The Stolen Princess: Ruslan and Ludmila (2018)
Love is stronger than magic

Synopsis:
ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့
“The Stolen Princess” ဆိုတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်..
Animation movie နှစ်သက်တဲ့သူတွေအတွက်တော့ ကြည့်ရတန်မယ့်
ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်
အညွှန်း-
ပုံပြင်လေးတစ်ပုဒ်ရှိသတဲ့ ပုံပြင်လေးကတော့…
ကြက်သွေးရောင် နေဝင်ချိန်ရောက်တိုင်း အချစ်စစ်နဲ့ ချစ်မိသွားတဲ့
မင်းသမီးတိုင်းကို ချယ်နမောဆိုတဲ့ မှော်ဆရာက ဖမ်းလေ့ရှိပါတယ်..
ချစ်မိသွားတဲ့ မင်းသမီးရဲ့အချစ်စစ် စွမ်းအားနဲ့ သူ့မှော်အစွမ်းတွေကို ပြန်ဖြည့်သတဲ့…
ဒီပုံပြင်ကတော့ ရူစလန်ဆိုတဲ့ ဇာတ်မင်းသားလေး ပြန်ကပြတဲ့ ပုံပြင်ပြဇာတ်ပါ…
ရူစလန်ဟာ အဖေဖြစ်သူရဲ့ ဇာတ်မင်းသားအမွေကို ဆက်ခံခဲ့ရပေမဲ့
သူက တိုင်းပြည်ရဲ့ သူရဲကောင်းဖြစ်ချင်သူပါ…
မီလာဆိုတာကတော့ ရူစလန်နေထိုင်တဲ့ တိုင်းပြည်ရဲ့ မင်းသမီးပါ…
ဖခင်ဖြစ်သူ ဘုရင်ကြီးက မီလာကို အိမ်ထောင်ချပေးချင်ပါတယ်…
မီလာကလည်း စွန့်စားချင်သူ..အိမ်ထောင်ပြုချင်သူမဟုတ်…
ဒီလိုနဲ့ မီလာဟာ နန်းတော်ကနေ ထွက်ပြေးခဲ့ပါတယ်…
လမ်းတစ်နေရာမှာ ရူစလန်နဲ့ ဆုံမိလေရဲ့… ရူစလန်က မီလာကို မင်းသမီးမှန်း မသိပါဘူး…
ဒုက္ခရောက်နေတဲ့ မီလာကို ကူညီရင်း ရူစလန်နဲ့ မီလာ မေတ္တာမျှခဲ့ကြပါတယ်….
ဒီအချိန်မှာပဲ ပုံပြင်တစ်ပုဒ်လို့ ယုံကြည်ထားကြတဲ့ ချယ်နမောထွက်ပေါ်လာခဲ့ပြီး
မီလာကို ဖမ်းခေါ်သွားပါတော့တယ်
ရူစလန်ဟာ မီလာကိုကယ်ဖို့ ပြန်လမ်းမရှိတဲ့ မှော်တိုင်းပြည်ကို သွားရမှာပါ…
ကဲ အဆုံးထိ ကြည့်ရှူသူကို ဆွဲခေါ်သွားတဲ့ ဇာတ်လမ်းမို့ လက်မလွတ်တမ်း ကြည့်ရှုကြပါဦးနော်
File Size : (846 MB) & (247 MB)
Quality : Web-DL 720p
Running Time :1hr 39 min
Format : Mp4
Genre : Animation , Comedy , Fantasy
Subtitle : Myanmar Subtitle (Hard Sub)
Translated by May Haruko
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။