Channel Myanmar

Report error

442

ဂျော်နီဒပ်နဲ့အန်ဂျလီနာဂျိုလီတို့ပါဝင်တဲ့ ဒီဇာတ်ကားက Action/Crime ပုံစံ လျှို့ဝှက်သည်းထိတ်ရင်ဖိုရုပ်ရှင်ကားပါ။

အလက်ဇန္ဒား ပီးရက် လို့ခေါ်တဲ့ ရုရှား မာဖီယားဂိုဏ်းတစ်ခုက ငွေထိန်း လူယုံ တစ်ယောက် ။သူ့သူဌေး ဂိုဏ်းခေါင်းဆောင်ဆီက ဒေါ်လာ သန်း ၂၀၀ ကျော် ဘုံးသွားတယ် ။
ဒါ့အပြင် အင်္ဂလန် နာမည်ကျော် စကော့တလန်ယာဒ့် စုံထောက်အဖွဲ့ကြီး ဆီကနေလဲ ပေါင် ၇၃၃ သန်း ဘုံးသွားပါသေးတယ် ။
သူ့ကို ၂ နှစ်လုံးလုံး လိုက်ရှာကြတယ် ။
အစအနတောင် မတွေ့ရခဲ့ပါဘူး ။
စကော့တလန်ယာဒ့် အဖွဲ့က အလက်ဇန္ဒား ပီးရက်ကို မိဖို့ အတွက် ပေါင် ၈ သန်းကျော် အသုံးပြုခဲ့တယ် ။

တစ်နေ့တော့ အထူးစုံထောက် အာချက်ဆင် ခေါင်းဆောင်တဲ့ စုံထောက်အဖွဲ့တွေက အလက်ဇန္ဒား ပီးရက် ရဲ့ ဇနီးသည်နောက်ကို ထပ်ခြပ်မကွာ လိုက်လံစုံစမ်းနေတဲ့ကြားက သူတို့ နှစ်ဦး ဆက်သွယ်မိသွားကြတယ် ။
အလက်ဇန္ဒားဟာ သူ့ဇနီးသည်ကို အချစ်မြို့တော်လို့ခေါ်တဲ့ အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ တွေ့ဆုံဖို့ ခေါ်ယူလိုက်တယ် ။
ဇနီးသည် အဲလစ်ဟာ ပဲရစ်ကနေ ဗင်းနစ်သို့ လာရင်း ရထားပေါ်မှာ ကမ္ဘာလှည့်ခရီးသည်တစ်ယောက်နဲ့ ဆုံမိပါတော့တယ် ။
ပြသနာအရပ်ရပ်က အဲဒီအချိန်က စတော့တာပါပဲ ။

ရုရှားလူဆိုးဂိုဏ်းခေါင်းဆောင်ရယ် … စကော့တလန်ယာဒ့် စုံထောက်တွေရယ် အလက်ဇန္ဒားလို့ ခေါ်တဲ့ သူခိုးရယ်…အဲလစ်ဆိုတဲ့ မိန်းမလှလေးရယ်… အမည်မသိလူတစ်ယောက်ရယ်…ငွေတွေရယ်…ဘယ်လိုစခန်းဆက်ကြမလဲဆိုတာ…။

File size…(4.6 GB)/(1.4 GB)/(730 MB)
Quality…WEB-DL 4K HEVC/1080p HEVC/720p
Format…mkv/mp4
Duration….01:43:28
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Wai Lin Kyaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies