မြောင်ဒေသ ၊ ယင်ယန်မြစ်ရဲ့ ဆယ်လီအတွင်း တောင်တွေကြားထဲမှာ
လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတစ်ရွာရှိပါတယ် ။
အဲဒီရွာလေးနာမည်က သက်ရှည်ရွာတဲ့ ။
သက်ရှည်ရွာရဲ့ရွာသူကြီး အဖေမာအာက
တော်တော်လေးသဘောကောင်းပြီးတော့
သနားကြင်နာတတ်တယ်လို့လူသိများပါတယ် ။
ဇာတ်လမ်းကတော့ အဲဒီရွာမှာ အချမ်းသာဆုံးဖြစ်တဲ့ကျန်းယိုချိုင်က
ချိုးရှန်းဆိုတဲ့လူငယ်လေးနဲ့အဖေဖြစ်သူကိုခေါ်ပြီး
ရတနာရှာရကနေစတာလို့ပြောရမှာပေါ့ ။
ရတနာရှာရင်းနဲ့ သုံးယောက်လုံး တရားခံမသိရဘဲ
ထူးထူးဆန်းဆန်းသေသွားကြပါတယ် ။ မြို့က အရာရှိ ၊
အလောင်းစစ်နဲ့အလောင်းသိမ်းတဲ့သူကလည်း
ဒီအမှုကိုအဖြေမှန်ပေါ်ဖို့ရွာကို ရောက်လာကြပါတော့တယ် ။
ဒါပေမဲ့ လူသတ်မှုတွေကို အဖြေရှာမရသေးဘဲ
နောက်ထပ် လူသတ်မှုတွေပါ ဆက်တိုက်ဖြစ်လာချိန်မှာတော့…
သူတို့ အမှုမှန်ပေါ်ပေါက်အောင်ဘယ်လိုဖြေရှင်းသွားကြမလဲ ?
ရွာသားတွေပြောနေသလို အငြိုးအတေးတစ္ဆေက သတ်တာရော ဟုတ်ပါ့မလား ?
ဒီလူသတ်မှုတွေက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကအမှုနဲ့
သက်ဆိုင်နေတယ်ဆိုတာကရော တကယ်ပဲဖြစ်နေမလားဆိုတာကို
ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ကြပါဦး
Filesize : 617 MB / 370 MB
Quality : WEB-DL 1080p , 720p
Format : mp4
Genres : Drama , Romance , Fantasy
Runtime : 1h 26 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Kay Thwe Phyoe
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။