Channel Myanmar

4K HEVCHDR The Secret Life of Pets 2 (2019)
Report error

The Secret Life of Pets 2 (2019)

The Secret Life of Pets 2    

PG 86 min AdventureAnimationComedy

6.5
IMDB: 6.5/10 12125 votes

, , , , , , , , ,

N/A

France, Japan, USA

1919632

Report error

 

442

 

Secret Life Of Pets (2016) ရဲ့ Sequel အနေနဲ့ထွက်ရှိထားတဲ့

ဒုတိယမြောက်ဇာတ်ကားလေးပါ။

ပထမကားထက် Character ပိုစုံလာသလို ဇာတ်လမ်းဇာတ်ကွက်ကလည်း

မြိုင်မြိုင်ဆိုင်ဆိုင်ရှိတဲ့အတွက် ပရိသတ်ကြီးတို့ သဘောကျကြဦးမှာပါ။

ကျွန်တော်တို့ ဇာတ်လိုက်လေး Max ဟာ အခုတော့ Duke နဲ့

အတော်လေး အပေးအယူမျှသွားကြပါပြီ။

ဆိုတော့ အရင်ကလို သခင်နဲ့အတူ

အပူအပင်ကင်းကင်းနေတော့မယ်ဆိုတဲ့အချိန်မှ

Katie ဟာ ရုတ်တရက် အိမ်ထောင်ကျသွားပါတယ်။

 

ဒီလိုနဲ့ Liam ဆိုတဲ့ ကလေးလေး မွေးဖွားလာခဲ့ပါတယ်။

အာရုံနောက်တာ မကြိုက်တဲ့ Max တစ်ယောက် တိုင်ပတ်တာပေါ့ဗျာ။

မြင်မြင်ရာ အလွတ်မပေးတတ်တဲ့ Liam နဲ့ ထိပ်တိုက်မတွေ့အောင်

ရှောင်ရင်းတိမ်းရင်းပဲ အချိန်တွေကုန်လာခဲ့ပါတယ်။

ဒီလိုနဲ့ Liam လေး အရွယ်ရောက်လာတဲ့အခါမှာ Max နဲ့

သံယောဇဉ်တွယ်လာခဲ့သလို Max ဟာလည်း

မျက်စိရှေ့က အပျောက်မခံနိုင်လောက်အောင်ကို အဖြစ်သည်းလာခဲ့ပါတယ်။

Liam ကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်

ကာကွယ်ရင်း ဗျာများနေရတဲ့ Max အဖြစ်ကို မြင်ရမှာဖြစ်သလို

တစ်ဖက်မှာလည်း ယုန်လေး Snowball ဟာ

အရင်ကလို ယုန်ကြမ်းကြီး မဟုတ်တော့ဘဲ

တိအကျိုးကို သယ်ပိုးထမ်းရွက်မဲ့ ဟီးရိုးတစ်ယောက်ဖြစ်လို့နေပါပြီ

 

တိဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်နိုင်ဖို့ ကြံဆနေတုန်း

သူ့ကို အကူအညီလာတောင်းတဲ့ အမှုသည်တစ်ယောက်

ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတာမို့ အရူးဘုံမြောက်

ဝမ်းပမ်းတသာ ကူညီပေးရှာပါတယ်။

ဒီလိုနဲ့ ကယ်တင်ရေးမစ်ရှင် စွန့်စားခန်းထွက်ကြတယ်ပေါ့ဗျာ။

ကာတွန်းကားဆိုပေမဲ့ ယူသင့်ယူထိုက်တဲ့ သင်ခန်းစာလေးတွေကို

ပါးပါးနပ်နပ် ထည့်သွင်းပြသသွားတာမို့ အချိန်ပေးကြည့်ရှုရတာ တန်ပါတယ်ဗျာ။

 

(အညွှန်းနဲ့ ဘာသာပြန်သူကတော့ Thet Hnin Hsu ဖြစ်ပါတယ်)

 

 

 

File size…     3.8 GB /    1.7 GB /    917 MB
Quality… BluRay 4K HDR / 1080p / 720p
Format… mp4
Duration…. 1h 30m
Genre …..  Animation / Adventure
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Thet Hnin Hsu

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies