းဘေးမှာ အဝတ်လာလာလှမ်းလေ့ရှိတဲ့ အမျိုးသမီးတွေထဲက

တစ်ယောက်ကို ထိုအဖိုးကြီးက မတော်မတရားကျင့်လိုက်ပြီး ရွာထဲမှာ ထိုကဲ့သို့သတ်ဖြတ်ခြင်း

ဖြစ်ရပ်တွေ ဖြစ်လာတယ်လို့လည်း ဆိုလာကြပြန်တယ်။

ဒီလိုကောလာဟလ မျိုးစုံထွက်ပြီးတဲ့နောက်မှာတော့……..

 

Quality….Blu-Ray 1080p5.1Ch, 720p
File size…2.8GB & 991MB
Format…mp4
Duration….2hr 36min
Genre ….. Horror , Drama , Mystery
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Chothet_mlmt
Encoder …..Phyo Pyae

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $10 951 000,00
Revenue
USD $49 851 770,00
Popularity
31.917
Status
Released
ID IMDb.com
tt5215952
IMDB Rating
7.4
IMDB votes
167000
ID Themoviedb.org
293670
TMDb Rating
7.331
TMDb votes
1612