Exit print mode Print Data A+ A- Undo all

The Recall (2017)

They've come to claim what's theirs
The Recall (2017)The Recall (2017)

Synopsis:

 

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို

442

ဒါရိုက်တာ Mauro Borrelli ရိုက်ကူးပုံဖော်ထားတဲ့ Sci-Fi

ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Final Recall ဆိုတဲ့

ဇာတ်ကာလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်..

ဒီဇာတ်ကားမှာ မင်းသား Wesley Snipes , RJ Mitte နဲ့

မင်းသမီး Laura Bilgeri ,Hannah Rose May တို့က

ပါဝင်အားဖြည့်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ

ဒါရိုက်တာ Mauro Borrelli ကအကောင်းဆုံးဒါရိုက်တာ

ဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ ချာလီတို့

သူငယ်ချင်းငါးယောက် လူသူကင်းဝေးတဲ့ ရေကန်တစ်ခုဆီကို

ပျော်ပွဲစားထွက်လာပုံနဲ့စတင်ထားပါတယ်

အဲ့နောက်ခရီးထွက်လာရင်း သူငယ်ချင်းငါးယောက် ဂတ်စ်ဆိုင်မှာ

ကားဂတ်စ်ဝင်ဖြည့်နေတုန်း ဘရန်ဒန်ဆိုတဲ့ တစ်ယောက်က

အဲ့ဒေသကမုဆိုးတစ်ယောက်နဲ့ ပြဿနာဖြစ်ပါတယ် အဲ့ဒီနောက်

ဆက်ပြီးခရီးဆက်လာကြရင်း သူတို့ထွက်လာတဲ့ ရေကန်

လေးဆီကိုရောက်လာပါတယ် တိုက်တိုက်ဆိုင်ဆိုင်

အဲ့အချိန်မှာ တစ်ကမ္ဘာလုံးကကောင်းကင်ယံမှာ ထူးဆန်းတဲ့

တိမ်တိုက်တွေဖြစ်ပေါ်လာပါတယ် တချို့ကလည်း

ဒါကတခြားကမ္ဘာကဂြိုလ်သားတွေရောက်ရှိလာခြင်း

ဖြစ်တယ်လို့ သုံးသပ်ကြသလို တချို့ကလည်း ဒါကမုန်တိုင်း

တစ်ခုသာဖြစ်တယ်လို့ အငြင်းပွားနေကြပါတယ် အဲ့ဒီနောက်

သူငယ်ချင်းငါးယောက် စခန်းချရာအိမ်ကိုရောက်ရောက်ချင်း

ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု စဖြစ်ပါတော့တယ် ချာလီ

ဘရန်ဒန်နဲ့ အန်နာတို့ တောထဲကို လျှောက်ပတ်သွားရင်း

မုဆိုးတစ်ဦးနေထိုင်တဲ့ သစ်သားအိမ်လေးထဲကို ရောက်ရှိ

သွားပါတော့တယ် ထူးထူးဆန်းဆန်းအဲ့အိမ်က ချိတ်ဆွဲထားတဲ့

ဓာတ်ပုံတွေမှာ လမ်းမှာ ဘရန်ဒန်နဲ့ ပြဿနာတက်ခဲ့တဲ့သူက

အာကာသယာဉ်မှူးတစ်ဦးဖြစ်နေတာကို တွေ့ရှိလိုက်ရပါတယ်

သူကရောဘာလို့မုဆိုးတစ်ယောက်ယောင်ဆောင်ထားတာလဲ…

အာကာသယာဉ်မှူးအလုပ်ကနေ ဘာလို့နှုတ်ထွက်ခဲ့တာလဲ..

အများကအငြင်းပွားနေကြတဲ့ ထူးဆန်းတဲ့တိမ်တိုက်တွေကရော

တကယ်ပဲမုန်တိုင်းလား ဒါမှမဟုတ် လူတချို့ပြောတဲ့ ဂြိုလ်သား

တွေဖြစ်မလား ချာလီတို့သူငယ်ချင်းတစ်တွေကော ဘယ်လိုမျိုး

ထူးဆန်းမှုတွေကို ကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ

ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး…

ဒီဇာတ်ကားက Action, Horror, Mystery, Sci-Fic & Thriller

ဇာတ်ကားအမျိုးအစားကိုမှကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့

ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး

တစ်ကားဖြစ်ပါတယ်…..

 

File size…1.43GB / 710MB
Quality…Blu-Ray 1080p  / 720p
Format…mp4
Duration….1h 30m
Genre …..Action , Horror , Mystery
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Eh Phaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $5 000 000,00
Revenue
USD $1 319 566,00
Popularity
15.457
Status
Released
ID IMDb.com
tt5669936
IMDB Rating
5.5
IMDB votes
9.3K
ID Themoviedb.org
455551
TMDb Rating
4.556
TMDb votes
328