The Queen’s Corgi (2019)
For dog's sake!
Synopsis:
ဘုရင်မကြီးအဲလိဇဘက်မှာ အချစ်တော်ကော်ဂီခွေးလေးတွေ
အမြောက်အမြားရှိကြတာ သိကြမှာပါနော်
တော်ဝင်ကော်ဂီတွေလို့တောင်ခေါ်ရတဲ့အထိ ဘုရင်မကြီးကသိပ်ချစ်ပြီးတော့
အခမ်းအနားတွေမှာတောင် နန်းခမ်းနန်းနားနဲ့ တက်ခွင့်ရတဲ့ ကလေးလေးတွေပါပဲ
ခုကားမှာတော့အဲဒီအကြောင်းလေးကို ကာတွန်းကားအဖြစ်ပုံဖော်ထားပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ဘုရင်မကြီးဟာ ကော်ဂီလေးတွေ
အများကြီးရှိတဲ့ထဲကမှ ရက်ဇ်ဆိုတဲ့ ကော်ဂီလေးကို အချစ်ဆုံးပါ
ခေါင်းဆောင်ခွေးလေးအနေနဲ့တောင်သတ်မှတ်ထားပေးတဲ့အထိ ချစ်မြတ်နိုးရတာပါ
ဒါပေမယ့်တစ်နေ့မှာတော့ အမေရိကန်သမ္မတ လာလည်တုန်း
ရက်ဇ်လေးဟာ မတော်တဆ ပြဿနာရှာလိုက်မိပါတယ်
ဘုရင်မကြီးလည်း စိတ်မဆိုးစဖူးဆိုးသွားပါတော့တယ်
အဲဒါကိုအခွင့်ကောင်းယူပြီး ရက်ဇ်လေးကို မနာလိုသူ
ချာလီဟာ ရက်ဇ်ကို လက်စဖျောက်ဖို့ ကြံပါတော့တယ်
ရုန်းကန်ရင်း လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ သူ့ဘ၀ရဲ့အချစ်စစ်ကို
ရှာတွေ့သွားချိန်မှာတော့..
ချစ်သူကိုကာကွယ်ပေးဖို့ဆိုတဲ့ တာဝန်ကိုပါ ထမ်းဆောင်ရပါတော့တယ်
ရက်ဇ်လေး အနေနဲ့ ချာလီ့လက်ထဲက လွတ်မြောက်နိုင်ပါ့မလား
သူ့ချစ်သူကိုကာကွယ်နိုင်မှာလား တချိန်မှာရော ပြန်ကလဲ့စားချေနိုင်မှာလား
သူချစ်တဲ့ဘုရင်မကြီးရင်ခွင်ထဲပြန်ရောက်နိုင်ပါ့မလား ဆိုတာကို
ဒီဇာတ်ကားမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်
ကာတွန်းကားဆိုပေမယ့် အချိတ်အဆက်မိမိ
သပ်သပ်ရပ်ရပ်နဲ့မို့ စိတ်ကျေနပ်မှုရစေမှာအမှန်ပါပဲ…
File Size : (860 MB)
Quality : BluRay 720p
Running Time : 1 hr 25 min
Format : Mp4
Genre : Animation , Comedy , Family
Subtitle : Myanmar Subtitle (Hard Sub)
Translated by Neve
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။