

(ဖြစ်ရပ်မှန်ကို အခြေခံထားသည်) အယ်လီနာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မမွေးခင်ကတည်းက ဖက်ဒရယ်အေးဂျင့်တွေရဲ့ သက်သေခံစောင့်ရှောက်မှု ရထားတာကိုမသိဘဲ နေထိုင်လာခဲ့ပါတယ်။ တစ်နေ့မှာ သူမရဲ့မိခင် သေဆုံးသွားတဲ့အချိန်မှာတော့ ဒီအကြောင်းတွေကို သိလိုက်ရပြီး သူမရဲ့မျိုးရိုးနာမည်အပြင် သိထားသမျှကိစ္စတွေအားလုံးကို မယုံကြည်နိုင်ဖြစ်လာတော့တာပါပဲ။ ဒီအခါမှာ အယ်လီနာဟာ အစိုးရရဲ့မျက်မြင်သက်သေစောင့်ရှောက်မှုကို စွန့်လွှတ်ပြီး မိခင်ဖြစ်သူရဲ့ မွေးရပ်မြေကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ မိခင်ဖြစ်သူအသတ်ခံရတဲ့ အကြောင်းအရင်းရဲ့အဖြေကိုရှာဖို့ မွေးရပ်မြေကိုပြန်သွားတဲ့ အယ်လီနာ..။ သူမကိုစောင့်ရှောက်ပေးဖို့ မိခင်ဖြစ်သူ ထရီဇာကို ကတိပေးခဲ့တဲ့ အေးဂျင့်ကာတာ။ သူတို့နှစ်ယောက် အဖြေရှာ ဖော်ထုတ်သွားမယ့် တရားခံအကြောင်းကို သို့လော သို့လော စဥ်းစားရင်းကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ထူးထူးခြားခြား ပါးစပ်အဟောင်းသားဖြစ်သွားမယ့် ရုပ်ရှင်ကားမျိုးမဟုတ်ပေမဲ့လည်း ကွက်ကျော်တွေးပြီး စဥ်းစားရင်းကြည့်ရတဲ့ဇာတ်ကားမျိုး တစ်ကားပဲ။ ဒါကိုမှ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်ဆိုတော့ မျက်ခုံးပင့်မိလောက်မယ့် တင်ဆက်မှုမျိုးပေါ့..။ တစ်ကားလုံးမှာ သုံးပြထားတဲ့အရောင်တွေ ၊ အလင်းအမှောင်တွေ ကွက်တိကျတယ်။ အပိုမရှိ ၊ အလိုမရှိ ၊ အစပ်အဟပ်မိတယ်။ အသွေးအသားထဲမှာ စုံထောက်ညဉ်တွေ စီးဆင်းနေရင် ဒီကားကို ကြည့်။ ဖြစ်ရပ်မှန်ကိုအခြေခံထားတာဆိုတော့ သူများရဲ့ဘဝအကြောင်းကို ‘ဘယ်က ဘယ်လို စဖြစ်ကြတာလဲ’ လို့ ပေါက်ပေါက်ဆုပ်စားပြီး စပ်စုချင်ရင်လည်း ဒီကားကိုကြည့်။ ဒီဇာတ်ကားကိုကြည့်ခြင်းအားဖြင့် ၅၂၈ မေတ္တာအကြောင်းကို အနည်းငယ်တော့ ပြန်ဆင်ခြင်မိမှာပါ။ ပြီးတော့ လူသတ်သမား ဘယ်သူလဲဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေရင်းနဲ့ Romy Weltman တို့ Samantha Brown တို့လို အလှတရားလေးတွေကိုလည်း ရှုစားရဦးမယ်ဗျာ။ သိပ်မကြာသေးခင်ကမှ ထွက်တဲ့ကားဆိုတော့ ဘယ်သူမှ ဝေဖန်လေကန်ရေးမလုပ်ခင် မြန်မြန်လေးတော့ကြည့်ထားကြပါ။ လူသတ်သမား ဘယ်သူလဲဆိုတာကိုလည်း ကြိုတင်ခန့်မှန်းပြီး အဖြေတိုက်ကြည့်ကြပေါ့။
File size… (775MB) / (974MB)
Quality…. 720p / 480p
Format…mp4
Duration….01:14:00
Genre…Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Shin Man Htet Myat
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။












![[18+]Homejack (2016)](https://www.channelmyanmar.to/wp-content/uploads/2022/05/MV5BYjI0NzAxMTctNGI3Yi00OWZlLWJjNTEtOGE5M2M4NzNlOThlXkEyXkFqcGdeQXVyMTM1NTM4MzQx._V1_FMjpg_UX1000_-141x200.jpg)





















