The Spirit 2008
I'm gonna kill you all kinds of dead.

Synopsis:
Director – Frank Miller ရိုက်ကူးထားပြီး imdb 4.8 ရထားတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်ကားနာမည်ကတော့ The spirit ပါ ဇာတ်လမ်းလေးက action ကားလေးဖြစ်ပေမယ့် comedy လေးနည်းနည်းပေါင်းထားပါတယ်
ဘာကြောင့်ရယ်မှန်းမသိ ဒန်နီကို့ထ်လို့ ခေါ်တဲ့သာမာန်ရဲတစ်ယောက် သေရာကနေ ပြန်ရှင်လာတဲ့အခါ ရဲအလုပ်ကနေစွန့်ခွာပြီး စပိရစ်ထ် အဖြစ်နဲ့ ဒုစရိုက်တွေနှိမ်နင်းပါတယ်
သူ့ရဲ့ အဓိက ရန်သူက အောက်တိုပတ်စ် လို့ခေါ်ပြီး သူတို့နှစ်ယောက်လုံးက မသေမျိုးတွေဖြစ်နေပါတယ်
စပိရစ်ထ်က ဘာကြောင့် မသေမျိုးဖြစ်နေလဲ သူ့ကိုယ်သူ နားမလည်ခဲ့ပေမယ့် သူ့ရန်သူ အောက်တိုပတ်စ်ကတော့ သိနေခဲ့ပါတယ်
တစ်ဘက်မှာလည်း စိန်တွေကိုမှ ကြိုက်တတ်တဲ့ စပိရစ်ထ် ရဲ့ ငယ်ချစ်ဦး ဆန်ဒ်ဆာရပ်ဖ် က မသေမျိုးဖြစ်ရတဲ့ လျို့ဝှက်ချက်နဲ့ ကိုယ်တိုင်ပတ်သတ်မိနေမှန်းမသိတဲ့အခါ ဘာတွေဆက်ဖြစ်ကြမှာလဲ
သူတို့ကဘာလို့ မသေမျိုးတွေဖြစ်နေကြတာလဲ
အဲ့တာတွေအားလုံးအဆုံးသတ်ဖို့ကရော တစ်ယောက်သေမှဖြစ်မယ်ဆိုရင် ဘယ်သူသေမှာလဲ
down ကြည့်လိုက်ပါနော် action ကားလေးဆိုပေမယ့် comedy လေးနှောထားတာမို့ ကားကောင်းလေးတစ်ကားပါ အောက်တိုပတ်စ်ရဲ့လက်ထောက်မလေး ဖလော့စ်နေရာကို Scarlett Johansson က ပီပီပြင်ပြင်သရုပ်ဆောင်ထားပါတယ်
ဆန်းဒ်ဆာရပ်ဖ် နေရာမှာတော့ Eva Mendes ဖြစ်ပြီး အောက်တိုပတ်စ်အဖြစ်နဲ့ Samuel L.Jackson သရုပ်ဆောင်ထားပါတယ် စူပါဟီးရိုးတစ်ဖြစ်လဲ စပိရစ်ထ်ကတော့ Gabriel Macht သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်
File Size : 700 Mb / 350 Mb
Duration : 1 hr 43 min
Quality : Blurayrip
Translator : Munha
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။