The Truth About Emanuel (2013)
Two Lives. Two Voids. One Secret.

Synopsis:
The Truth About Emanuel [ 2013 ]
IMDb 6/10
Drama/Thriller
ဒီဇာတ်ကားရဲ့အကြောင်းကိုပြောရမယ်ဆိုရင်တော့ အဓိကဇာတ်ဆောင်
အမန်နျူရယ်ရဲ့ဘဝဇာတ်ကြောင်းနဲ့ အစချီရပါမယ်
လူ့လောကထဲကို ရောက်ရောက်လာချင်းမှာပဲ မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့
အမန်နျူရယ်ဟာ တခြားကလေးတွေနဲ့မတူဘဲ ငယ်စဉ်ကတည်းက
စိတ်ဒဏ်ရာဗရပွနဲ့ကြီးပြင်းလာသူပါ
သူ့ရဲ့ပထမဆုံးဝင်သက်ဟာ မိခင်ဖြစ်သူရဲ့နောက်ဆုံးထွက်သက်ဖြစ်ခဲ့ရပြီးတော့
ဘဝတစ်လျှောက်လုံး အမန်နျူရယ်ဟာ သူ့အပြစ်မကင်းသလိုခံစားနေခဲ့ရပါတယ်
ရက်တွေနှစ်တွေကုန်လွန်လာခဲ့ပြီး တစ်ရက်မှာတော့
အမန်နျူရယ်တို့အိမ်ဘေးကို ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်
အိမ်ပြောင်းလာပါတော့တယ်
မိခင်မေတ္တာငတ်မွတ်ခဲ့ရတဲ့အမန်နျူရယ့်ခမျာ
အကြောင်းအရင်းမဲ့စွာနဲ့ပဲ အဲ့ဒီအမျိုးသမီးကို
မြင်မြင်ချင်း စွဲလမ်းသွားခဲ့ပါတယ်
လောကကြီးထဲမှာ ဖွင့်ရအခက်ဆုံးအရာက
စိတ်ရဲ့တံခါးပေါက်ဆိုသလိုမျိုးပဲ အိမ်နီးနားချင်းအမျိုးသမီးဆီမှာလည်း
လူမသိတဲ့လျို့ဝှက်ဆန်းကြယ်မှုတွေ ရှိလို့နေပြန်ပါတယ်
အမန်နျူရယ်တစ်ယောက် သူ့ရဲ့စိတ်ဒဏ်ရာကိုကုစားနိုင်မှာလား
အိမ်နီးနားချင်းအမျိုးသမီးရဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေကရော
ဘာတွေဖြစ်မလဲဆိုတာကို
ဒီတစ်နာရီခွဲစာ Drama-Thriller အမျိုးအစား movie ထဲမှာ
ကြည့်ရှုနိုင်မှာဖြစ်ပါတယ်
File size… 1.3 GB / 625 MB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 35m
Genre ….. Drama , Thriller
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by SO
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။