Channel Myanmar

The Price of Nonna’s Inheritance (2024)

Comedy

5.2
IMDB: 5.2/10 votes

15147

Report error

442

 

ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။

တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကို တင်ပြထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

အမေနေရာမှာ သရုပ်ဆောင်တဲ့ Jamie Lee Curtis ကလည်း ဆယ်ကျော်သက်ပုံစံကို အမိအရ သရုပ်ဆောင်နိုင်တာကို တွေ့ရမှာဖြစ်ပြီး သမီးနေရာမှာ သရုပ်ဆောင်တဲ့ Lindsay Lohan ကလည်း စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ ဆယ်ကျော်သက်ဘဝကို ရင့်ကျက်တဲ့ အမူအရာနဲ့ အမေတစ်ယောက်လိုပုံဖော်ရင်း သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဇာတ်အိမ်လေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် အချိန်ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်လို့ Heart Warming ဖြစ်တဲ့ ဒီဇာတ်ကားလေးကို ကိုယ့်မိဘ မဟုတ်လည်း ချစ်ခင်ရသူတွေနဲ့အတူတူ အချိန်ပေးကြည့်ဖြစ်ရင် ပိုကောင်းမယ်လို့ အကြံပေးရင်းနဲ့ပဲ

ကဲ ရှုစားလိုက်ကြပါဦးဗျာ။

 

File size…(1.5 GB)/(800 Mb)
Quality….WEB-DL 1080p / 720p
Format…mp4
Duration….01:30:00
Genre… Comedy
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Thaw Ko Ko Zin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Price of Nonna’s Inheritance (2024)
The Price of Nonna’s Inheritance (2024)
The Price of Nonna’s Inheritance (2024)


No downloads available

Genres



Related movies