Exit print mode Print Data A+ A- Undo all

The Trial (2023)

The Trial (2023)The Trial (2023)

Synopsis:

The Trial 2023 ဒိုင်ယာရီနောက်ကွယ်ကအမှန်တရား

ဉာဏ်ကစားရတာကြိုက်တဲ့ မှုခင်းပရိသတ်တို့အတွက် India အလှမယ်တစ်ယောက်ဖြစ်တဲ့
Spandana Palli ရဲ့ the trialဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
ရူပါရော ဘော်ဒီပါလန်းတဲ့ Spandanaတစ်ယောက် ဘယ်လိုဇာတ်လမ်းလှည့်ကွက်နေတဲ့
ကြည့်ရှုသူကို အတွေးများစေမလဲဆိုတာ ရှုစားကြပါဦး။

442

ရူပါနဲ့အာဂျေးဟာ မိဘချင်း‌ပေးစားလို့ အကြောင်းပါခဲ့တာဆိုပေမဲ့ အများအမြင်မှာတော့ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံပေါ့။
ဒီလိုနဲ့ မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်မှာ ရူပါအတွက် အာဂျေးက အံ့အားသင့်စရာလေးစီစဉ်ပြီးတော့ ရမ်နာဂါက
The Nestဆိုတဲ့တိုက်ခန်းကိုလာခဲ့ဖို့ခေါ်တာပေါ့။ ဒါပေမဲ့ နောက်တစ်နေ့မနက်မှာပါလာတဲ့သတင်းကတော့
သူတို့ရဲ့အသိမိတ်ဆွေအားလုံးအတွက် အံ့အားသင့်စရာဖြစ်သွားတာပါ။ ဒီသတင်းကတော့ အာဂျေးတစ်ယောက်
နှစ်ပတ်လည်နေ့စပရိုက်စ်တိုက်နေတုန်း တိုက်ပေါ်ကခြေချော်ကျပြီး ဆုံးသွားပါပြီတဲ့။

မတော်တဆမှုတစ်ခုနဲ့ ဒီအမှုကိုပိတ်လိုက်ပေမဲ့ အာဂျေးရဲ့အသိုင်းအဝိုင်းကတော့ မကျေနပ်ကြပါဘူး။
ဒီကြားထဲကမှ အရက်ဘားတစ်ခုမှာ ရည်းစားဟောင်းနဲ့ပျော်ပါးနေတဲ့ပုံကိုမြင်လိုက်တော့ ညီမဝမ်းကွဲဖြစ်တဲ့ ဗိုင်ရှနာဗီက
အာဂျေးရဲ့အခန်းမှာရှာဖွေရင်းနဲ့ အာဂျေးရဲ့ဒိုင်ယာရီစာအုပ်ကိုတွေ့သွားပါတော့တယ်။
အထဲမှာလည်း အိမ်ထောင်သက်တမ်းတစ်လျှောက် ကိုယ်ရောစိတ်ပါ
ညှင်းပန်းခံနေရသယောင်အရေးအသားတွေကြောင့် ဒိုင်ယာရီကို သက်‌သေအနေနဲ့ တရားရုံးကို
တင်သွင်းလိုက်အပြီးမှာ အာဂျေးရဲ့သေဆုံးမှုကို ပြန်စစ်ဆေးဖို့တာဝန်က အင်စပက်တာရာဂျိဗ့်ရဲ့ပခုံးပေါ်ရောက်လာပါတော့တယ်။

အာဂျေးနဲ့ရူပါကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ။ အာဂျေးရဲ့သေဆုံးမှုဟာ တကယ်ပဲ သွေးရိုးသားရိုးမဟုတ်ဘူးလား။
ကိုယ်တိုင်လည်း လက်ထောက်အင်စပက်တာဖြစ်တာမလို့ နယ်နယ်ရရမဟုတ်တဲ့ရူပါကို
ရာဂျိဗ့်တစ်ယောက် စစ်မေးရင်း အမှုမှန်ကိုဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။

( အညွှန်းနဲ့ဘာသာပြန်ကတော့ Saii ~ BpL ~ Yunni ~ Cherry ~ Alexတို့ပဲဖြစ်ပါတယ်။)

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

File size… 1GB / 500MB
Quality…WEB DL 1080p /720p
Format…mp4
Duration….1h 39m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Saii ~ BpL ~ Yunni ~ Cherry ~ Alex



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
N/A
Director
Raam Ganni
Stars
Spandana Palli, Vamsi Kotu, Yug Ram
Release Date
November 24, 2023
Rated
N/A
Runtime
1h 39m
Country
India
Popularity
1.4
Status
Released
ID IMDb.com
tt29900584
IMDB Rating
8.4
IMDB votes
1.4k
ID Themoviedb.org
1228548