The Princess Switch: Switched Again(2020)


Synopsis:
The Princess Switch: Switched Again(2020)
ဒီကားက The Princess Switch (2018) ရဲ့အဆက်ပါ…လူကြိုက်များပြီး ပေါက်လို့ 2020မှာ
Switched Againဆိုပြီး ဆက်ရိုက်ကူးထားတာပါ…2018ကို ကြည့်ပြီးသားသူက ပြဿနာမရှိပေမဲ့
မကြည့်ရသေးဘဲနဲ့တော့ ဒီကားကိုသွားကြည့်ရင် ခေါင်းမူးသွားမှာမို့ ၂၀၁၈ ကိုအရင်ကြည့်လိုက်ပါ…
ဘုရင်စနစ်အုပ်ချုပ်တဲ့ ဘယ်ဂရေးဗီးယားနိုင်ငံ နဲ့ မွန်တဲနားရိုး နိုင်ငံ(၂)ခုရှိတယ်…
မာဂရက်ဆိုတဲ့ကောင်မလေးက မွန်တဲနားရိုး နိုင်ငံရဲ့မင်းသမီးလေးပေါ့…
၂၀၁၈ က ကားထဲမှာ ရုပ်ချင်းလုံးဝတူတဲ့သာမန်အရပ်သူလေးစတေးစီ နဲ့ မွန်တဲနားရိုးနိုင်ငံက မင်းသမီး မာဂရက်တို့ဟာ
လူချင်းခဏချိန်းရင်း နောက်ဆက်တွဲအနေနဲ့ သာမန်အရပ်သူလေး စတေးစီဟာ Belgravia နိုင်ငံက မင်းသားနဲ့အိမ်ထောင်ကျသွားရင်
တော်ဝင်မိသားစုဖြစ်သွားတယ်….မင်းသမီးမာဂရက်ကတော့ အရပ်သားနဲ့ချစ်ကြိုက်ရင်း သာမန်ဘဝနဲ့နေထိုင်ဖို့ကြိုးစားပေမဲ့
သူ့မရဲ့ Montenaro နိုင်ငံက ဘုရင်မ အရာကိုဆက်ခံဖို့အကြောင်းဖန်လာတဲ့အခါ သာမန်အရပ်သားချစ်သူနဲ့ပြတ်သွားတယ်..
ဒါကို သိလို့မနေနိုင်တဲ့ စတေးစီက ကူညီဖို့ ကြိုးစားရင်း ၂၀၂၀ဇာတ်လမ်းကိုစထားပါတယ်…
၂၀၁၈ ကားကိုမကြည့်ရသေးတဲ့သူတွေအဖို့ အညွှန်းဟာ အနည်းငယ်ရှုတ်ထွေးနိုင်လို့ ဇာတ်ကားကြည့်လိုက်ရင်တော့
သဘောပေါက်သွားပါလိမ့်မယ်..ဒီကားက ဇာတ်လမ်းလေးလည်းကောင်းသလို စိတ်လှုပ်ရှားစရာ Twistလေးတွေလည်းပါလို့
ကြည့်ရအတော်ကောင်းပါတယ်…ဆောင်းရာသီရဲ့လှပတဲ့ရှုခင်းတွေခံစားရင် ပျော်ရွှင်ဖွယ်ဒီဇာတ်လမ်းကိုကြည့်ရှုရင်း
Stay Home တဲ့ ကာလကို အထိုက်အလျှောက်လှပစွာကျော်ဖြတ်နိုင်စေလိမ့်မယ်လို့ မျှော်လင့်ရင်း….
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Waiပဲဖြစ်ပါတယ်….
File Size :(909 MB) and (419MB)
Quality : WEB-DL 720p
Format…mp4
Duration…01:36:00
Genre : Comedy, Drama, Family
Subtitle : Myanmar Subtitle (Hard Sub)
Translated by Khine Khine Wai
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။