The Tree of Blood (2018)
No secret remains hidden forever

Synopsis:
ရီဘီကာ နဲ့ မာ့ခ် တို့စုံတွဲနှစ်ယောက်ဟာ သူတို့နှစ်ဦးနှစ်ဖက်ကမိသားစုတွေရဲ့ အမှတ်တရတွေလွှမ်းခြုံထားတဲ့
ဘက်စ်ခ်ပြည်နယ် ကျေးလက်ဒေသက လယ်ကွင်းအိမ်လေးတစ်လုံးဆီ ရောက်လာကြပါတယ်။အဲ့အိမ်မှာ
မိသားစုကိုယ်စီရဲ့အဖြစ်အပျက်တွေကို အပြန်အလှန်ပြောပြပြီး ဖြစ်ရပ်တွေချိတ်ဆက်နေပုံကို အဖြေရှာကြဖို့ဖြစ်ပါတယ်။
ရီဘီကာဟာ အဆိုတော်မိန်းကလေးတစ်ယောက်ရဲ့သမီးဖြစ်ပြီး ဖခင်ကိုမသိရပဲမွေးလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
တစ်နေ့မှာ ရီဘီကာရဲ့အမေနဲ့ ဗစ်တာဆိုတဲ့လူတစ်ယောက်တွေ့ပြီး လက်တွဲခဲ့ကြပါတယ်။ ဗစ်တာရဲ့ညီဖြစ်သူ
အိုလ်မိုရဲ့မင်္ဂလာပွဲမှာ ရီဘီကာနဲ့ မာ့ခ်တို့ စတွေ့ပြီးချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။မာ့ခ်ရဲ့အမေဟာ ဗစ်တာရဲ့ညီအိုလ်မိုရဲ့ဇနီးဖြစ်သူ
စာရေးဆရာမ အမ်မိုင်ယာရဲ့အယ်ဒီတာဖြစ်ပြီး
အိုလ်မိုရော ဇနီးဖြစ်သူအမ်မိုင်ယာနဲ့ပါ ပတ်သတ်ခဲ့ဖူးသူဖြစ်ပါတယ်။
ဒီအထိဆိုရင် ဒီစာကိုဖတ်နေတဲ့သူလည်း
ခေါင်းရှုပ်နေလောက်ပါတယ်။ ဒီဇာတ်ကားကိုဝေဖန်သူတွေကလည်း ကြည့်ရှုသူအတွက်
တော်တော်ရှုပ်ထွေးတယ်လို့ဝေဖန်ထားကြပါတယ်။ ဒါပေမယ့်အချိန်ပေးပြီး
သေသေချာချာကြည့်နိုင်ရင်တော့
တော်တော်စိတ်ဝင်စားစရာကောင်းတာတွေ့ရမှာပါ။
ရီဘီကာ နဲ့မာ့ခ်တို့ မိသားစုအဖြစ်အပျက်တွေပြောကြရင်း
နာကျင်စရာအမှန်တရားတွေ ပေါ်လာပြီး
မိသားစုရဲ့မှောင်မိုက်နက်နဲတဲ့ လျှို့ဝှက်ချက်ကြီးကို
သိရဖို့လမ်းစပေါ်လာပါတော့တယ်။
ဒီကားဟာ စပိန်နိုင်ငံကဇာတ်ကားဖြစ်ပြီး
မိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့ 18+တွေ၊သတ်ဖြတ်တာတွေ၊
အဆုံးစီရင်တာတွေပါပါတယ်။ကြည့်ပြီးရင်စိတ်ထဲတစ်မျိုးကြီး
ကျန်နေခဲ့တဲ့အခန်းမျိုးတွေလည်းပါပါတယ်။
ရှုပ်ရှုပ်ထွေးထွေးစဥ်းစားရင်းကြည့်ပြီးအဖြေရှာရတဲ့
ဇာတ်လမ်းနက်နဲတဲ့ဇာတ်ကားတွေကိုမှကြိုက်တယ်ဆိုရင်တော့
လက်လွှတ်မခံဖို့ပြောချင်ပါတယ်။
Translated by : Pyi T Nyein
Encoded by : YK
Quality : 1080p Blu-Ray and 720p Blu-Ray
File Size : 2.2GB and 1.4GB
Duration : 2h 20mins
Subtitle : Myanmar (Hardsub)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။