The Vanished ( 2018 )


Synopsis:
အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့
စပိန်ဇာတ်ကား The Body ကို ပြန်လည်ရိုက်ကူးထားတဲ့
psychological thriller အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ်။
ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့
ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီး(Kim Hee-ae)ဟာ
ရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။
ပတ်ဂျင်ဟန်( Kim Kang-woo )ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး
ဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။
ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့
လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့
သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူ
ယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်က
ခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီး
ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် အောင်မြင်ချမ်းသာပြီး လူတိုင်းအားကျရတဲ့
သူဌေးစုံတွဲရဲ့လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေကိုဖော်ထုတ်ရင်း
စုံထောက် ဝူဂျောင်ရှစ်( Kim Sang- Kyung)တစ်ယောက်
သူ့ချစ်သူရဲ့ပျောက်ဆုံးမှုအကြောင်းအရင်းကို ဘယ်လိုနည်းလမ်းတွေနဲ့
ဖော်ထုတ်သွားမလဲဆိုတာကိုပါ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့
ဇာတ်လမ်းအဆုံးအထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ထိတ်လန့်ဖွယ်ရာ
သည်းထိတ်ရင်ဖိုကားလေးတစ်ကားကို
လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော်
ဇာတ်ကားထဲမှာပါဝင်တဲ့သူတွေကတော့
ယွန်းဆိုဟီးအဖြစ် အခုလက်ရှိ The world of married couple
ဇာတ်လမ်းနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Kim Hee-ae
ပါမောက္ခ ပတ်ဂျင်ဟန်အဖြစ် Kim Kang-woo
စုံထောက် ဝူဂျောင်ရှစ်အဖြစ် Kim Sang- Kyung တို့က အဓိကပါဝင်ထားကြပါတယ်။
ပရိသတ်အားပေးမှုရရှိထားတဲ့ ဇာတ်ဆောင်တွေရဲ့
သရုပ်ဆောင်ချက်တွေနဲ့အတူ လျှို့ဝှက်သည်းဖိုဇာတ်လမ်းကောင်းလေးဖို့
ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့နဲ့နော်။
Translated & Review By Lwinlwin Aung
Encoded By LK
zawgyi
အခုတစ္ေခါက္တင္ဆက္ေပးမယ့္ ဇာတ္ကားေလးကေတာ့
စပိန္ဇာတ္ကား The Body ကို ျပန္လည္႐ိုက္ကူးထားတဲ့
psychological thriller အမ်ိဳးအစား႐ုပ္ရွင္ေလးပဲျဖစ္ပါတယ္။
ထက္ျမက္လွပၿပီး ႂကြယ္ဝခ်မ္းသာမႈေတြကိုပိုင္ဆိုင္ထားတဲ့
ဘာ႐ြန္ေဆးဝါးကုမၸဏီရဲ႕ ဥကၠဌ ယြန္းဆိုဟီး(Kim Hee-ae)ဟာ
႐ုတ္တရက္ ေသဆုံးသြားခဲ့ၿပီးသူမရဲ႕အေလာင္းဟာ ထူးဆန္းစြာေပ်ာက္ဆုံးခဲ့ပါတယ္။
ပတ္ဂ်င္ဟန္( Kim Kang-woo )ဟာ တကၠသိုလ္ပါေမာကၡတစ္ဦးျဖစ္ၿပီး
ဇနီးသည္ယြန္းဆိုဟီးရဲ႕ေဆးဝါးကုမၸဏီမွာလည္း မန္ေနဂ်င္းအျဖစ္ လုပ္ကိုင္ေနသူပါ။
ဇနီးသည္ ယြန္းဆိုဟီးရဲ႕အေလာင္း ေပ်ာက္ဆုံးခဲ့ၿပီးေနာက္မွာေတာ့
လူတိုင္းအားက်ေနရတဲ့ အိမ္ေထာင္ေရးကိုပိုင္ဆိုင္ထားတဲ့
သူတို႔စုံတြဲရဲ႕ေနာက္ကြယ္က အိမ္ေထာင္ေရးအရႈပ္အရွင္းေတြနဲ႔အတူ
ယြန္းဆိုဟီးရဲ႕ ေသဆုံးမႈေနာက္ကြယ္က
ခင္ပြန္းသည္ရဲ႕လုပ္ႀကံေဆာင္႐ြက္မႈေတြကို ပရိသတ္ႀကီး
ရင္တထိတ္ထိတ္နဲ႔ ၾကည့္ရႈခံစားရမွာပဲျဖစ္ပါတယ္။
ဒါ့အျပင္ ေအာင္ျမင္ခ်မ္းသာၿပီး လူတိုင္းအားက်ရတဲ့
သူေဌးစုံတြဲရဲ႕လွ်ိဳ႕ဝွက္ထားတဲ့အေၾကာင္းအရာေတြကိုေဖာ္ထုတ္ရင္း
စုံေထာက္ ဝူေဂ်ာင္ရွစ္( Kim Sang- Kyung)တစ္ေယာက္
သူ႔ခ်စ္သူရဲ႕ေပ်ာက္ဆုံးမႈအေၾကာင္းအရင္းကို ဘယ္လိုနည္းလမ္းေတြနဲ႔
ေဖာ္ထုတ္သြားမလဲဆိုတာကိုပါ စိတ္ဝင္စားဖြယ္ၾကည့္ရႈရမွာမို႔
ဇာတ္လမ္းအဆုံးအထိ ဆြဲေဆာင္မႈအျပည့္ရွိတဲ့ ထိတ္လန႔္ဖြယ္ရာ
သည္းထိတ္ရင္ဖိုကားေလးတစ္ကားကို
လက္မလႊတ္တမ္းၾကည့္ရႈဖို႔ ၫႊန္းဆိုလိုက္ပါတယ္ေနာ္
ဇာတ္ကားထဲမွာပါဝင္တဲ့သူေတြကေတာ့
ယြန္းဆိုဟီးအျဖစ္ အခုလက္ရွိ The world of married couple
ဇာတ္လမ္းနဲ႔ နာမည္ႀကီးေနတဲ့ မင္းသမီး Kim Hee-ae
ပါေမာကၡ ပတ္ဂ်င္ဟန္အျဖစ္ Kim Kang-woo
စုံေထာက္ ဝူေဂ်ာင္ရွစ္အျဖစ္ Kim Sang- Kyung တို႔က အဓိကပါဝင္ထားၾကပါတယ္။
ပရိသတ္အားေပးမႈရရွိထားတဲ့ ဇာတ္ေဆာင္ေတြရဲ႕
သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔အတူ လွ်ိဳ႕ဝွက္သည္းဖိုဇာတ္လမ္းေကာင္းေလးဖို႔
ၾကည့္ျဖစ္ေအာင္ၾကည့္ဖို႔ မေမ့နဲ႔ေနာ္။
Translated & Review By Lwinlwin Aung
Encoded By LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။