Exit print mode Print Data A+ A- Undo all

The Theory of Everything (2014)

His mind changed our world. Her love changed his.
The Theory of Everything (2014)The Theory of Everything (2014)

Synopsis:

442

The Theory of Everything (2014)
Imdb – 7.7 / Rotten Tomatoes 80%

ဒီဘက်​ခေတ်​ရဲ့ အကြီး​ကျယ်​အခမ်းနားဆုံး သိပ္ပံပညာ​ရှင်တွေထဲကတစ်ဦးအဖြစ် လူသိများကြတဲ့ သီအိုရီရူပဗေဒပညာရှင် Stephen​ Hawking ရဲ့ အတ္ထုပတ္တိရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ Hawking ရဲ့ တက္ကသိုလ်​ကျောင်းသားဘဝကစလို့ နာမည်​ကျော်​သိပ္ပံပညာ​ရှင်ဖြစ်​လာတဲ့အထိ သူ့ရဲ့​ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ Hawking​ အဖြစ်​သရုပ်ဆောင်​ထားတဲ့ Eddie Redmayne က ဒီ​ဇာတ်​ကားနဲ့ပဲ အော်​စကာဆုကိုရရှိခဲ့ပါတယ်။

Stephen Hawking​ ရဲ့ Biopic ရုပ်ရှင်​ဖြစ်ပေမဲ့ နားလည်​ဖို့ခက်ခဲလွန်းတဲ့ Black Hole သီအိုရီတွေ Quantum​ တွေကိုအသားပေးထားတာမဟုတ်ဘဲ Hawking နဲ့ ဇနီး​ဖြစ်သူ​ Jane တို့အကြားက ချစ်​ခြင်း​မေတ္တာ​တရားတွေ၊ သံယောဇဉ်​အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ Hawking​ ခံစား​နေရတဲ့ Motor Neuron ရောဂါ​ကို နှစ်​ဦး​သား​အတူရင်ဆိုင်ပြီး ဘဝကို​ရှင်သန်​ရှာဖွေခဲ့ကြပုံကို တင်ဆက်​ထားတဲ့ ကြည်​နူး​ဆွတ်ပျံ့​ဖွယ်ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

ဇာတ်လမ်း​အစကိုတော့ ၁၉၆၃ ခုနှစ်​မှာ Cambridge တက္ကသိုလ်​ကို Hawking​ စတင်​ရောက်ရှိပြီး ဇနီး​ဖြစ်လာမဲ့ Jane နဲ့တွေ့ခဲ့ကြတာကနေ အစပြုထားပါတယ်။ တစ်​ခေတ်​မှာ​တစ်ယောက်​ဆိုလောက်အောင် ဥာဏ်​ကြီးသူဖြစ်ပြီး အလား​အလယ်ကောင်းများစွာရှိနေတဲ့ Hawking​ ဟာ အသက်​၂၁ နှစ်မှာ Motor Neuron​ လို့ခေါ်တဲ့ ကြွက်သား​ဆွေး​မြည့်တဲ့ရောဂါဆန်းတစ်မျိုး​ကို ခံစားရပြီး ၂နှစ်​ထက်ပိုပြီး အသက်​ရှင်​မှာမဟုတ်​ဘူးလို့ ဆရာဝန်​က မှတ်ချက်​ပေးခဲ့ပေမဲ့ Jane က သူ့ကို​လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို​နဲ့​ နှစ်​ယောက်​သား ဘဝရဲ့အချိုးအကွေ့တွေကို အတူရင်ဆိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။

၂၀၁၄ ခုနှစ်​ရဲ့ အကောင်း​ဆုံး​ရုပ်ရှင်​ကားတွေ​ထဲက တစ်ကားဖြစ်တဲ့ ဒီဇာတ်ကားမှာ အဓိကချီးကျူးရမှာက Stephen Hawking​ အဖြစ်​သရုပ်ဆောင်တဲ့ Eddie Redmayne​ ရဲ့ performance အပြင်​ Cinematography နဲ့ နောက်​ခံတေးဂီတလို့မြင်ပါတယ်။ ဒီရုပ်ရှင်​ကို ရိုက်ကူး​ခဲ့သူ James Marsh ကို Stephen Hawking ကိုယ်​တိုင်​က Eddie Redmayne​ ရဲ့​သရုပ်​ဆောင်​မှုကိုကြည့်ပြီး သူ့ကိုယ်သူ​ပြန်​ကြည့်နေသလို ခံစား​မိတယ်လို့ အီးမေးလ်ပို့ပြီးဂုဏ်ပြုခဲ့ပါသေးတယ်။

ရုပ်ရှင်​ရဲ့ခေါင်းစဥ်ကို Theory​ of Everything​ လို့ပေးထားတာနဲ့ပတ်သက်လို့ အကြောင်း​ရင်း​နှစ်ခုရှိမယ်လို့ထင်ပါတယ်။ ဇာတ်လမ်း​ထဲမှာ ရှင်း​ပြထား​သလို​ ရူပဗေဒရဲ့ အရေး​ကြီး​ဆုံး​ထောက်တိုင်နှစ်ခုက General Relativity နဲ့ Quantum Theory ဖြစ်​ပါတယ်။ General Relativity က အလွန်​ကြီးမား​တဲ့ဝတ္တုတွေဖြစ်တဲ့ ဂြိုလ်၊ကြယ်နဲ့ Galaxy တွေအပေါ်ပြဌာန်းပြီး Quantum​ က အလွန်​သေးငယ်တဲ့ အီလက်ထရွန်၊ ဖိုတွန်နဲ့ အခြေခံ​အမှုန်​တွေအပေါ် စိုးမိုးပါတယ်။ သီအိုရီနှစ်ခုက အခြေခံ​စည်းမျဥ်း​အားဖြင့် တစ်ခုကို​တစ်ခု ဆန့်ကျင်​သလိုဖြစ်နေတဲ့အတွက် သီအိုရီနှစ်ခုစလုံးကိုသုံးပြီး စကြဝဠာ​ဖြစ်​စဥ်​တွေ​ကိုရှင်းပြဖို့ကြိုးစားတဲ့နေရာမှာ အခက်အခဲ​တွေရှိလာတဲ့အတွက် ဒီသီအိုရီ​နှစ်ခု​ကိုပေါင်းစည်းပြီး လောကရဲ့ဖြစ်စဥ်အားလုံးကိုရှင်းပြနိုင်မဲ့ Theory​ of Everything​ ကိုရှာတွေ့ဖို့က Hawking​ အပါအဝင်​ ရူပဗေဒပညာရှင်တိုင်းရဲ့အိပ်မက်ဖြစ်ပါတယ်။ ဒီသီအိုရီ​ရှာတွေ့ပြီးရင် Physics မှာ ရှာဖွေစရာကုန်ပြီလို့တောင် ပြောကြပါတယ်။

ဒါကြောင့်​ ရုပ်ရှင်​ကိုဒီခေါင်းစဥ်ပေးထားတာဖြစ်နိုင်သလို ဒုတိယ​တစ်​ချက်က​ Stephen ရင်​ဆိုင်​နေရတဲ့ ရောဂါ​က တစ်နေ့တခြားဆိုးရွား​လာရာကနေ ဇနီး​ဖြစ်သူ​နဲ့ မိသားစု​အကြား​ ပဋိပက္ခ​တွေမြင့်တက်လာပြီး သူရှင်သန်နေရတဲ့ဘဝရဲ့ အဓိပ္ပာယ်​သီအိုရီ​ကိုလည်း တစ်ချိန်​တည်းမှာ ရှာဖွေ​နေခဲ့ရပုံကို ရည်ညွှန်း​ထားတာ​လည်းဖြစ်နိုင်ပါတယ်။

File size…(2.4 GB) / (1 GB)
Quality….BluRay 1080p/720p
Format…mp4
Duration….02:03:25
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Wolfenheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
The Theory of Everything
Director
Deborah Saban, James Marsh, Sylvia Parker
Stars
Charlie Cox, David Thewlis, Eddie Redmayne, Emily Watson, Felicity Jones, Harry Lloyd, Maxine Peake, Simon McBurney, Sophie Perry, Tom Prior
Release Date
26 November 2014 (USA)
Rated
PG-13
Runtime
2h 3min
Awards
Won 1 Oscar, 25 wins & 124 nominations.
Country
UK | USA | Japan
Budget
USD $15 000 000,00
Revenue
USD $123 726 688,00
Popularity
28.244
Status
Released
ID IMDb.com
tt2980516
IMDB Rating
7.7
IMDB votes
424K
ID Themoviedb.org
266856
TMDb Rating
7.854
TMDb votes
10341