Exit print mode Print Data A+ A- Undo all

The Searchers (1956)

He had to find her... he had to find her...
The Searchers (1956)The Searchers (1956)

Synopsis:

The Searchers (1956)

~ IMDb – 7.8/10, Rotten Tomatoes – 87% ~

442

ဂျွန်ဖို့ဒ်ဟာ ဟောလိဝုဒ်ရွှေခေတ်က အအောင်မြင်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ပါပဲ။ အဓိကကတော့ သူ့ကို Western ကားတွေနဲ့ လူသိပိုများပါတယ်။ Western ကားတွေရဲ့ Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ဝိန်းနဲ့တွဲဖက်ပြီးတော့လည်း သိကြတယ်။ Western လိုင်းရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာနဲ့ မင်းသားအတွဲပေါ့။ သူ့ဒါရိုက်တာသက်တမ်း အနှစ်၅၀ ၁၉၁၇ကနေ ၁၉၆၅အတွင်းမှာ ရုပ်ရှင်ပေါင်း ၁၄၀ရိုက်ခဲ့ပြီး Best Director ဆု လေးဆုရထားတဲ့ ဒါရိုက်တာပါပဲ။ သူရိုက်ခဲ့တဲ့အသံတိတ်ရုပ်ရှင်တွေကတော့ ပျောက်ရှကုန်ပါပြီ။ ဂျွန်ဝိန်း၊ ဟင်နရီဖွန်ဒါ၊ မော်ရန်အိုဟာရာနဲ့ ဂျိမ်းစတီးဝတ်တို့လို ထိတ်ထိတ်ကြဲတွေနဲ့ပဲ အရိုက်များခဲ့တယ်။ ဖို့ဒ်ရဲ့ထူးခြားချက်ကတော့ သူ့ခေတ်ပြိုင်ဒါရိုက်တာတွေအပါအဝင် ကျွန်တော်တို့ သိသမျှ ထိတ်ထိတ်ကြဲဒါရိုက်တာတွေဟာ ဖို့ဒ်ကို ချီးကျူးကြတာပါပဲ။ Frank Capraဆို “King of Directors” လို့ပြောဖူးတယ်။ Jean-Luc Godard ဆို The Searchers ရဲ့ ဇာတ်သိမ်းခန်းကို Ulysses နဲ့ Telemachus ပြန်ပေါင်းစည်းကြတဲ့အခန်းနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ဖူးတယ်ဆိုတယ်။ Alfred Hitchcock ဆို ဂျွန်ဖို့ဒ် ရုပ်ရှင်တွေရဲ့အပြဟာ အရာရာလှပတယ်လို့ပြောဖူးတယ်။ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးရုပ်ရှင်လို့ သမုတ်ခဲ့ကြဖူးတဲ့ Citizen Kane ရဲ့ ဒါရိုက်တာနဲ့မင်းသား Orson Welles ကို တစ်ခါသား သူအကြိုက်ဆုံး ဒါရိုက်တာသုံးယောက်နာမည်မေးတော့ “ကျွန်တော်က ဆရာ့ဆရာကြီးတွေကို ကြိုက်တာဗျ။ ဥပမာဆို ဂျွန်ဖို့ဒ်ရယ် ဂျွန်ဖို့ဒ်ရယ် ဂျွန်ဖို့ဒ်ရယ်ပေါ့” လို့တောင် ဖြေဖူးတယ်။ Andrei Tarkovsky ကလည်း ဖို့ဒ်က သူ့အကြိုက်ဆုံး ဒါရိုက်တာတွေထဲပါတယ်လို့ ဖြေဖူးတယ်။ သူတို့လိုလူတွေအပြင် ဂျွန်ဖို့ဒ်ကိုကြိုက်တဲ့ထဲ Satyajit Ray တို့၊ Jean Renoir တို့၊ Federico Fellini တို့၊ Francois Truffautတို့၊ Ingmar Bergman တို့၊ Stanley Kubrick တို့၊ Sergio Leone တို့လို ရုပ်ရှင်သမိုင်းရဲ့ထိတ်ထိတ်ကြဲတွေတောင်ပါပါတယ်။ သူတို့ထက် နှောင်းတဲ့ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ စတိုရှိခွန်တို့ စကောဆဲစီတို့လိုလူ‌တွေလည်း မနည်းဘူး။ David Lean ရဲ့ ဂန္ထဝင်ဖြစ်တဲ့ Lawrence of Arabia ကလည်း The Searchers ကို Inspiration ယူခဲ့တယ်လို့ David Lean ကိုယ်တိုင်ပြောဖူးတယ်။ Landscape တွေကို ဘယ်လိုရိုက်ရမလဲဆိုတာကို ဒီကားကို ကြည့်ပြီးလေ့လာခဲ့တာပါတဲ့။

နောက်ထူးခြားတဲ့အချက်ကတော့ ဂျွန်ဖို့ဒ်ဟာ ဒီလောက်ဆရာကျတဲ့ ဒါရိုက်တာဖြစ်ခဲ့ပေမဲ့ စတိုရီဘုတ်လုံးဝမသုံးပါဘူး။ သရုပ်ဖော်ထားတာရော စာနဲ့ရေးထားတာရော မသုံးခဲ့ပါဘူး။ ဒိုင်ယာလော့စာရွက်သက်သက်လောက်ပဲ သုံးခဲ့တယ်။ ဒါက ဝေါင်ကာဝေးလည်း ဒီလိုလုပ်တယ်ကြားဖူးပေမဲ့ ဝေါင်ကာဝေးရဲ့ ကာရိုက်တာတည်ဆောက်ပုံနဲ့ မသုံးတာက ဆန်းတောင် မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပေမဲ့ ဂျွန်ဖို့ဒ် ကာရိုက်တာတည်ဆောက်ပုံနဲ့ စတိုရီဘုတ်လုံးဝမသုံးဘဲ ဒီလိုပုံစံထွက်တာက ဂျွန်ဖို့ဒ်က လူလွန်မသားပါလို့ ပြောနေသလိုပါပဲ။ အခု ဒီ The Searchers ကတော့ ဂျွန်ဝိန်းနဲ့ ဖို့ဒ်တွဲဖက်ထားတဲ့၊ Lawrence of Arabia ကားရဲ့ မြစ်ဖျားခံရာဖြစ်တဲ့၊ ဖို့ဒ်ရဲ့အကောင်းဆုံးတွေထဲက တစ်ကားပါပဲ။ ဖို့ဒ်ဟာ Western ကားတွေကို အခန်းတိုင်းမလွတ်လှနေအောင် ရိုက်ပြနိုင်တဲ့အချက်နဲ့လည်း ကျော်ကြားပါတယ်။ အခုကားကိုလည်း Western ကားတွေရိုက်ရင် သူအကြိုက်ဆုံးလိုကေးရှင်းတွေထဲက တစ်ခုဖြစ်တဲ့ Monument Valley မှာပဲရိုက်ထားတယ်။ နောက် ဒီထဲကဇာတ်ကောင် အီသန်ဟာ ဂျွန်ဝိန်းသရုပ်ဆောင်ဖူးသမျှထဲ အကြိုက်ဆုံးဇာတ်ကောင်ဖြစ်ခဲ့ပြီး သူ့သားနာမည်ကိုပါ ဒီဇာတ်ကောင်နာမည်ပေးထားခဲ့ပါတယ်။အမေရိကန်ဖလင်အင်စတီကျူ့ကလည်း Greatest American Western လို့ သမုတ်ခံခဲ့ရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။

ဇာတ်ကတော့ Texas–Indian စစ်ပွဲကာလမှာ တည်ထားတယ်။ တက္ကဆက်သားတွေနဲ့ အင်ဒီးယန်းတွေ သူသတ်ကိုယ်သတ်လုပ်နေကြတဲ့ ကာလပေါ့။ အဓိကဇာတ်ကောင်ကတော့ အဲဒီကာလက ပြည်တွင်းစစ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ အီသန်။ စစ်ကြီးပြီးတာတောင် စစ်ရှုံးသွားတာတောင် အရှုံးပေးချင်စိတ်မရှိတဲ့ ဘုကလန့်စစ်ပြန်ကြီးတစ်ယောက် ညီနဲ့ညီမ တူတွေတူမတွေရှိတဲ့ အိမ်ကလေးကို ပြန်လာတာကနေ ဇာတ်ကိုစထားတယ်။ သူရောက်ပြီးသိပ်မကြာခင်မှာပဲ အင်ဒီးယန်းတွေက သူတို့မြို့ကို လာတိုက်ခိုက်ပြီး ထွက်ပြေးသွားတယ်။ ဒီလိုနဲ့ သူအပါအဝင်တက္ကဆက်ရိန်းဂျားတွေက အဲဒီလူနီရိုင်းတွေကို သတ်ဖို့လိုက်ကြတယ်။ ဒါပေမဲ့ သူတို့မျှားခေါ်ခံလိုက်ရတာဖြစ်နေပြီး သူ့ညီအိမ်ကို ဖျက်ဆီးပြီး သူ့ညီတစ်မိသားစုလုံး အသတ်ခံခဲ့ရတယ်။ သူ့တူမလေးတွေလည်း အဖမ်းခံခဲ့ရတယ်။ ဒီလိုနဲ့အီသန်ဟာ သူ့တူမလေးတွေကို ပြန်ကယ်ဖို့ရော ကလဲ့စားချေဖို့ရော နေရာအတည်တကျမရှိဘဲ လှည့်ပတ်နေထိုင်နေတဲ့ လူနီရိုင်းတွေနောက်ကို ခြေရာကောက်တဲ့အကြောင်းကို ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ The Searchers ဟာ ဂျွန်ဖို့ဒ် ပီပီသသ အခန်းတိုင်းလှနေတဲ့ Landscape စီနီမာတိုဂရပ်ဖာအလန်းစားတွေနဲ့ကြည့်ရမယ့် အကောင်းဆုံး Western ကားတွေထဲက တစ်ကားပါပဲ။

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 3.6GB, 1.31GB
Quality – BluRay 1080p, 720p
IMDb Rating – 7.8/10
Format – mp4
Duration – 1H 59Min
Genre – Adventure, Drama, Western
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
John Ford
Stars
Antonio Moreno, Beulah Archuletta, Chuck Hayward, Chuck Roberson, Dorothy Jordan, Frank McGrath, Hank Worden, Harry Carey, Henry Brandon, Jack Pennick, Jeffrey Hunter, John Qualen, John Wayne, Jr., Ken Curtis, Lana Wood, Mae Marsh, Natalie Wood, Olive Carey, Patrick Wayne, Peter Mamakos, Pippa Scott, Ruth Clifford, Terry Wilson, Vera Miles, Walter Coy, Ward Bond
Release Date
1956
Rated
Unrated
Runtime
1h 59m
Awards
4 wins & 3 nominations
Country
United States
Budget
USD $3 750 000,00
Popularity
21.248
Status
Released
ID IMDb.com
tt0049730
IMDB Rating
7.8
IMDB votes
97000
ID Themoviedb.org
3114
TMDb Rating
7.71
TMDb votes
1354