Exit print mode Print Data A+ A- Undo all

The Piper (2015)

The Piper (2015)The Piper (2015)

Synopsis:

The Piper (2015) ________IMDB – 6.3/10

442

IMDb  Rating 6.3 ရထားတဲ့ ကိုးရီးယား  Horror/Mystery ဇာတ်ကားလေးပါ၊ နာမည်လေး မြင်လိုက်တာနဲ့ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ “ထူးဆန်းသော ပုလွေဆရာ” ဆိုတဲ့ ဒဏ္ဍရီဇာတ်လမ်းကိုပြေးမြင်မိပါမှာ။ ဒီကားကလည်း ဒီပုံပြင်ကို အခြေခံရိုက်ထားပြီး လူ့စရိုက်လူ့သဘာဝတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသွားတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းမျိုးလေးပါ၊

ဇာတ်လမ်းလေးကတော့ ကိုရီးယားတောင်နဲ့မြောက်စစ်ပွဲပြီးခါစအချိန်လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ စစ်ပွဲအတွင်းမှာ ဇနီးဆုံးသွားတဲ့အတွက် “ကင်ဝူကျုံး” ဟာ ကလေးကိုတစ်ယောက်တည်း ပြုစုခဲ့ရတဲ့ ခြေတစ်ဖက်မသန်တဲ့ ပုလွေဆရာတစ်ဦးပါ။ သူ့သားလေးမှာ TB ရောဂါဖြစ်နေတဲ့အတွက်ဆေးကုဖို့ ဆိုးလ်ကို သားအဖနှစ်ယောက် ခြေလျင်ခရီးဆက်လာခဲ့တယ်။ စာမတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်  နိုင်ငံခြားသားတစ်ယောက်က အမြင်ကပ်ကပ်နဲ့ “Kiss your ass Monkey” လို့ရေးပေးလိုက်တာကိုဆိုးလ်မှာဆေးကုလို့ရမယ့်နေရာလိပ်စာထင်ပြီး ဒါလေးကိုကိုင်ပြီး ဆိုးလ်ကိုတက်လာခဲ့တယ်။ လမ်းခုလတ်မှာ လေကြောင့် ရွာတစ်ရွာကချက်နေတဲ့ဟင်းနံ့လေးရပြီး လူသူမသိတဲ့တောနက်လေးထဲကရွာကို ရောက်သွားခဲ့တယ်။ ရွာက လူတွေက သံသယမျက်လုံးတွေနဲ့ မယုံသင်္ကာ ကျီးလန့်စာစားနေရတဲ့ပုံ အပြင်လူသူစိမ်းလာတာကို မကြိုက်တဲ့ပုံတွေတွေ့ရပါတယ်။ သူတို့ရဲ့အခက်အခဲလေးကတော့ ရွာမှာကြွက်တွေက အရမ်းသောင်းကျန်းနေပါတယ်။ ကြွက်တွေဟာ ကြောင်တွေကို အရှင်လတ်လတ်စားပစ်တဲ့အထိ သောင်းကျန်းနေတဲ့ကြွက်လေးပါ၊ ဒီပြဿနာကို

ပုလွေသမား ဘယ်လိုနည်းလမ်းတွေသုံးပြီး ဖြေရှင်းပေးသွားလဲ
ရွာမှာကြွက်တွေက ဘာကြောင့် သောင်းကျန်းနေရတာလဲ
ရွာက လူတွေက ဘာကြောင့်ကျီးလန့်စာစား မယုံသင်္ကာတွေနဲ့ ဖြစ်နေရတာလဲ
ပုလွေသမားနဲ့သားကလေးရော ပြဿနာဖြေရှင်းပြီး ဘယ်လိုဆက်ဖြစ်သွားလဲ ဆိုတာကို ဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြည့်လိုက်ပါ။`

(ဒီဇာတ်လမ်းလေးက ပုံပြင်ဇာတ်လမ်းကို အခြေခံထားပေမယ့် လူစရိုက်သဘာဝတွေကို အများကြီးပုံဖော်ပြသွားပါတယ်။ ဖခင်တစ်ယောက်ရဲ့ သားအပေါ်ထားတဲ့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာ ကိုပေါ်လွင်အောင်ရိုက်ပြနိုင်သလို English စာမတတ်ရင် အရူးလုပ်ခံရနိုင်တဲ့အကြောင်းကို ဒါရိုက်တာက Englishစာ အားနည်းတဲ့ ကိုးရီးယားလူထုကို ပါးပါးလေးချပြသွားခဲ့တယ်။ ပြီးတော့ ကိုယ်တိုင်က မကောင်းမှု ကျူးလွန်ထားတဲ့သူက သူတစ်ပါးကိုလည်း မယုံသင်္ကာ ဖြစ်တတ်ပြီးတော့ မယုံကြည်နိုင်၊ ကိုယ့်အပေါ်ဘယ်လောက်ကောင်းခဲ့ကောင်းခဲ့ ကိုယ်ဒုက္ခရောက်နိုင်တယ်ဆို တဒင်္ဂလေးအတွင်းမှာ ကိုယ်လွတ် ရုန်းတတ်တာတွေ။ပြီးတော့ ခေါင်းဆောင်အရွေးမှားရင် နောက်ဆုံးမှာ ဒုက္ခကောင်းကောင်း ရောက်တတ်ပုံတွေကို ပေါ်လွင်အောင် ရိုက်ပြသွားနိုင်တယ်။)

(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်ကတော့ Little Twinlay ပါ)

IMDb  Rating 6.3 ရထားတဲ့ ကိုးရီးယား  Horror/Mystery ဇာတ္ကားေလးပါ၊ နာမည္ေလး ျမင္လိုက္တာနဲ႔ ငယ္ငယ္ကသင္ခဲ့ဖူးတဲ့ “ထူးဆန္းေသာ ပုေလြဆရာ” ဆိုတဲ့ ဒ႑ရီဇာတ္လမ္းကိုေျပးျမင္မိပါမွာ။ ဒီကားကလည္း ဒီပံုျပင္ကို အေျခခံရိုက္ထားျပီး လူ႔စရိုက္လူ႔သဘာ၀ေတြကို ေပၚလြင္ေအာင္ ရုိက္ကူးျပသြားတဲ့ လွ်ိဳ႔၀ွက္ဆန္းၾကယ္ ဇာတ္လမ္းမ်ိဳးေလးပါ၊

ဇာတ္လမ္းေလးကေတာ့ ကိုရီးယားေတာင္နဲ႔ေျမာက္စစ္ပြဲျပီးခါစအခ်ိန္ေလးမွာ ဇာတ္အိမ္တည္ထားပါတယ္။ စစ္ပြဲအတြင္းမွာ ဇနီးဆံုးသြားတဲ့အတြက္ “ကင္၀ူက်ံဳး” ဟာ ကေလးကိုတစ္ေယာက္တည္း ျပဳစုခဲ့ရတဲ့ ေျခတစ္ဖက္မသန္တ့ဲ ပုေလြဆရာတစ္ဦးပါ။ သူ႔သားေလးမွာ TB ေရာဂါျဖစ္ေနတဲ့အတြက္ေဆးကုဖုိ႔ ဆုိးလ္ကို သားအဖနွစ္ေယာက္ ေျခလ်င္ခရီးဆက္လာခဲ့တယ္။ စာမတတ္တဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္  နုိင္ငံျခားသားတစ္ေယာက္က အျမင္ကပ္ကပ္နဲ႔ “Kiss your ass Monkey” လို႔ေရးေပးလိုက္တာကိုဆိုးလ္မွာေဆးကုလို႔ရမယ့္ေနရာလိပ္စာထင္ျပီး ဒါေလးကိုကိုင္ျပီး ဆိုးလ္ကိုတက္လာခဲ့တယ္။ လမ္းခုလတ္မွာ ေလေၾကာင့္ ရြာတစ္ရြာကခ်က္ေနတဲ့ဟင္းနံ႔ေလးရျပီး လူသူမသိတဲ့ေတာနက္ေလးထဲကရြာကို ေရာက္သြားခဲ့တယ္။ ရြာက လူေတြက သံသယမ်က္လံုးေတြနဲ႔ မယံုသကၤာ က်ီးလန္႔စာစားေနရတဲ့ပံု အျပင္လူသူစိမ္းလာတာကို မၾကိဳက္တဲ့ပံုေတြေတြ႔ရပါတယ္။ သူတုိ႔ရဲ့အခက္အခဲေလးကေတာ့ ရြာမွာၾကြက္ေတြက အရမ္းေသာင္းက်န္းေနပါတယ္။ ၾကြက္ေတြဟာ ေၾကာင္ေတြကို အရွင္္လတ္လတ္စားပစ္တဲ့အထိ ေသာင္းက်န္းေနတဲ့ၾကြက္ေလးပါ၊ ဒီျပႆနာကို

ပုေလြသမား ဘယ္လိုနည္းလမ္းေတြသံုးျပီး ေျဖရွင္းေပးသြားလဲ
ရြာမွာၾကြက္ေတြက ဘာေၾကာင့္ ေသာင္းက်န္းေနရတာလဲ
ရြာက လူေတြက ဘာေၾကာင့္က်ီးလန္႔စာစား မယံုသကၤာေတြနဲ႔ ျဖစ္ေနရတာလဲ
ပုေလြသမားနဲ႔သားကေလးေရာ ျပႆနာေျဖရွင္းျပီး ဘယ္လိုဆက္ျဖစ္သြားလဲ ဆိုတာကို ဇာတ္လမ္းထဲမွာၾကည့္ရွဳခံစားၾကည့္လိုက္ပါ။`

(ဒီဇာတ္လမ္းေလးက ပံုျပင္ဇာတ္လမ္းကို အေျခခံထားေပမယ့္ လူစရိုက္သဘာ၀ေတြကို အမ်ားၾကီးပံုေဖာ္ျပသြားပါတယ္။ ဖခင္တစ္ေယာက္ရဲ့ သားအေပၚထားတဲ့ ၾကီးမားတဲ့ခ်စ္ျခင္းေမတၱာ ကုိေပၚလြင္ေအာင္ရိုက္ျပနုိင္သလို English စာမတတ္ရင္ အရူးလုပ္ခံရနုိင္တဲ့အေၾကာင္းကို ဒါရိုက္တာက Englishစာ အားနည္းတဲ့ ကုိးရီးယားလူထုကို ပါးပါးေလးခ်ျပသြားခဲ့တယ္။ ျပီးေတာ့ ကိုယ္တိုင္က မေကာင္းမွဳ က်ဴးလြန္ထားတဲ့သူက သူတစ္ပါးကိုလည္း မယံုသကၤာ ျဖစ္တတ္ျပီးေတာ့ မယံုၾကည္နိုင္၊ ကိုယ့္အေပၚဘယ္ေလာက္ေကာင္းခဲ့ေကာင္းခဲ့ ကိုယ္ဒုကၡေရာက္နုိ္င္တယ္ဆို တဒဂၤေလးအတြင္းမွာ ကိုယ္လြတ္ ရုန္းတတ္တာေတြ။ျပီးေတာ့ ေခါင္းေဆာင္အေရြးမွားရင္ ေနာက္ဆံုးမွာ ဒုကၡေကာင္းေကာင္း ေရာက္တတ္ပံုေတြကို ေပၚလြင္ေအာင္ ရိုက္ျပသြားနုိင္တယ္။)

(ဇာတ္လမ္းအညႊန္းနဲ.ဘာသာျပန္ကေတာ့ Little Twinlay ပါ)

File Size : (755 MB)
Quality : HDRip720p
Running Time : 1hr 59minutes
Format : Mp4
Genre : Horror, Mystery, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated By Little Twinlay
Encode By Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Sonnim
Director
Kim Kwang-tae
Stars
Chun Woo-hee, Goo Seung-hyun, Jeong Kyung-ho, Kim Jung-young, Lee Joon, Lee Min-ji, Lee Sung-min, Park Yoon-seok, Ryu Seung-ryong, Yoon Dae-yeol
Release Date
9 July 2015 (South Korea)
Rated
PG-13
Runtime
1h 59min
Awards
1 nomination
Country
South Korea
Popularity
3.545
Status
Released
ID IMDb.com
tt4718500
IMDB Rating
6.3
IMDB votes
1,161
ID Themoviedb.org
345888
TMDb Rating
6.7
TMDb votes
23