The Nile Hilton Incident (2017)


Synopsis:
Channel Myanmar ပရိသတ်ကြီးအတွက် အီဂျစ်စုံထောက်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်
အီဂျစ်နိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေ လူတန်းစားခွဲခြားရေးအခြေအနေတွေ အာဏာပိုင်တွေရဲ့ခြစားမှုအခြေအနေတွေကိုသိသာမြင်သာအာင်ရိုက်ပြထားတဲ့ကားလေးတစ်ကားပါ
ဇာတ်လမ်းအကျဉ်းဟာဆိုရင်ဖြင့် တစ်ညနိုင်းဟီလ်တန်ဆိုတဲ့ကြယ်ငါးပွင့်ဟော်တယ်တစ်ခုမှာ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်
Grand ဟော်တယ်ဆိုတော့လည်းထုံးစံအတိုင်းလူချမ်းသာတွေရဲ့ကျက်စားရာနေရာတစ်ခုပေါ့ဗျာ
ဖြစ်ပုံကတော့ အဆိုတော်မလေးတစ်ဗွေနဲ့သူရဲ့ဘောစိတို့ အခန်းထဲမှာစကားများနေတာကို သန့်ရှင်းရေးဝန်ထမ်းမလေးဆူဒန်အမျိုးသမီးလေးတစ်ယောက်ကမတော်တဆကြားခဲ့ပါတယ်
ဘဲကြီးထွက်သွားပြီးမကြာဘူးအခန်းထဲကဝရုန်းသုန်းကားအသံတွေကြားရပြီး အဆိုတော်စကီလေးသေဆုံးခဲ့ပါတယ်
အဆိုတော်မလေးလာလီနာနဲ့ဘောစိဘဲကြီးဟာတမ်ရှာဖစ်တို့ကတိတ်တိတ်ပုန်းဇာတ်လမ်းရှိတဲ့သူတွေပါဒီဘဲကြီးကခေသူတော့မဟုတ်ပါဘူးပါလီမန်အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်
လူချမ်းသာတွေရဲ့ကြိုးကိုင်ခြင်းကိုခံနေရတဲ့ လူတွေကြောင့်အမှုဟာကြန့်ကြာပြီးရှုပ်ထွေးလာပါတယ်
ဒီလိုတိုင်ပတ်နေတဲ့လူသတ်မှုကို လာဘ်စားမှုတွေ , နိုင်ငံရေးမတည်ငြိမ်မှုတွေ , လူမျိုးရေးခွဲခြားမှုတွေ ,အာဏာပိုင်တွေရဲ့ဂယက်ရိုက်မှုတွေကြားထဲကနေ စုံထောက်နိုဒင်းတစ်ယောက် မျက်မြင်သက်သေဖြစ်တဲ့ဆူဒန်လူမည်းမလေးဆာဝါကနေတစ်ဆင့် ဖော်ထုတ်နိုင်ပါ့မလားဆိုတာကတော့……
File Size : (850 MB) and (380 MB)
Quality : Blu-Ray 720p
Running Time : 1hr 46min
Format : Mp4
Genre :Crime, Drama, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p BluRay x264-USURY
Translated by Pyae Xeinn Sett
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။